အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းစစ်ဌာနချုပ်ငါးခုရှိ စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက်၌သတင်းထုတ်ပြန် သည်။ အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ NCA ရေးထိုးရန်ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တစ်ဖွဲ့ချင်းအလိုက်ညှိနှိုင်းဆွေးနွေးရန်လိုအပ်သည်ဟု ယူဆကြောင်း၊ တပ်မတော်အနေဖြင့် ထိုသို့ညှိနှိုင်းဆွေးနွေးနိုင်ရန် ယခုနှစ်ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ပါရှိသည်။ တပ်မတော်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။
ဗိုလ်မှူးချုပ်တာဘုန်းကျော် (TNLA အထွေထွေအတွင်းရေးမှူး)
ကျွန်တော်တို့လည်း တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို အချိန်ယူလေ့ လာနေဆဲပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့တပ်မတော် အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကာလအတိုင်းအတာတစ်ခုအထိ ရပ်စဲ ပေးမယ်၊ ရပ်ဆိုင်းထားမယ်လို့ ပြောတာတော့ ဒါက ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့ခြေလှမ်းတစ်ရပ်လို့ပဲမြင်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ သ ဘောထားထုတ်ပြန်ချက်က တိုက်ပွဲတွေကိုကာလအတိုင်းအတာတစ်ခု အထိ ရပ်ဆိုင်းပေးမယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ အတွက်ကိစ္စလည်း ဆွေးနွေးရေးအဖွဲ့တွေ တာဝန်ပေးထားတယ်လို့ပြောတယ်။ ဒါပေမဲ့ တချို့အချက်အလက်တွေကိုတော့ အ ကန့်အသတ်တွေတော့ရှိတာပေါ့။ ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲလည်းရပ်ဆိုင်းပေးမယ်၊ ပြီးတော့ ဆွေး နွေးတဲ့အဖွဲ့တွေလည်း တာဝန်ပေးထားတယ်ဆိုတော့ ဒါက ငြိမ်းချမ်းရေးအတွက်ကောင်းတဲ့ အလားအလာလို့ ကျွန်တော်တို့မြင်တယ်။ တကယ်အလုပ်ဖြစ်မယ်၊မဖြစ်ဘူးဆိုတာတော့ လက်တွေ့ဆွေးနွေးတဲ့ အချိန်ကျမှပဲ ပြောနိုင်မှာဖြစ်ပါတယ်။ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း (RCSS ပြောရေးဆိုခွင့်ရှိသူ)
ကျွန်တော်တို့အနေနဲ့လည်း ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ တပ်မတော်ရဲ့ အ ခန်းကဏ္ဍကလည်း တော်တော်လေးကို ပါဝင်ဖို့လိုအပ်တယ်လို့မြင်တယ်။ အစိုးရက ကြိုးစားပြီး လုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း တပ်မတော် ရဲ့ အခန်းကဏ္ဍပါဝင်မှုမရှိရင်လည်း၊ အစိုးရအနေနဲ့လည်း အားလုံးအပြီး သတ်လုပ်ဆောင်လို့မရဘူး။ ဒါကြောင့်မို့ အစိုးရအနေနဲ့ရော၊ တပ်မ တော်အနေနဲ့ရော၊ လွှတ်တော်နဲ့ရော ဒီ PC (ငြိမ်းချမ်းရေးကော်မရှင်) အဖွဲ့ ဖွဲ့စည်းထားတယ်ဆိုပေမယ့် တပ်မတော်ရဲ့ပါဝင်မှုအားကနည်းနေသေးတယ်လို့ ကျွန်တော်တို့ မြင်ခဲ့ တာပေါ့။ ဒါကြောင့်တပ်မတော်က ဒီလိုမျိုးဖွဲ့စည်းလာတဲ့အပေါ် ကြိုဆိုပါတယ်။ ဆွေးနွေးဖို့လည်း ကျွန် တော်တို့ ပြင်ဆင်ထားတာရှိပါတယ်။ ဒီတပ်မတော်ဘက်က ကြေညာချက်မှာ ထူးခြားတာက သူတို့က အ ဘက်ဘက်ကို ကမ်းလှမ်းတယ်ပေါ့နော်။ ဒီလေးလအတွင်းမှာ သူတို့ တစ်ဖက်သတ်တိုက်ပွဲရပ်ပြီးတော့ ကမ်း လှမ်းတယ်ဆိုတဲ့နေရာမှာတစ်ခုကတော့ ကျွန်တော်တို့ စဉ်းစားစရာဖြစ်တာပေါ့နော်။ ဒီလေးလအတွင်းမှာ ၂၀၂၀ ထိကို ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ခရီးစဉ်မှာ ဘယ်လောက်ထိ ကြိုးစားမှုလုပ်ဆောင်ချင်သလဲ၊ ဒါဘာလက္ခဏာကို ပြသလဲဆိုတာတွေးစရာဖြစ်တယ်လို့ မြင်တာပေါ့။
