၂၄ ဇန်နဝါရီ ၂၀၁၇ - ၁၉:၀၇
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းအမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း အ လုပ်ရုံဆွေးနွေးပွဲကို တောင်ကြီး မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအ သင်းခန်းမတွင် ဇန်န၀ါရီ ၂၃ ရက် မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းအမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း အ လုပ်ရုံဆွေးနွေးပွဲကို တောင်ကြီး မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအ သင်းခန်းမတွင် ဇန်န၀ါရီ ၂၃ ရက် မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိ သည်။

ရှမ်းပြည်ညီညွတ်ရေးကော် မတီ(CSSU)က အလုပ်ရုံဆွေး နွေးပွဲကို ဦးဆောင်ကျင်းပနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည် နယ် အရှေ့ပိုင်းမှ မတူညီသည့် ရှမ်းအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်များ တက်ရောက်လျက်ရှိ သည်ဟု (CSSU)မှ အတွင်းရေး မှူးချုပ် ဦးစိုင်းညွန့်လွင်က ပြော ကြားသည်။

‘‘၂၁ ရာစု ပင်လုံပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံမှာ လူမျိုး အလိုက် ရှမ်းလူမျိုးအနေနဲ့ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ သွားဆွေးနွေးဖို့အတွက် ပြည်သူလူထုဆီကနေ အချက်အ လက်တွေ တိုက်ရိုက်ရအောင်ကွင်းဆင်း ဆောင်ရွက်မယ့်သူတွေကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပေးတာဖြစ်တယ်’’ ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ငါးရက်တာ ဆွေးနွေးပွဲပြီးစီး ပါက အဖွဲ့အုပ်စုခွဲပြီး ရှမ်းလူမျိုး များရှိရာ မြို့နယ်များအလိုက် ဒေသခံများ၏ သဘောထားများကို နားထောင်၊ ဆွေးနွေးမည်ဖြစ်သည်ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ လုံခြုံရေး၊ မြေယာ သယံဇာ တ ခွဲဝေမှုကိစ္စတို့ ဆွေးနွေးမည် ဖြစ်သည်ဟု ရှမ်းပြည် ညီညွတ် ရေးကော်မတီ(CSSU)က ထုတ် ပြန်ထားသည်။

‘‘ဒီပွဲကို တက်လာတဲ့သူတွေ က မတူညီတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ အသီးသီး ဖြစ်နေပါ တယ်။ အားလုံးက ကိုယ့်ပါတီ၊ ကိုယ့်မူဝါဒတွေ မထားဘဲနဲ့ ရှမ်း လူမျိုး တစ်ခုတည်းအတွက်ကိုပဲ ၀ိုင်းဝန်းဆွေးနွေးသွားဖို့လိုပါတယ်’’ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ရှမ်းနိုင်ငံရေး ပါတီများ၊ လူထုအခြေပြုအရပ် ဘက် အဖွဲ့အစည်းများနှင့် ရှမ်း လွှတ်တော် ကိုယ်စားလှယ်များ  စုစုပေါင်း လူဦးရေ ၄၅၀ တက် ရောက်လျက်ရှိသည်။

===================  
251 / End