၃၀ ဇူလိုင် ၂၀၁၇ - ၁၇:၂၇
ကော့သောင်းတွင် H1N1 ကြိုတင်ကာကွယ်ရေး Mask နှင့် လက်ကမ်းစာများ ဝေငှ

ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်လုပ်ငန်းအဖွဲ့က ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက ကော့သောင်း ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါပိုး ကြိုတင်ကာကွယ်ရေး Maskr တွေ လိုက်လံပေးဝေလှူဒါန်းတာနဲ့ လက်ကမ်းစာရွက်များပေးဝေခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်လုပ်ငန်းအဖွဲ့က ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက ကော့သောင်း ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါပိုး ကြိုတင်ကာကွယ်ရေး Maskr တွေ လိုက်လံပေးဝေလှူဒါန်းတာနဲ့ လက်ကမ်းစာရွက်များပေးဝေခဲ့ပါတယ်။

ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်လုပ်ငန်းအဖွဲ့ က အဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးဝါးကုသနေတဲ့ လူနာတွေ၊ လူနာစောင့်တွေကို  ယခု နိုင်ငံနှင့်အ၀ှမ်းဖြစ်ပွားနေတဲ့ ပြင်းထန်တုပ်ကွေးရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ H1N1 နှင့် H5N1 ရောဂါတွေကြောင့် သေဆုံးမှုတချို့ဖြစ်ပေါ်လျှက်ရှိကြောင်း၊ အဆိုပါရောဂါတွေ မိမိတို့မြို့မှာ ကူးစက်မှု မဖြစ်ပွားလာရေး ကြိုတင်ကာကွယ်တဲ့အနေဖြင့် Face Mask Cover တွေ တတ်ဆင် နေထိုင်ကြရေး အသိပညာပေး လိုက်လံပြောကြားကြပြီး ဆေးရုံရှိ လူနာတွေ၊ လူနာစောင့် တွေကို တဦးချင်း  Face Mask Cover တွေ လိုက်လံတပ်ဆင်ပေးကြပါတယ်။

အဆိုပါ Face Mask Cover တွေကို မြို့ပေါ်ရပ်ကွက် စေတနာရှင်တွေနဲ့ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်လုပ်ငန်းအဖွဲ့က လှူဒါန်းမှုနဲ့ ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေ ဆောင်ရွက်ကြခြင်းဖြစ်ပြီး Face Mask Cover တွေ ထပ်မံလှူဒါန်းလိုတဲ့ အလှူရှင်တွေကို ဖိတ်ခေါ်အသိပေးပြီး မြို့နေပြည်သူတွေကို ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြန့်ဝေလှူဒါန်းပေးအပ် သွားမယ်လို့ မြို့နယ် ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောပါတယ်။

=====================
251/ End