အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရွေးချယ်တင်မြှောက်ခံ ထားရသည့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးတွင် အစိုးရ၊ ပြည်သူတို့နှင့်ပူးပေါင်းကာ စွမ်း စွမ်းတမံတိုက်ဖျက်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ် တွင် ဧရာဝတီတိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် မေလ ၁၃ ရက်က တွေ့ဆုံစဉ် ဦးဝင်းထိန်က မှာကြားခဲ့ခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။
‘‘အစိုးရ၊ ပြည်သူနဲ့ ကိုယ်စားလှယ်တွေ စည်းစည်းလုံးလုံးနဲ့ ကြိုးစားဆောင်ရွက်ကြဖို့ မှာခဲ့ပါ တယ်။ အဂတိလိုက်စားမှုနဲ့ပတ် သက်ပြီး ပြည်သူတွေ၊ ကိုယ်စား လှယ်တွေ၊ အစိုးရနဲ့ပူးပေါင်းပြီး တော့ ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ မှာ ကြားခဲ့ပါတယ်’’ဟု ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရွှေလှကြိုင်က ပြောကြား သည်။
ထို့အပြင် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ပြည်သူ၊ အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်မှသာ ရွေ့ချင်သောအ ရွေ့ကို ရရှိမည်ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာ ကြားခဲ့သည်ဟု မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာစိုးမိုးသူက ပြော ကြားသည်။
‘‘အဓိကကတော့ အဂတိ လိုက်စားရေးနဲ့ ပတ်သက်ပြီးပြော တယ်။ အစိုးရသစ်လက်ထက်မှာ အဂတိလိုက်စားမှုတွေ လျော့ကျ လာတယ်။ အနည်းအကျဉ်းရှိ တယ်။ ဒါတွေကို ပျောက်ပျက် သွားဖို့အတွက် ပူးပေါင်းဆောင် ရွက်ကြပါလို့ မှာကြားခဲ့ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
ဦးဝင်းထိန်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီအလုပ် အမှုဆောင်များနှင့်တွေ့ဆုံပွဲတွင် မြို့နယ်အလိုက် အလုပ်အမှု ဆောင်များနှင့် လွှတ်တော်ကိုယ် စားလှယ်များက ဒေသအတွင်း လူထုအတွက် ဆောင်ရွက်ထားမှု များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းကိစ္စများကို စာတမ်းဖတ် ကာ တင်သွင်းခဲ့ကြသည်။
===================
251/End
အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်အမတ်များအား ဦးဝင်းထိန်မှာကြား
၁၄ မေ ၂၀၁၇ - ၁၂:၁၈
News ID: 829677
အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်အမတ်များအား ဦးဝင်းထိန်မှာကြား