အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာ သည် ရခိုင်ပြည်နယ်မြေပုံနှင့် စစ် တွေရှိ ဒုက္ခသည်စခန်းအချို့သို့ ဇွန်လ ၁၇ ရက်က သွားရောက် လေ့လာခဲ့သည်။
အထူးကိုယ်စားလှယ်သည် မြေပုံမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းမှ ဘင်္ဂါလီအချို့ကို တွေ့ဆုံ ကာ ဒုက္ခသည်စခန်းပိတ်သိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ကို မေးမြန်းခဲ့သည်။
‘‘နိုင်ငံသားစိစစ်ရေးကတ် ပြားရဖို့၊ ဒုက္ခသည်စခန်းတွေပိတ် သိမ်းပြီးတော့ နေရာချထားတဲ့အ ခါ ကြုံတွေ့ရတဲ့အခက်အခဲ၊ အ လုပ်အကိုင်အခွင့်အလမ်းတွေကို အဓိကတင်ပြခဲ့ပါတယ်’’ ဟု မြေ ပုံမြို့ရှိ ဒုက္ခသည်စခန်းမှ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
အထူးကိုယ်စားလှယ် မစ္စစ် ဘာဂီနာသည် ပြည်နယ်ဝန်ကြီး ချုပ်ဦးညီပုနှင့်လည်း တွေ့ဆုံခဲ့ သည်။ ထို့နောက်အထူးကိုယ်စား လှယ်သည် စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာပြီး ဇွန်လ ၁၈ ရက်တွင် မောင်တောမြို့နယ် သို့ ဆက်လက်သွားရောက်ရန်စီ စဉ်ထားကြောင်း လမ်းကြောင်းလုံ ခြုံရေးတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မစ္စစ်ဘာဂီနာသည် ဇွန်လ ၁၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံပြီးရခိုင်အရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ကူညီဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။
=======================
251 / End
၁၇ ဇွန် ၂၀၁၈ - ၁၇:၄၈
News ID: 897937
ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာ သည် ရခိုင်ပြည်နယ်မြေပုံနှင့် စစ် တွေရှိ ဒုက္ခသည်စခန်းအချို့သို့ ဇွန်လ ၁၇ ရက်က သွားရောက် လေ့လာခဲ့သည်။