၁၈ ဇန်နဝါရီ ၂၀၁၇ - ၁၉:၂၃
အများပိုင် ဘတ်စ်ကားလိုင်းစနစ်သစ်ကြောင့် အနှောင့်အယှက် အခက်အခဲဖြစ်သူများကို တောင်းပန်ကြောင်း ဦးဖြိုးမင်းသိန်းပြော

ဘတ်စ်ကားလိုင်းအသစ် များဖြင့် ပြောင်းလဲပြေးဆွဲမှုတွင် စိတ်ရှည်သည်းခံဆောင်ရွက်ပေး မှုကို ကျေးဇူးတင်ကြောင်းနှင့် ပြောင်းလဲမှုကြောင့် အနှောင့်အ ယှက် အခက်အခဲဖြစ်သူများကို တောင်းပန်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘတ်စ်ကားလိုင်းအသစ် များဖြင့် ပြောင်းလဲပြေးဆွဲမှုတွင် စိတ်ရှည်သည်းခံဆောင်ရွက်ပေး မှုကို ကျေးဇူးတင်ကြောင်းနှင့် ပြောင်းလဲမှုကြောင့် အနှောင့်အ ယှက် အခက်အခဲဖြစ်သူများကို တောင်းပန်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ သည် နှစ်ပေါင်း ၅၀ ကျော်ကြာ လည်ပတ်လာသော မထသ ယာဉ်လိုင်းယန္တရားကို ဖျက်သိမ်း ပြီး ဇန်န၀ါရီ ၁၆ ရက်က အများ ပိုင်ဘတ်စ်ကားယာဉ်လိုင်းစနစ် သစ်ဖြင့် ပြောင်းလဲပြေးဆွဲခြင်း ကြောင့် ရန်ကုန်မြို့၌ သွားလာ သူနေများ အခက်အခဲများ ကြုံ တွေ့နေမှုအပေါ် 7Day Daily သတင်းထောက်က မေးမြန်းရာ တွင် ၀န်ကြီးချုပ်က အထက်ပါ အတိုင်း ဖြေကြားခြင်းဖြစ်သည်။

‘‘ကူးပြောင်းလိုက်တဲ့အခြေ အနေမှာ အားလုံးအခက်ကြုံမှာ ပါ။ ဘာကြောင့်လဲဆိုတော့ အ သစ်တစ်ခုကို ကိုယ်စလုပ်ရတာ ကိုး။ ဒီအတွက်တော့ သည်းခံစိတ်ရှည်ပြီး အခုလို ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဒီအတွက် အနှောင့်အယှက် အခက်အခဲလေး တစ်ခုခုဖြစ်ခဲ့ရင်လည်း ဒါကို ကျွန်တော် တောင်းပန်ပါတယ်’’ ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ညနေနှင့် ညအချိန်များတွင် အလုပ်ဆင်းချိန်သွားလာသူများ အများဆုံးရှိသော ဆူးလေစေတီ အနီးနှင့် သခင်မြပန်းခြံ နေရာများ တွင်ရှိသော ပြည်သူများ အဆင် ပြေစေရန် ဇန်န၀ါရီ ၁၇ ရက် ည မှစ၍ ရဲတပ်ဖွဲ့က ကားများဖြင့် ရှင်းလင်း ပို့ဆောင်ပေးမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်က ပြော သည်။ ထို့အပြင် ညပိုင်းဈေးအ ဆင်ပြေစေရန် ဇန်န၀ါရီ ၁၇ ရက် ညပိုင်းကစ၍ ဈေးကားထွက်ပေး ရန် ညှိနှိုင်းမှုများ ပြုလုပ်နေ ကြောင်း ၀န်ကြီးချုပ်က ဆက် လက်ပြောသည်။

အများပိုင်ဘတ်စ်ကား စု ပေါင်း ပြေးဆွဲသည့်စနစ် စတင် သော ပထမနေ့တွင် ယာဉ်စီးရေ မလုံလောက်ခြင်း၊ ကြိုတင်ပြင် ဆင်မှုနှင့် စီမံခန့်ခွဲမှု အားနည်းခြင်း များကြောင့် မှတ်တိုင်များ၌ ခရီး သည်များ စုပုံ၍ ခရီးသွား ပြည်သူ အများစု အခက်တွေ့ခဲ့ရသည်။ ဒုတိယနေ့တွင် အဆင်ပြေမှုအချို့ ရှိလာခဲ့ပြီး ပထမ ရက်ကကဲ့သို့ ပြည်သူများ အခက်မတွေ့ခဲ့ပေ။

ရန်ကုန်မြို့နေ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် YBS ဘတ်စ်ကားအစီးရေ ၃,၀၀၀ ကျော်ဖြင့်ပြေးဆွဲနေပြီးမလုံလောက်မှု များ တွေ့ရှိသောကြောင့်ဖေဖော် ၀ါရီအတွင်း ကားအသစ်များ ထပ် မံမှာယူပြီး ပြေးဆွဲမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

ဝန်ကြီးချုပ်သည် နေ့လယ် ပိုင်းတွင် သခင်မြပန်းခြံမှ ဗိုလ် တထောင်စေတီသို့ ပြေးဆွဲသော ၅၆ ဘတ်စ်ကားစီးပြီး ခရီးသည် များ အဆင်ပြေမှုရှိ၊ မရှိ လိုက်လံ ကြည့်ရှုခဲ့သည်။ ၀န်ကြီးချုပ်အပါ အ၀င် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများအားလုံး ဘတ်စ် ကားစီးနင်းခ ၂၀၀ ကျပ်စီ ပေး ဆောင်ပြီး လိုက်ပါ သတင်းယူနေသော သတင်းထောက်များကို လည်း ကားခပေးစီးကြရန် ၀န် ကြီးချုပ်က ရယ်၍ ပြောသည်။

‘‘ဒီကားလေးက အသင့်အ တင့်ကောင်းမွန်တယ်။ ဒီလိုကား မျိုးလေးတွေ ကောင်းသွားစေချင် တယ်။ ဘာလို့လဲဆိုတော့ စီးတဲ့ အတွက် အဆင်ပြေမှုလေးတွေ ဖြစ်စေချင်တယ်။ နောက်ပြီး စပယ်ယာတွေကလည်း ၀န်ကြီးချုပ်မို့ သဘောကောင်းနေတာလားတော့ မသိဘူး။ အတော်လေး အဆင်ပြေနေတယ်။ ယာဉ်မောင်းတွေကလည်း ဘာပဲပြောပြောစနစ်တကျမောင်းနေတာ တွေ့ရတယ်’’ဟု ၀န်ကြီးချုပ်က ၎င်းလိုက်ပါစီးနင်းသော ၅၆ ဘတ်စ်ကားအပေါ် မှတ်ချက်ပေးသည်။

===================  
251 / End