၁၄ ဒီဇင်ဘာ ၂၀၁၆ - ၂၀:၀၁
ဉာဏ်ရည်မသန်စွမ်းကလေးများ ဆရာလိုအပ်ချက် မြင့်မားနေ

မြန်မာနိုင်ငံတွင် ဉာဏ်ရည် မသန်စွမ်းသူ ကလေးများအား လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် ဆရာ၊ ဆရာမများ လိုအပ်ချက် မြင့်မားနေကြောင်း မြန်မာနိုင်ငံ အထူးပညာရေးအသင်း ဥက္ကဋ္ဌ ဦးအယ်လ်ဇော်ဒိမ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံတွင် ဉာဏ်ရည် မသန်စွမ်းသူ ကလေးများအား လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် ဆရာ၊ ဆရာမများ လိုအပ်ချက် မြင့်မားနေကြောင်း မြန်မာနိုင်ငံ အထူးပညာရေးအသင်း ဥက္ကဋ္ဌ ဦးအယ်လ်ဇော်ဒိမ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တစ်နိုင်ငံလုံးရှိ ဉာဏ်ရည်မ သန်စွမ်းကလေးငယ်များအား မြန်မာနိုင်ငံ အထူးပညာရေးအသင်းမှ ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများ အင်အားဖြင့် သင်ကြားပြသပေးရန် အခက်အခဲရှိနေကြောင်း ဦးအယ်လ်ဇော်ဒိမ်က ပြောသည်။


‘‘၂၀၁၄ သန်းခေါင်စာရင်းအ ရ နိုင်ငံတစ်ဝန်းမှာ ဉာဏ်ရည်မ သန်စွမ်းတဲ့ ကလေးငယ် ၁၀ သိန်း ကျော်လောက်ရှိမယ်။ ကျွန်တော် တို့ အသင်းအနေနဲ့ ကလေးတွေကို သင်ပြပေးနေတဲ့ ဆရာ ၁၁၈ ဦးရှိ တယ်။ ဒီလောက်များတဲ့ ကလေး တွေကို လက်ရှိ ဆရာ၊ ဆရာမအင် အားနဲ့ ဘယ်လိုမှ အပြည့်အ၀ လေ့ကျင့်သင်ကြားပေးလို့ရမှာ မ ဟုတ်ဘူး’’ဟု ဦးအယ်လ်ဇော်ဒိမ် က ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) အရ မသန်စွမ်းကလေးများအပါ အ၀င် ကလေးအားလုံး၏ မွေးရာ ပါ ပညာသင်ယူပိုင်ခွင့်ရရှိလာရေး နိုင်ငံတော်အစိုးရနှင့် နိုင်ငံသား တိုင်း ပူးပေါင်းပါဝင်ဆောင်ရွက် ရန် တာဝန်ရှိသည်ဟု ယုံကြည် ကြောင်း ဦးအယ်လ်ဇော်ဒိမ်က ပြောသည်။

မသန်စွမ်းသူများ၏ လူနေမှု ဘ၀အခြေအနေသည် လူ့အဖွဲ့အ စည်းတစ်ခုလုံးအတွက် အညွှန်း ကိန်းဖြစ်ကြောင်း၊ မသန်စွမ်းသည့် ပုဂ္ဂိုလ်များ၏ ဘ၀များသည် တန် ဖိုးရှိသည်ကို ကာယကံရှင်များအ ပြင် လူ့အသိုင်းအ၀ိုင်းနှင့် ကာယ ကံရှင်အသိုင်းအ၀ိုင်းက လက်ခံ လာနိုင်စေရန် မိမိတို့အားလုံးက ၀ိုင်းဝန်းကြိုးစားကူညီဆောင်ရွက် ရန် လိုအပ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပသော ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

===================    
251 / End