အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်း တမ်းများအပြင် ကွန်ပျူတာ၊ အားကစား၊ ပန်းချီ၊ ဂီတ အစရှိသည့် ပညာရပ်ဆိုင်ရာရှစ်မျိုးသင်ကြား မည့် သံလွင်ပုဂ္ဂလိကအလယ် တန်းကျောင်းကို ၂၀၁၇-၁၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်သည်။
အခြေခံပညာသူငယ်တန်းမှ အလယ်တန်း(အဋ္ဌမတန်း)အထိ သင်ကြားမည့် အဆိုပါပုဂ္ဂလိက ကျောင်းသစ်၏ ကျောင်းအပ် လက်ခံမှုကို မေလတွင် စတင်မည်ဖြစ်ပြီး ၂၀၁၉ ၌ အထက်တန်း (တက္ကသိုလ်ဝင်တန်း)အထိ တိုး မြှင့်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သံလွင်ပုဂ္ဂလိကအလယ်တန်း ဒု ကျောင်းအုပ် ဦးစိုးသီဟကပြော သည်။
‘‘ကျွန်တော်တို့နိုင်ငံမှာ ပညာရေးအတွက် လိုအပ်နေတဲ့ လိုအပ်ချက်လေးတွေကို ပုဂ္ဂလိကအခန်းကဏ္ဍကနေ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဒီနှစ်မှ စဖွင့်မယ့် ကျောင်းဆိုတော့ ကျောင်းသားဦးရေ ၁,၅၅၀ လောက် လက်ခံသွားမယ်’’ဟု ဦးစိုးသီဟကပြောသည်။
ကလေးသူငယ်များအား စိတ်ပညာ၊ ကျောင်းသားအခြေပြုသင်ကြားရေး၊ ကလေးများအတွက် ခေါင်းဆောင်မှုစွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် သင်ခန်းစာများ၊ ကလေးငယ်များ တတ်မြောက်မှုကို ဦးစားပေးသင်ကြားမည်ဟု ၎င်းကဆို သည်။
‘‘ကျောင်းသားဗဟိုပြုစနစ်နဲ့ ဆရာဗဟိုပြုစနစ် နှစ်ခုစလုံးကို Mix လုပ်ပြီး သင်ထောက်ကူ ပစ္စည်းအပြည့်အစုံနဲ့ သင်ကြား သွားမှာဖြစ်တယ်။ ကျောင်းသား တွေမှာ ပညာရေးပိုင်းအရ လိုအပ်ချက်ရှိတယ်ဆိုရင် ကျူရှင်မလို အောင် ကျောင်းမှာ ပညာရေးဌာန ဆိုတာရှိတယ်။ အဲဒီမှာ ဆရာ၊ ဆရာမတွေကို ကျောင်းကပဲ ကုန်ကျစရိတ်ခံပြီး ကျောင်းချိန်နောက် ပိုင်းနဲ့ စနေ၊ တနင်္ဂနွေမှာ သင်ကြားပေးသွားမှာပါ’’ဟု ၎င်းက ပြောကြားသည်။
ကျောင်းသူ၊ ကျောင်းသားများအတွက် သက်ဆိုင်ရာဘာသာရပ်များအပြင် English 4Skills, IT အနုပညာရပ်အနေဖြင့် သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပုအပြင် အားကစားနှင့် ယဉ်ကျေးမှုဘာသာရပ်များကို သင်ထောက်ကူပစ္စည်း အပြည့်အစုံဖြင့် သင်ကြားမည်ဟု ဆိုသည်။
‘‘ဒီလိုသင်ကြားမှုပုံစံက မြန် မာပြည်မှာဆိုရင် ဒီကျောင်းက ပထမဆုံးပဲလို့ ပြောလို့ရတယ်။ ဒီ ထက် ဈေးသက်သက်သာသာနဲ့ ဒီလိုမျိုးကျောင်းတွေ အများကြီး ပေါ်လာရင် ပိုကောင်းလာမှာပေါ့ နော်။ အခုကတော့ လူနည်းစုပဲ တက်နိုင်မယ့် အနေအထားဖြစ် နေသေးတာပေါ့’’ဟု ကျောင်းသား မိဘ ကိုစန်းမင်းကပြောသည်။
အဆိုပါကျောင်းတွင် စာသင်ခန်းတစ်ခန်း၌ ကျောင်းသားဦးရေ ၃၀ ခန့်ကိုသာ သင်ကြားမည်ဖြစ်ပြီး သူငယ်တန်းနှင့်ပထမတန်းအတွက် လစဉ် ကျပ်တစ် သိန်းခွဲ၊ ဒုတိယတန်းနှင့် တတိယတန်းအတွက် လစဉ်ကြေး ကျပ်တစ်သိန်းခုနစ်သောင်း၊ စတုတ္ထတန်းမှ ဆဋ္ဌမတန်းအထိ ကျပ်တစ်သိန်းရှစ်သောင်းနှင့် သတ္တမတန်းနှင့် အဋ္ဌမတန်းအတွက် ကျပ်နှစ်သိန်း သတ်မှတ်ထားသည်။
နိုင်ငံတကာ ကျောင်းများ တွင် သင်ကြားလျက်ရှိသည့် စံနှုန်းများအတိုင်း သင်ကြားမည်ဖြစ်ပြီး ဒီဇိုင်းနှင့် နည်းပညာဘာသာရပ် သင်ကြားမှုအတွက် အင်ဂျင်နီယာ များ ငှားရမ်းထားပြီး အားကစားနှင့် ဂီတအတွက်လည်း ပညာရှင် များ ငှားရမ်းအသုံးပြုမည်ဟုဆို သည်။
===================
251/End
၁၈ မတ် ၂၀၁၇ - ၁၆:၂၅
News ID: 818584
ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်း တမ်းများအပြင် ကွန်ပျူတာ၊ အားကစား၊ ပန်းချီ၊ ဂီတ အစရှိသည့် ပညာရပ်ဆိုင်ရာရှစ်မျိုးသင်ကြား မည့် သံလွင်ပုဂ္ဂလိကအလယ် တန်းကျောင်းကို ၂၀၁၇-၁၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်သည်။