အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ကယားပြည်နယ်ရှိ တိုင်းရင်းသားခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)အဖွဲ့အား တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးရေး စည်းရုံးရန် လိုအပ်သည်ဟု ပြောကြား ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
ကယားပြည်နယ် လွိုင်ကော် မြို့၌ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲသို့ နယ်ခြားစောင့်တပ်များ၏ဗဟိုအ ကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊ ဂုဏ် ထူးဆောင်ဗိုလ်မှူးကြီး ထွန်း ကျော်၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့၊ ကယန်းအမျိုးသားကာ ကွယ်ရေးတပ်(KNG)၊ ကရင်နီ အမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (KNPDP)တို့မှ ခေါင်း ဆောင်ကိုယ်စားလှယ်များတက် ရောက်ခဲ့သည်။
NCA ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအားလုံး လက်မှတ်ရေးထိုးမှသာ ထာဝရ ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး NCAတွင် လက်မှတ်ရေးထိုးရန် ကျန်ရှိ သည့် KNPP တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ကို စည်းရုံးဆောင်ရွက်ရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အပြင် ကယားပြည်နယ် ရှိ ကျန်လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်စဲရေးဆောင်ရွက်သည် မှာ နှစ် ၂၀ ခန့်ရှိပြီဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ တိုးတက်အောင် ဆောင်ရွက်ရန် လို အပ်ကြောင်း ၎င်းက ဆို သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လွိုင်ကော်သို့လာရောက် ၍ လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး KNPP အထွေထွေအတွင်းရေး မှူး ရွှေမျိုးသန့်က ‘‘ကျွန်တော်တို့ အနေနဲ့ NCA မထိုးသာ မထိုးရ သေးတာ ကျွန်တော်တို့အခြေအ နေက သူများပြည်နယ်နဲ့စာရင် တည်ငြိမ်တယ်၊ အေးချမ်းတယ်။ အဲဒီလိုအနေအထားပေါ်မှာ ပြည် နယ်ရဲ့ဖြစ်ပေါ်တိုးတက်မှုတွေကို လာပြီး ကြည့်တဲ့သဘောဖြစ်မှာ ပေါ့’’ဟု ပြောသည်။
KNPP အဖွဲ့အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက်ရပ်တည်နေပြီး လက်မှတ်ထိုးနိုင် ရေး အစိုးရနှင့် ဆက်လက်ညှိနှိုင်း ရန် လိုအပ်သည်ဟု ၎င်းက ဆို သည်။
‘‘အခုကတော့ ရက်ကို ပြန် ညှိနေတယ်။ ဒီလထဲမှာတော့ မပြောတတ်သေးဘူး။ နှစ်ဖက် ခေါင်းဆောင်တွေ အားလပ်တဲ့ အခြေအနေပေါ် မူတည်ပြီး တွေ့ ရင်လည်း တွေ့ဖြစ်မှာပေါ့’’ ဟု ရွှေမျိုးသန့်က အစိုးရနှင့် KNPP တို့တွေ့ဆုံနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ပြောသည်။
KNPP သည် ၂၀၁၂ တွင် အစိုးရနှင့် အပစ်ရပ်စဲရေးဆောင် ရွက်ပြီး ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့် သဘောတူညီ ချက်များ ရရှိထားပြီး NCA ထိုးနိုင်ရေးညှိနှိုင်းနေသည်။
=======================
251 / End
၁၅ စက်တင်ဘာ ၂၀၁၈ - ၁၇:၂၁
News ID: 909359
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ကယားပြည်နယ်ရှိ တိုင်းရင်းသားခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)အဖွဲ့အား တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးရေး စည်းရုံးရန် လိုအပ်သည်ဟု ပြောကြား ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။