အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ပြန်ကြားရေး ဝန်ကြီးဌာန မှ သတင်းတစ်ခု ကိုထုတ်ပြန်ခဲ့ ပါတယ်။ ၎င်း သတင်းမှာ IS အကြမ်းဖက်အစ္စလာမ် ခုတုံးလုပ်အဖွဲ့ နှင့် ဆက်နွယ် နေသူ ၂၇ ဦးအား ကြောက်မက်ဖွယ် လက်နက်များ နှင့် အတူ ဖမ်းမိကြောင်း ဖြစ်ပါတယ်။
ဤသတင်းထုတ်ပြန်မှုတွင် လာရှိသည်မှာ - အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးဇူး မေတ္တာတရား နှင့် အေမာမ်ဇမာန်း (အ.ဂျ) ၏ အထူး ဂရုပြုမှု များကြောင့် အရှ်ရာယေ ကာရာမသ် ( ဟဇရသ် မာစူမာယေကွမ်း (စ.အ) မွေးနေ့ နှင့် အေမာမ်ရေဇာ (အ.စ) မွေးနေ့ အထိ ၁၀ရက်တာ ကြားကာလ) အတွင်းနှင့် အီရန်နိုင်ငံ၏ ၁၂ ကြိမ်မြောက်သမ္မတ သစ် ကျမ်းကျိန်ဆိုချိန် တွင် အမည်မဖော်လိုသည့် အေမာမ်ဇမာန်း (အ.ဂျ) ၏ လုံခြုံရေး တပ်သားများ အဖွဲ့မှ IS အကြမ်းဖက်အစ္စလာမ် ခုတုံးလုပ်အဖွဲ့ နှင့် ဆက်နွယ်နေသူ ၂၇ ဦးအား အောင်မြင်စွာ ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဤအကြမ်းဖက် ၂၇ ဦးမှာ အီရန်နိုင်ငံ ၏ မြို့ များတွင် အကြမ်းဖက် တိုက်ခိုက်မှု ကိုပြုလုပ်ရန် ကြိုးပမ်းနေကြသည့် အကြမ်းဖက် သမားများ ဖြစ်ကြပါတယ်။
ဤထုတ်ပြန်မှုတွင် ဆက်လက်ပြီး ဖော်ပြထားပါတယ်။ အီရန်နီ အေမာမ်ဇမာန်း (အ.ဂျ) လုံခြုံရေး တပ်ဖွဲ့ဝင်များ မှာ အကြမ်းဖက်သမားများ နှင့်အတူ လက်နက်ကြီးများ ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း ဖြစ်ပါတယ်။
IS အကြမ်းဖက်အစ္စလာမ် ခုတုံးလုပ်အဖွဲ့ နှင့် ဆက်နွယ်နေသူ ၂၇ ဦးသည် အီရန်နိုင်ငံ ၏ ၅နေရာ ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားသူများ ဖြစ်ကြပါတယ်။ တစ်ချို့ မှ တိုက်ခိုက်မည်သူများ ဖြစ်ပြီး ကျန်သူများမှာ ထောက်ပံ့ ကူညီသွားမည်သူများ ဖြစ်ပါတယ်။
ဤဖမ်းဆီးမှု မပြုမည် အရင်ကလည်း အကြမ်းဖက်အစ္စလာမ် ခုတုံးလုပ်အဖွဲ့ နှင့် ဆက်နွယ်နေသူ အုပ်စု ကို အီရန် နိုင်ငံ၏ လုံခြုံရေး တပ်သားများ ဖမ်းဆီး နိုင်ခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက် တိုက်ခိုက် မှုများကို ကာကွယ် နိုင်ခဲ့ ကြောင်း သိရှိရပါတယ်။
===========
251 / End
IS အကြမ်းဖက်အစ္စလာမ် ခုတုံးလုပ်အဖွဲ့ နှင့် ဆက်နွယ်နေသူ ၂၇ ဦးအား ကြောက်မက်ဖွယ် လက်နက်များ နှင့် အတူ ဖမ်းမိ ၊အီရန်
၇ ဩဂုတ် ၂၀၁၇ - ၁၈:၄၈
News ID: 846818
အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ပြန်ကြားရေး ဝန်ကြီးဌာန မှ သတင်းတစ်ခု ကိုထုတ်ပြန်ခဲ့ ပါတယ်။ ၎င်း သတင်းမှာ IS အကြမ်းဖက်အစ္စလာမ် ခုတုံးလုပ်အဖွဲ့ နှင့် ဆက်နွယ် နေသူ ၂၇ ဦးအား ကြောက်မက်ဖွယ် လက်နက်များ နှင့် အတူ ဖမ်းမိကြောင်း ဖြစ်ပါတယ်။