၈ ဇန်နဝါရီ ၂၀၁၇ - ၁၈:၅၄
  ဘာကြောင့်လဲ… သက္က်လီးဒ်?

ဘာကြောင့်လဲ… သက္က်လီးဒ်? ဆိုသည့် အချက်လေး ကို ရှင်း အောင် နားလည် နိုင်လည် နိုင်ရန် အောက်ပါ အတိုင်း အလီနှင့် ဟစန် ၏ စကားပြောခန်းလေးဖြင့် လေ့လာ နိုင်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလီ ။ ။ စလာမ် .... ကျေးဇူးပြုပြီး … ခွမ်းစ်ပိုက်ဆံ ၁၀ သိန်းယူလိုက်ပါ…. ဗျား..

ဟစန် ။ ။ ဝအလိုင်ကွမ်းစလာမ် ကောင်းပြီးလေ… စဲဟ်မေအေမာမ်(အ.စ) တစ်ခုတည်းလား(သို့)စဲဟ်မေဆဒါသ်ကော်ဘဲလား…နောက်ဘယ်မရ်ဂျာယေသက်္ကလီးဒ် ရဲ့သက္က်လီးဒ်ယူထားတာလဲ…?

အလီ ။ ။ ဒီမှာကြည့်ပါ…ဆရာ ကျွန်ုပ်ကတော့ သက္က်လီးဒ် ကိုလက်မခံဘူးနော် ... ဒါပေမဲ့ ခွမ်းစ်ပိုက်ဆံ ကတော့ နှစ်ခုစလုံးပါ...ဘဲ

ဟစန် ။ ။ ခင်ဗျားကဘာကြောင့် သက္က်လီးဒ် ကိုလက်မခံ ရတာလဲဗျား...?

အလီ ။ ။ အိုဗျား… ကျမ်းတော်မြတ်ကုရ်အာန် ကိုမြတ်အလ္လာဟ် ချပေးထားပြီးပြီဘဲ … ဟဒီးစ်တော် တွေ လည်း ကျမ်းဂန်တွေမှာ ရှိနေတာဘဲလေ… ဒါကြောင့်… ကျွန်ုပ်တို့ အတွက် သက္က်လီးဒ် မှမလိုတော့ တာ..

သက္က်လီးဒ် ဆိုတာကတော့ မောင်လာနာ တွေကကျွန်ုပ်တို့ အပေါ်အာဏာပြခြင်းတာ အုပ်ချုပ်ခြင်း တာနဲ့ အကြောင်းပြချက်အဖြစ်လုပ်ထားတာပါ... သက္က်လီးဒ်ဆိုတာ ဒီမောင်လာနာဆပ်တွေရဲ့ အေဂ်ျသေဟာဒ်ပါဘဲ… ဤအတွက်ကြောင့်လည်း … အေဂ်ျသေဟာဒ် ကိုကျွန်ုပ်ဆန်ကျင့် တာပေါ့…ဗျား …

ဟစန် ။ ။ အံ့ပါဗျား…ခင်ဗျားလိုစာတတ်ပေတတ် တစ်ယောက် ဖြစ်ပြီး အသိဥာဏ် ကိုအသုံး မပြုဘူးဗျား …

ဒါကြောင့်ခင်ဗျားအစ္စလာမ်ရန်သူများခင်းထားတဲ့ ထောက်ချောက်မှ မိပြီးတော့ ကိုယ့်တမလွန်ကိုယ် မပျက်စီးပါနဲ့ဗျား … မြတ်အလ္လာဟ်ခင်ဗျား အပေါ် သနားကြင်နာ ပါစေဗျား… ကျွန်ုပ်ပြောတာကို ခင်ဗျားနားထောင်မယ် ဆိုရင်… ပြောပြပါမယ် …

အလီ ။ ။ တိုတိုနဲ့ အကျဉ်းပြောဗျား ..ကျွန်ုပ်ကမောင်လာနာတွေနဲ့ပတ်သက်တဲ့စကားဆို စိတ်ပျက်လွန်လို့ …

