၁၉ စက်တင်ဘာ ၂၀၁၇ - ၁၃:၂၀
ကလေးစစ်သားဟောင်းကို တပ်မတော်က တရားစွဲသောအမှု တရားလိုထွက်ဆိုချက် လာမည့်ရုံးချိန်းတွင် သက်သေခံတင်ရမည်

ကလေးစစ်သားဟောင်း ကို တပ်မတော်က တရားစွဲဆို သော အမှု၏ သုံးကြိမ်မြောက်ရုံး ချိန်းတွင် တပ်တွင်း စပါးစိုက်ပျိုး ခြင်းသည် ပြည်သူ့အကျိုးပြုလုပ် ငန်းဆောင်ရွက်ခြင်းဟု တရားလို ၏ ထွက်ဆိုချက်အပေါ် သက်သေ ခံတင်သွင်းရန် တရားပြိုင်ရှေ့နေ က တောင်းဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကလေးစစ်သားဟောင်း ကို တပ်မတော်က တရားစွဲဆို သော အမှု၏ သုံးကြိမ်မြောက်ရုံး ချိန်းတွင် တပ်တွင်း စပါးစိုက်ပျိုး ခြင်းသည် ပြည်သူ့အကျိုးပြုလုပ် ငန်းဆောင်ရွက်ခြင်းဟု တရားလို ၏ ထွက်ဆိုချက်အပေါ် သက်သေ ခံတင်သွင်းရန် တရားပြိုင်ရှေ့နေ က တောင်းဆိုသည်။

အောက်တိုဘာ ၂ ရက် ရုံး ချိန်းတွင် တရားလို ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဒဂုံဆိပ်ကမ်းမြို့ နယ်တရားရုံးသို့ သက်သေခံတင် သွင်းရမည်ဖြစ်သည်။ ထိုရုံးချိန်း တွင် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအတွက် အာမခံလျှောက်ထားမှုအပေါ် တရား သူကြီးက အမိန့်ချမည်ဖြစ်သည်။

စက်တင်ဘာ ၁၈ ရက် ရုံးချိန်းတွင် တရားလိုကို ဆက်လက် စစ်ဆေးရာ စွပ်စွဲခံရသူ၏ရှေ့နေ က တပ်မတော်၏ အဓိကတာဝန် တွင် စပါးစိုက်ရန်၊ ကြံစိုက်ရန် ပါဝင်ခြင်း ရှိ၊ မရှိ မေးမြန်းရာ တရားလိုဒုဗိုလ်မှူးကြီးက တပ်မ တော်တွင် စစ်တိုက်ရန်၊ စစ်တိုက် ရန်မရှိက လေ့ကျင့်ရန်၊ စစ်တိုက် ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည် သူလူထု အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်ဟူ၍ အဓိကတာ ဝန်သုံးရပ်ရှိကြောင်း ဖြေကြား သည်။

တပ်တွင်း စပါးစိုက်ပျိုးခြင်း မှ ပိုလျှံသော ဆန်စပါးများကို ပြည်သူအား ကာလပေါက်ဈေး ထက်လျှော့၍ ရောင်းချသဖြင့် စပါးစိုက်ပျိုးခြင်းသည် ပြည်သူလူ ထု အကျိုးပြုလုပ်ငန်းများ ဆောင် ရွက်ရန်ဟူသောအချက်ဖြင့် ကိုက်ညီကြောင်း ဖြေကြားသည်။

ထို့ပြင် စွပ်စွဲခံရသူ၏ရှေ့နေ က တပ်မတော်သည် စိုက်ပျိုးရရှိ သည့် ပိုလျှံသီးနှံများကို ပြည်သူလူ ထုအား ကာလပေါက်ဈေးထက် လျှော့၍ ရောင်းချကြောင်း ဆို သည်။ ထိုသို့ ရောင်းချမှုများနှင့် စပ်လျဉ်း၍ ပြည်သူသိရှိရန် ထုတ်ပြန်ကြေညာခြင်း ရှိ၊ မရှိ မေးမြန်း ရာ နေ့စဉ်ထုတ်လွှင့်သော သတင်းစာနှင့် တီဗီသတင်းများတွင် ထုတ် ပြန်ကြောင်း တရားလိုက ဖြေကြားသည်။

ထိုသို့ ထုတ်ပြန်သည်ဆို ခြင်းကို ရုံးတော်တွင် သက်သေခံ တင်သွင်းပြီးမှ ဆက်လက် စစ် ဆေးရန် စွပ်စွဲခံရသူ၏ရှေ့နေ လျှောက်ထားခြင်းကို တရားရုံးက လက်ခံသည်။

စွပ်စွဲခံရသူရှေ့နေ၏ မေး မြန်းချက်များသည် အမှုနှင့်စပ် လျဉ်းခြင်းရှိပါသလားဟု တရား သူကြီးက မေးမြန်းရာ ရှေ့နေက ရှိကြောင်းနှင့် နောက်ထပ်မေးမြန်းမည့် မေးခွန်းများအတွက်ဖြစ်ကြောင်း ဖြေကြားသည်။

တရားခွင် စစ်ဆေးပြီးချိန် တွင် ကိုအောင်ကိုထွေး၏အစ်မ မနေဇာထွန်းက ဒဂုံဆိပ်ကမ်းမြို့ နယ်တရားရုံးရှေ့၌ အုန်းသီးခွဲခြင်း၊ ငှက်ပျောသီးများ ပစ်ချခြင်းများ ပြုလုပ်ကာ သူ၏မောင်ကို မတရားဖမ်းချုပ်ထားသူများ အသေဆိုးနှင့် သေပါစေဟု အော် ဟစ်ခဲ့သည်။

‘‘ကျွန်မတို့မှာ အားကိုးစရာ ယတြာပဲ ကျန်ပါတော့တယ်’’ဟု ပြောသည်။

ဖြစ်စဉ်သည် ယခု အသက်(၂၆)နှစ်အရွယ်ရှိ ကိုအောင်ကို ထွေးသည် (၁၄)နှစ်အရွယ်၌ ကလေးစစ်သားအဖြစ် စုဆောင်းခံရချိန်ကစ၍ အိမ်ပြန်ရောက် သည်အထိ ၁၀ နှစ်ကျော် ဘဝအတွေ့အကြုံများကို RFA  သတင်းဌာနသို့ ရုပ်သံအင်တာဗျူး ဖြေကြားခဲ့သည်။ ထိုသို့ဖြေကြားခြင်းအတွက် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် တရားလိုပြုလုပ်၍ သြဂုတ် ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် ကာ တိုင်တန်းခြင်းဖြစ်သည်။

========================
251 / End