အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနှင့်အတူ အဖွဲ့ဝင်ခြောက်ဦးပါဝင်မည်ဖြစ် ပြီး ခရီးစဉ်သည် ဇူလိုင် ၃ ရက်နှင့် ၄ ရက်အထိ နှစ်ရက်ကြာမြင့် မည်ဖြစ်ကြောင်း အဆိုပါခရီးစဉ် ကို လုံခြုံရေးယူပေးမည့် တပ်ဖွဲ့ ဝင်များထံမှ သတင်းရရှိသည်။
မဟာမင်းကြီးနှင့်အဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် မောင်တောမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ရာသီဥတု ဆိုးရွားမှုဖြစ်ပေါ်လာပါက မောင် တောခရီးစဉ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးနှင့် အဖွဲ့သည် နေပြည် တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်ဖြစ်ပြီး အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ နယ် စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ပြည် ထောင်စု ဝန်ကြီးများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးကို မောင်တောမြို့တွင် ဖွင့်လှစ်ထားကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နေသည်။
=====================
251/ End
ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အဖွဲ့ စစ်တွေ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များသို့ သွားမည်
၃ ဇူလိုင် ၂၀၁၇ - ၁၇:၀၇
News ID: 840220
ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။