ဟစန် ။ ။ အေဗျား. …နားထောင် …ကြည့်ပေါ့ … အီရန်နိုင်ငံအစ္စလာမ် မစ်တော် လှန်ရေး အောင်မြင်ပြီးနောက် အစ္စလာမ်ရန်သူများအနေဖြင့် ဒီအောင်ပွဲဟာ သက်္ကလီးဒ် ကြောင့်ဆိုတာ …ရိပ်မိခဲ့ကြတယ်လေ…              

သက်္ကလီးဒ်နဲ့ရှီအာ တွေကိုဝေး အောင်လုပ်ဖို့ကြိုး စားတော့တာပေါ့…အီရန်နိုင်ငံ အစ္စလာမ်မစ် တော် လှန်ရေးမတိုင်မှီကကော်ပြီးနောက်ကော် အေဂ်ျသေဟာဒ် ကိုအသုံးပြုပြီး ပြဿနာအသစ်အဆန်း တွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်…

ဒီအချက်ဟာ အစ္စလာမ်ရန်သူတွေကို အရှုးဖြစ်စေတဲ့အချက်ပါဘဲ…               ဒါကြောင့် လည်း သူတို့တွေက အေဂ်ျသေဟာဒ် နှင့်သက်္ကလီးဒ်နဲ့ ပတ်သက်တဲ့ ဆန်ကျင့်ရေး ကိစ္စမှအစွမ်းကုန် (ငွေအင်အား၊ကာယအား၊ ဥာဏ်အားတွေ) သုံးတော့ တာပေါ့…ရလာဒ်ကတော့ဗျား…

ရိုးသား ဖြူစင်တဲ့မိုမင်တွေ၊ဘာသာရေးအသိပညာနည်းတဲ့ မိုမင်တွေပါ အေဂ်ျ သေဟာဒ်နဲ့ သက်္ကလီးဒ် ကို ဆန်ကျင့်အထင်လွဲလာ ပါလေရော…

အော် အစ္စလာမ်သာသနာ့ ကမျက်ကန်းသက်္ကလီးဒ်ကို လက်မခံဘူးဆိုတာလည်း မမေ့ဖို့လို့တော့လိုတယ်နော်… မွတ်စလင်ဖြစ်တဲ့ လူတိုင်းမှာတာဝန်ရှိတယ်လေ… မြတ်အလ္လာဟ် ၏အမိန့်တွေကိုနားလည်သဘောပေါက်အောင် ကြိုးစားရမယ်လေ…ဒါမလုပ်နိုင်ရန် တော့ ဗျား အဟ်သေယာသ် ဆိုတာကို ကျင့်သုံးရမယ်လေ…

အဟ်သေယာသအပေါ်ကျင့်ဖို့ဆိုတာအလွန်ခက်ခဲတဲ့အလုပ်ပါ…နောက်မဖြစ်နိုင်ဖို့နီးပါးပါဘဲဗျား…ဒါဆို အေလ်မ် အများကြီးရှိတဲ့သူဆီက အဟ်ကမ်မေရှရီအသ်ကို သိအောင်လုပ်ကာ လက်တွေ့ ကျင့်ဖို့ဆို သည့် တစ် လမ်းသာကျန်တော့   တာ ပေါ့ဗျား...

လေကီပညာအရပြောရမယ်ဆိုရင်တော့ဗျား …                       လူတိုင်းရောဂါဘေးကနေဝေးဖို့ နည်းလမ်းတွေကိုသိထားဖို့လိုတာပေါ့.. မသိထား ရင်တော့ အဟ်သေယာသ် ကိုသုံးပြီး ရောဂါဘေးကိုဖြစ်စေမဲ့ အရာမှန်သမျှကို ရှောင်ကြဉ်ကြမှာပေါ့ဗျား... …                          ဒီအလုပ်ကလဲတော်တော်ခက်တာဗျား၊ယေဘုယျအားဖြင့်လူအတော်များများ အတွက်မဖြစ်နိုင်တာကပိုများနေပါတယ်…လေ…

ဒါဆိုသူဆီမှာဆရာဝန်ကောင်းကောင်းလေး

တစ်ယောက်ဆီ သွားပြီးသူ၏ လမ်းညွှန်ချက်အတိုင်းနေဖို့ဘဲကျန်တော့ တယ်လေ.. ဒါကိုသက်္ကလီးဒ်လိုခေါ်တာပေါ့ ...

