အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တက္ကသိုလ် အ ဆင့်မြှင့်တင်ရေး ၁၂ နှစ်ကြာ Master Plan နှစ်ခု ရေးဆွဲဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တက္က သိုလ်သည် မြန်မာနိုင်ငံတွင် အဓိကအကျဆုံး တက္ကသိုလ်ဖြစ်ခြင်းကြောင့် အဆင့်မြင့်ပညာရေးတွင် စံပြဖြစ်ရန် လိုအပ်သည်ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
သြဂုတ် ၂၉ ရက် နံနက်က ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးကို ရန်ကုန်တက္ကသိုလ်တွင်ပြု လုပ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကို ၂၀၁၃ က စတင်ခဲ့ပြီး အချိန်ကာလ ငါးနှစ်ရှိပြီဖြစ်ကြောင်း၊ အပြောင်းအလဲမျိုးစုံ ဖြစ်ခဲ့ပြီး ကျောင်း၏ လိုလားချက်ဆန္ဒများ သည် ခေတ်တစ်ခေတ်နှင့်တစ် ခေတ် မတူတော့သဖြင့် စဉ်းစားရ မည်ဖြစ်ကြောင်း၊ ရန်ကုန်တက္က သိုလ်သည် အဓိကအကျဆုံး တက္ကသိုလ်ဖြစ်ပြီး အဆင့်မြင့် ပညာရေးတွင် စံပြဖြစ်ရန်လို ကြောင်း၊ အားသာချက်ကို ခိုင်မာ အောင်လုပ်၍ အားနည်းချက်ကို ပြုပြင်ရန် ပြောကြားကြောင်း အ တိုင်ပင်ခံရုံးက သတင်းထုတ်ပြန် သည်။
ရန်ကုန်တက္ကသိုလ်ရုပ်ပတ် ဝန်းကျင် အဆင့်မြှင့်တင်မှုအ တွက် Hardware Master Plan (၂၀၁၈-၃၀)၊ ပညာရေးဆိုင်ရာ အဆင့်မြှင့်တင်မှုအတွက် Software Master Plan (၂၀၁၈-၃၀)တို့ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ သြဂုတ် ၂၉ ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ထို Master Plan များ၊ ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့်ပွဲတော်နှင့် ပွဲတော်အမီ ဆောင်ရွက်ရမည့် ဦးစားပေးကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်ဟု ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက 7Day Daily သတင်းစာအား ပြောသည်။
‘‘၂၀၂၀ မှာလည်း ရန်ကုန် တက္ကသိုလ်က ရာပြည့်ဖြစ်တော့ မယ်ဆိုတော့ ဒီ Master Plan အ တိုင်း ရန်ကုန်တက္ကသိုလ်ကို နိုင်ငံ တကာအသိအမှတ်ပြုတဲ့ တက္က သိုလ်ဖြစ်ဖို့ သူမျှော်မှန်းထားတယ် လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတယ်’’ ဟု ဒေါက်တာဖိုးကောင်း က ဆိုသည်။
ရန်ကုန်တက္ကသိုလ် အဆင့် မြှင့်တင်ရေး အင်္ဂလန်နိုင်ငံမှ ပညာ ရှင်များ၊ ဟန်ဂေရီနိုင်ငံမှ ပညာ ရှင်များနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန် တက္ကသိုလ်ကို ကံ့ကော်တောအ ဖြစ် ပြန်လည်အသက်ဝင်စေရန် တက္ကသိုလ်ပရိဝုဏ်အတွင်း ကံ့ ကော်များ စိုက်ပျိုးခြင်း၊ ရန်ကုန် တက္ကသိုလ်အပန်းဖြေရိပ်သာ ပြု ပြင်ခြင်း၊ ဝိဇ္ဇာခန်းမပြုပြင်မွမ်းမံ ခြင်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဒေါက်တာဖိုးကောင်း က ဆိုသည်။
ရန်ကုန်တက္ကသိုလ်တွင် LAW နှင့် Water Studies ကို အ လေးထားစေလိုကြောင်း Water Studies နှင့် ပတ်သက်၍ ဘာသာရပ်များ အဓိက ပေါင်းစပ်လုပ် ကိုင်စေလိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ချောင်း၊ မြစ်၊ ကန်၊ ပင်လယ်ကမ်းခြေများ ပေါများ၍ ယနေ့ခေတ် လိုအပ်နေသော ရာသီဥတု အပြောင်းအလဲနှင့်အတူ ဤဘာသာရပ်ကို အလေးထား ခြင်းဖြစ်ကြောင်း၊ သုတေသန နယ်ပယ်တွင် အထူးနယ်ပယ်ကို Water Studies အဖြစ် ရယူထားပါက နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာနိုင်ငံသို့ လာရောက် သုတေသနပြုနိုင် မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြား သည်။
‘‘ရေနဲ့ဆိုင်တဲ့ သုတေသန ကို ဦးစားပေးလုပ်ဖို့ မှာသွားပါ တယ်။ အခုက ရေကြီးရေလျှံမှု တွေဖြစ်နေတော့ မြစ်၊ ချောင်း၊ ကန်တွေနဲ့ပတ်သက်တဲ့ ဘာသာ ရပ် သုတေသနတွေကို ဘာသာ ရပ်ချင်းရော၊ နိုင်ငံတကာနဲ့ရော များများပူးပေါင်းလုပ်ပေးဖို့ သူ ပြောသွားတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်၏ မှာကြားမှုအပေါ် ဒေါက်တာဖိုးကောင်းက ရှင်းပြ သည်။
ထို့အပြင် အဆင့်မြင့်ပညာ ရေးကဏ္ဍတွင် ယောက်ျားလေးဦး ရေ နည်းပါးနေပြီး စီမံကိန်းများ ချမှတ်လုပ်ဆောင်ရန် လိုအပ် ကြောင်း၊ ယောက်ျားလေးများထူးချွန်ပြောင်မြောက်အောင်၊ အဆင့်မြင့်ပညာ သင်ယူချင်အောင် သင်ရိုးများကို ထည့်သွင်းရေးဆွဲရန်လိုကြောင်း၊ အစိုးရအနေဖြင့် တက္ကသိုလ်ပညာရေးကို အားပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း မြင့်မားစေလိုကြောင်း၊ နှစ်ခုစလုံး အတူတူတိုးတက်စေလိုကြောင်း ပြောကြားသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
=======================
251 / End
ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေး ၁၂ နှစ်ကြာ Master Plan နှစ်ခုဖြင့် ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော မြစ်၊ ချောင်းများဆိုင
၃၀ ဩဂုတ် ၂၀၁၈ - ၁၄:၄၇
News ID: 907459
ရန်ကုန်တက္ကသိုလ် အ ဆင့်မြှင့်တင်ရေး ၁၂ နှစ်ကြာ Master Plan နှစ်ခု ရေးဆွဲဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တက္က သိုလ်သည် မြန်မာနိုင်ငံတွင် အဓိကအကျဆုံး တက္ကသိုလ်ဖြစ်ခြင်းကြောင့် အဆင့်မြင့်ပညာရေးတွင် စံပြဖြစ်ရန် လိုအပ်သည်ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။