၂၆ မတ် ၂၀၁၈ - ၁၇:၄၃
ပင်လုံညီလာခံတွင် လုံခြုံရေးကဏ္ဍ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး အကြိုဆွေးနွေးမည်

လာမည့်မေလတွင် ကျင်းပရန် လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံတတိယအစည်းအဝေး၌ လုံခြုံရေးကဏ္ဍနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ပြင်ဆင်သည့် အကြိုဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လာမည့်မေလတွင် ကျင်းပရန် လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံတတိယအစည်းအဝေး၌ လုံခြုံရေးကဏ္ဍနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ပြင်ဆင်သည့် အကြိုဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့၏ အ ဆိုပါလုံခြုံရေးကဏ္ဍဆိုင်ရာ ဆွေး နွေးပွဲကို ဧပြီ ၂ ရက်နှင့် ၃ ရက် တွင် ပြုလုပ်မည်ဖြစ်သည်။ မကြာမီက NCA လက်မှတ်ထိုးထား သည့် မွန်နှင့် လားဟူအဖွဲ့တို့ ပထမဆုံးပါဝင်မည့် လုံခြုံရေး ကဏ္ဍဆွေးနွေးပွဲဖြစ်သည်။

‘‘၂၁ ရာစုပင်လုံမှာ နည်း နည်းလေးတစ်ဆို့မှုများတာက လုံ ခြုံရေးကဏ္ဍဆိုတော့ ပြင်ဆင်မှု အားကောင်းမှသာလျှင် လာမယ့် ၂၁ ရာစုပင်လုံမှာ လုံခြုံရေးကဏ္ဍ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ရရှိနိုင်မယ်လို့ ယူဆတာပေါ့’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

အဆိုပါ ဆွေးနွေးပွဲပြီးပါက တပ်မတော်နှင့် အလွတ်သဘော တွေ့ဆုံရေး ဆက်သွယ်မည်ဟု ၎င်းကဆိုသည်။

၂၀၁၇ မေလက ကျင်းပ သည့် ၂၁ ရာစုပင်လုံဒုတိယအ စည်းအဝေးတွင် နိုင်ငံရေး၊ လူမှု ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍငါးရပ်စလုံး ဆွေးနွေးသော် လည်း လုံခြုံရေးကဏ္ဍနှင့်ပတ် သက်ပြီး ဆုံးဖြတ်ချက်ချမှတ်နိုင် ခြင်းမရှိခဲ့ပေ။ ကျန်ကဏ္ဍလေးရပ် မှ သဘောတူညီချက် ၃၇ ချက်ရရှိပြီး ပြည်ထောင်စုသဘောတူစာ ချုပ်အစိတ်အပိုင်းအဖြစ် သတ် မှတ်ချုပ်ဆိုခဲ့သည်။

တပ်မတော်အနေဖြင့် NCA ပါပြဋ္ဌာန်းချက်အတိုင်း လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဆောင်ရွက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အား တိုက်တွန်းထားသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းနှင့် ပတ်သက်ပြီး လက်နက်ဖြုတ်သိမ်းရေး၊ အင် အားထိန်းချုပ်ရေးနှင့် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာများပါဝင် သည့် Disarmament, Demobi- lization and Reintegration (DDR) ကို နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွင် ထည့်သွင်း ပြီး စတင်ဆွေးနွေးရန် တပ်မတော်က အဆိုပြုထားကြောင်း တိုင်းရင်း သားအဖွဲ့ ကိုယ်စားလှယ်အချို့ကဆိုသည်။

ထိုသို့ လုံခြုံရေးဆိုင်ရာ ပြန် လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်နိုင်ရန် တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များအကြား ဦးစွာဆွေးနွေးညှိနှိုင်းပြီး သဘော တူညီမှုရရှိရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။ ထိုသို့ အကောင်အထည်ဖော်နိုင် ရန် နိုင်ငံရေးဆိုင်ရာ သဘောတူ ညီချက်များရရှိရေးသည် အရေး ပါကြောင်း ၎င်းကဆိုသည်။

 NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ သည် ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော် (DKBA)၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ(KNLA-PC)၊ လား ဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။

========================
251 / End