သက်္ကလီးဒ်လုပ်ရင်လေ … မရ်ဂျာရဲ့လက်ပေါ်လက်ထပ်ပြီး ဘိုင်အသ်လုပ်ဖို့ မလိုဘူးလေဗျား …. မရ်ဂျာ၏လမ်းညွှန်ချက်များ (၎င်း၏သောင်ဇီးဟိုလ်စဆာအေလ် ) အပေါ်လက်တွေ့ကျင့်သုံးဖို့ ဘဲလိုပါတယ်..

နောက်သက်္ကလီးဒ်မှာ ကျွန်တော်ကတော့ဘယ်သူဘယ်မရ် ဂျာ၏ သက်္ကလီးဒ်လုပ်ပါတယ်လို့ ပြောဖို့ မလိုအပ်ချေ။ ဒါဆို မောင်လာနာ တွေကကျွန်ုပ်တို့ အပေါ်အာဏာပြခြင်းတာ အုပ်ချုပ်ခြင်း တာ မဖြစ်တော့ဘူးလေဗျား....

ဒီ အဟ်သေယာသ် ကြောင့် လဲ အီရန် နယ်ချဲ့တွေလက်အေညက်က လွတ်မြောက်ခဲ့ ရတာပေါ့ …. ဗျား …

ကယ်ကယ် … ကျမ်းတော်မြတ်ကုရ်အာန် ကိုမြတ်အလ္လာဟ် ချပေးထားပြီးပြီဘဲ … ဟဒီးစ်တော် တွေ လည်း ကျမ်းငယ်တွေမှာ ရှိနေတာဘဲလေ .. ဤအတွက်ကြောင့် သက်္ကလီးဒ် လိုလားဆို တဲ့မေးခွန်းကို ဖြေရမည်ဆိုလျှင် …

ကျန်းမာရေးနှင့်ဆေးဖက်ဆိုင်ရာ စာအုပ်စာပေတွေ ရှိနေလျက် ခင်ဗျားကို အတွက် ဒေါက်တာ လိုသေးတယ်လေ…

ဒီအတိုင်းဘဲပေါ့ဗျား … ကျမ်းတော်မြတ်ကုရ်အာန် နဲ့ ဟဒီးစ်တော်များရှိနေလျက် မရ်ဂျာယေ သက်္ကလီးဒ်လိုအပ်တာပေါ့ ..

ကယ်ကယါဒီလောက်ဆို အကျဉ်းအဖြစ်ပြေပြရတာ လုံလောက် ပါပြီး…လေ…

အလီ ။ ။ ဟာ…ကျေးဇူးဘဲဗျား ခင်ဗျားကတိုတိုလေးနဲ့ သေချာရှင်းပြလိုက်တာဘဲ … ကျွန်ုပ်ကတော့ အစ္စလာမ်ရန်သူများ၏ လုပ်ကြံထားသည့် အကြောင်းအရာများကြောင့် အသိဥာဏ်ကို တောင် မသုံးဖြစ်ဘဲသက်္ကလီးဒ်ကိုစော်ကားမိသွားတာပေါ့…အခုမှဘဲ သေချာနားလည်တော့တဲ့ဗျား …ကျေး ဇူး အလွန်တင်ပါတယ်ဗျား …

ဟစန် ။။ ရပါတယ်ဗျား …

((ပါသွေလ်မစ်ဒ်ဂယား)) ဆိုသည့် စာအုပ်မှ သက်္ကလီးဒ်ကယွမ်း ဆိုသည့် ဆောင်းပါးကို ကိုးကား ကောက်နှုတ်ပြီးသင့်တော် အောင်ရေးသား တင် ဆက်လိုက်ပါ သည်။

 ========================

251/end