အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း (၂၉)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ယင်းအခမ်းအနားကို ဦးဟံသာမြင့်က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း ဒီချုပ်ပြန်ကြားရေးအဖွဲ့ဝင် မုံရွာ အောင်ရှင်က ပြောသည်။
‘‘အရင်က ဦးဉာဏ်ဝင်းလုပ် မလို့ပဲ။ သူက အဲဒီနေ့ကျ နေပြည် တော်ကိုသွားရမယ့်ကိစ္စရှိလို့ ဦး ဟံသာမြင့်က သဘာပတိအဖြစ် လုပ်ဆောင်ခြင်းဖြစ်ပါတယ်’’ဟု မုံရွာအောင်ရှင်က ပြောသည်။
ယင်းအခမ်းအနားကို ရွှေဂုံ တိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ပထမထပ်တွင် နံနက် ၁၀ နာရီ၌ စတင်ကျင်းပမည်ဖြစ်ပြီး သဘာပတိ မိန့်ခွန်းပြောကြား ခြင်း၊ ငြိမ်းချမ်းရေးအကြောင်းအ ရာများ၊ ရခိုင်ဖြစ်စဉ်နှင့် စပ်လျဉ်း သည့် အကြောင်းအရာများ ပြော ကြားဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ၁၉၈၈ စက်တင်ဘာ ၂၇ ရက်က ဒီမိုကရေစီရရှိရေး မူဝါဒ ရည်မှန်းချက်များဖြင့် စတင်ဖွဲ့ စည်းခဲ့သည်။ ယင်းအချိန်က ဥက္ကဋ္ဌ ဦးအောင်ကြီး၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအ တွင်းရေးမှူးအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က ဆောင်ရွက်ခဲ့ပြီး အဖွဲ့ချုပ်ရုံးကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစု ကြည်နေအိမ် ခြံအမှတ် (၅၄) တွင် ဖွင့်လှစ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲနှစ်ကြိမ်စလုံးတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော် လည်း ၉၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရက အာဏာလွှဲပြောင်း ရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအတွက်သာ ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်ပြီး ဒီချုပ်က ၄၃ နေရာ အနိုင်ရခဲ့သော်လည်း အစိုးရတစ်ရပ်မဖွဲ့နိုင်ခဲ့ ပေ။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရပြီး နှစ် ပေါင်း ၅၀ ကျော်အတွင်း ပထမ ဆုံးအရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
========================
251 / End
၂၆ စက်တင်ဘာ ၂၀၁၇ - ၁၆:၂၉
News ID: 856621
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း (၂၉)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းအခမ်းအနားကို ဦးဟံသာမြင့်က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း ဒီချုပ်ပြန်ကြားရေးအဖွဲ့ဝင် မုံရွာ အောင်ရှင်က ပြောသည်။