ဦးယုလွင်အောင်
(အဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်)
အခုလို ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက် တပ်မတော်က အားစိုက်ခွန်စိုက်လုပ်လိုက်တဲ့အတွက်ကြောင့် နေရပ်စွန့်ခွာတဲ့မိသားစု တွေက သူ့ရပ်၊ သူ့ရွာကိုပြန်ရောက်မယ်ဆိုရင် သူတို့ဆုံးရှုံးခဲ့တဲ့လူ့အခွင့် အရေးကိုပြန်ရကြမှာပေါ့။ နှစ်ဖက်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံ ချင်တာက ဒီတိုင်းရင်းသားပြည်သူလူထုရဲ့မျက်နှာပေါ့။ သူတို့ကို ငဲ့ညှာ ပေးပါ။ သူတို့ဘ၀ ဖွံ့ဖြိုးတိုးတက်မှုကိုလိုချင်တယ်၊ သူတို့မွေးလာတဲ့ ကလေးလေးတွေရဲ့ ကလေးသူငယ်အခွင့်အရေးကိုလေးစားတယ်ဆိုရင် အမြန်ဆုံးအငြိုးအတေး၊ အာဃာ တတွေ ကိုယ်လိုရာကိုပဲစွဲတွေးနေတာမဟုတ်တော့ဘဲနဲ့ အမြန်ဆုံးငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးပါလို့ တင်ပြလိုပါတယ်။
မရန်ယောဟန်(ကချင်ဒေသခံ)
တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို မြောက်ပိုင်းတိုင်းမှ ပြည်သူတစ် ယောက်အနေနဲ့ အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ သို့သော် တပ် မတော်ထုတ်ပြန်ချက်သည် တိုင်းငါးတိုင်းအတွက်သာ ဖြစ်နေခြင်းနှင့်အ ချိန်ကာလသတ်မှတ်ထားခြင်းမှာ တစ်ဖက်မှ EAOs(တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ)အားဖိအားပေးခြင်းတစ်နည်းဟုလည်း ရှုမြင်ပါတယ်။ တပ်မတော်အနေနဲ့ ထိုထုတ်ပြန်ချက်ကို ရှေ့တန်းမြေပြင်တွင်တန်ဖိုးထား လိုက်နာပေးရန် အထူးလိုအပ်မယ်လို့ ရှုမြင်မိပါတယ်။
ဒေါက်တာမင်းဇော်ဦး(အလုပ်အမှုဆောင်ဒါရိုက်တာ၊
Myanmar Institute For Peace and Security)
အတော်ထူးခြားမှုရှိတယ်လို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးကြေညာချက်မျိုးက သမ္မတဦးသိန်းစိန်လက်ထက်မှာတောင် တပ်မတော်ကထုတ်ပြန်ခဲ့တာမရှိဘူး။ အခုအချိန်မှာ ဒီလိုထုတ်ပြန်တယ် ဆိုတာတော်တော်ထူးခြားမှုရှိတယ်။ အခုလို ထုတ်ပြန်တာကိုလည်း ကျွန် တော်တို့သုံးသပ်ချက်က တပ်မတော်က ဗြုန်းစားကြီးလုပ်တယ်လို့မထင် ဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ငါးလလောက်ကစပြီး တပ်မတော်ကဒီလိုမျိုးထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ခဲ့တယ်လို့ထင်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ရေးအနေအထားကို ကြည့်မယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ငါးလလောက်ကတည်းက စစ်ရှိန်တွေလျှော့ချလိုက်ပြီးတော့ ထိုးစစ်ကြီးတွေ မလုပ်ဘူး။ ဒါကိုတွေ့ရတယ်။ နောက်တစ်ခုက မြောက်ပိုင်းသုံးဖွဲ့ကနေထုတ်တဲ့ statement ကလည်း နှစ်ဖက်ညှိနှိုင်းပြီးတော့ ဆွေးနွေးခဲ့တာ အများကြီးလုပ်ခဲ့တာရှိတယ်။ အဲဒါတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် တပ်မတော်ဘက်ကလည်း ပြင်ဆင်ခဲ့တယ်။ peace commission တို့၊ ဘာတို့ညှိနှိုင်းပြီး ပြင်ဆင်တယ်ပေါ့။ ဒီအနေအထားတွေ တွေ့ရတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ရှိရင်ခြွင်းချက်တွေရှိမယ်။ ရခိုင်ပြည်မှာတော့ လက်နက်ကိုင်အဖွဲ့အစည်း၊ ဘယ်အဖွဲ့အစည်းကိုမှ အခြေချတာလက်မခံဘူးဆိုတဲ့မူကတော့ တပ်မတော်က ဆက်ပြီးကိုင်ထားတဲ့အနေအထားမျိုးရှိတယ်။ အဲဒီလို အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မို့လို့ ရခိုင်ပြည်ဘက်မှာတော့ တိုက်ပွဲတချို့ဆက်ဖြစ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ AA ကလည်း အဲဒီဘက်မှာ အခြေချဖို့ ကြိုးစားနေတာကိုး။ အဲဒီကိစ္စလေးတွေတော့ ဆက်လက်ပြီးရှင်းရမှာပေါ့။ ဒါပေမဲ့ ရှမ်းပြည်ရော၊ ကရင်ပြည်ရော တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့ တခြားဒေသတွေကတော့ နည်းနည်းအဆင်ပြေတယ်လို့ ပြောရမှာပေါ့။
ဦးမောင်မောင်စိုး(တိုင်းရင်းသားအရေးလေ့လာသူ)
ဒီနှစ် တတိယညီလာခံအပြီးမှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်လာတာပေါ့။ လုပ်လာပြီးတော့ကြေညာချက်တွေ အပြန် အလှန်ထုတ်ပြီး သဘောတူညီမှုတွေရကြတယ်။ ရကြတော့ စစ်ရေးနည်း လမ်းအစား နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ အဆက်အဖြစ် ဒီအပစ်အခတ်ရပ်စဲရေး ကြေညာချက်ထွက်လာတယ်လို့ ထင်ပါတယ်။ ဒါကတော့ လေးလပဲဖြစ်ဖြစ် စစ်ရေးလှုပ်ရှားမှု ရပ်တန့်ထားမယ်ဆိုရင် တော့ ကောင်းတဲ့ကိစ္စပါ။ ကျွန်တော်တို့လည်း အစောကြီးကတည်းက ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတိုးတက်ဖို့ အပစ်အခတ်ရပ်စဲရေးကြေညာဖို့လိုတယ်။ ပစ် ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေရင်တော့ အာဃာတတွေနဲ့ မုန်းတီးမှုတွေပိုတိုးလာပြီးတော့ အဖုအထစ်တွေ ပိုရှိတယ်လို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပြောခဲ့ပါတယ်။ အဲဒီတော့ ဒီဟာကကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ လောလောဆယ်အပစ်ရပ်တာက စစ်တိုင်းကြီးငါးတိုင်း၊ ပြည်နယ်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဖြစ် ပါတယ်။ အဲဒီတော့ လောလောဆယ်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွေမှာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဘက်နဲ့ပတ်သက်ပြီး ဆက်ကြိုးစားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။
ဦးခိုင်ကောင်းစံ(၀ံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ၊ စစ်ဘေးရှောင်များအား ကူညီပေးသူ)
အဲဒီထုတ်ပြန်ချက်ကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန် ချက်ထဲမှာက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်လို့ မပါဘူးပေါ့ နော်။ အဲဒီတော့ကျွန်တော်တို့ ရခိုင်ပြည်သူတွေအနေနဲ့လည်း စိုးရိမ်နေ ကြတာပေါ့။ အရှေ့ဘက်၊ အရှေ့မြောက်ဘက်မှာတိုက်ပွဲတွေကို ရပ်စဲ ထားပြီးတော့၊ လုံးဝရပ်စဲထားပြီးတော့ အနောက်ဘက်မှာ အင်အားဖြည့် လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိလာကြတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ပါတယ်။ အဲဒါကြောင့် ရခိုင်တပ်မတော်ကနေပြီးတော့ အရှေ့မြောက်ဘက်မှာရှိတဲ့ ရခိုင်တပ်မတော်ခေါင်းဆောင်တွေနဲ့ ULA ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုမှာ ပါသလို အထူးသဖြင့် ရခိုင်တပ်မတော်နဲ့ဖြစ်နေတဲ့စစ်ပွဲတွေကို ရပ်တန့်ဖို လိုအပ်တာပေါ့။ ရခိုင်ပြည်မှာ။ လက်ရှိမှာ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်က ၈၀၀ လောက်ဖြစ်နေပါပြီ။ ဒီနေ့မှာပဲ ဒုက္ခသည်တွေတိုးလာတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ၊ ဘူးသီးတောင်မြို့နယ်ဘက်မှာ ဒုက္ခသည်တွေရှိနေတာပေါ့။ အဲဒီရှိနေတဲ့ ဒုက္ခသည်တွေကိုလည်း လုံခြုံရေးအရ နောက်ပြီးတော့ရိက္ခာတွေပေါ့နော်။ သူတို့ရဲ့ စားဝတ်နေရေးဘ၀အတွက်လည်း ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတာကိုလည်းတွေ့ရပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အား လုံးပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုအပ်ပါတယ်။
ဆွတ်ဆိုင်းထွယ်(ကချင်လူငယ်လှုပ်ရှားမှုအဖွဲ့)
ထုတ်ပြန်ကြေညာချက်က အရမ်းကိုကောင်းတဲ့ positive ဘက်ကို ဦးတည်တယ်ဆိုတဲ့ဟာကိုတော့ မျှော်လင့်လို့မရဘူး။ ဘာဖြစ်လို့လဲဆို တော့ စစ်ရှောင်တွေပြန်နိုင်ဖို့အရေးတွေရော တခြားအရေးကိစ္စ အကုန် လုံးကို ကြည့်လိုက်တဲ့အချိန်မှာ တကယ့်မြေပြင်အခြေအနေမှာ တာဝန် ယူ၊ တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်ရမယ့်အပိုင်းတွေ၊ ဒီပြည်သူတွေရဲ့ လုံခြုံငြိမ်းချမ်းရေးအတွက်က ဒါတွေက အများကြီးလိုသေးတဲ့အတွက် ကြောင့် သူအပစ်အခတ်ရပ်စဲလိုက်တာနဲ့ စစ်ရှောင်IDPတွေ ပြန်လာနိုင်ဖို့ အတွက်က သိပ်ပြီးမှမဖြစ်နိုင်ဘူး။ တကယ်ကို ငြိမ်းချမ်းပြီးမှ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို လျော့နည်းခိုင်း စေချင်တယ်ဆိုရင်တော့ နှစ်ဖက်စလုံးEAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေကရော၊ တပ်ပိုင်း ဆိုင်ရာရော၊ ပြီးတော့အစိုးရကရော ဒီသုံးပွင့်ဆိုင်ကတကယ်ကို တာဝန်ယူ၊တာဝန်ခံမှုရှိရှိနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဘက်က တောင်းဆိုတဲ့ဟာတွေကို ဆွေးနွေးပေးသင့်တယ်။
ကိုဇော်ချေ (ရခိုင်ဒေသခံ)
တပ်မတော်က ကြေညာတာကကောင်းပါတယ်။ ကြိုဆိုပါတယ် ပြည်သူတစ်ယောက်အနေနဲ့။ ဒါပေမဲ့ ရခိုင်ဒေသလည်း ပါရင်ပိုကောင်း ပါတယ်။ အခုဆိုရခိုင်ဒေသမှာက စစ်ဘေးရှောင်တွေပိုတိုးလာနေတယ်။ ပြီးတော့ တပ်မတော်ရော၊ အစိုးရရော၊ တိုင်းရင်းသားလက်နက်ကိုင် တွေရောက ငြိမ်းချမ်းရေး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးပေါ့။ အမြန်ဆုံးအဲဒီ အတွက် ကြိုးစားကြဖို့ မျှော်လင့်ပါတယ်။
ဦးသက်ဦးနိုင် (ကရင်ဒေသခံ)
ကျွန်တော်တို့ ကရင်ပြည်နယ်မှာတော့ အခုလက်ရှိကတော့ အေး ချမ်းနေတာပေါ့နော်။ ကျွန်တော်တို့ကရင်ပြည်နယ်လိုပဲ ကျန်တဲ့ပြည် နယ်တွေကို ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အမြင်အရ ပြော ရရင်တော့ ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ဒီအနောက်ပိုင်းမပါဘူး ဆိုတဲ့နေရာမှာတော့ ကျွန်တော်ထင်ပါတယ်။ တစ်စုံတစ်ခုတော့ရှိလိမ့် မယ်ပေါ့။ အခုဒီ KIA ဘက်ကဆိုလို့ရှိရင် သူတို့မဟာမိတ်တပ်တွေက အစ ပါတယ်ပေါ့နော်။ KIA ဘက်တွေပါတယ်။ ရှမ်းပြည်ဆိုလည်း တ ကယ့်လက်တွေ့စစ်ပွဲတွေဖြစ်နေတယ်။ ကချင်ပြည်နယ်မှာလည်း စစ်ပွဲတွေဖြစ်နေတယ်။ အဲဒီနေရာတွေကို တောင် သူကငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားပြီးတော့ အနောက်ပိုင်းမပါဘူးဆိုတာကတော့ ဒါကတော့ တစ်စုံတစ်ခုတော့စဉ်းစားစရာတော့ရှိတာပေါ့။ ဖြစ်နိုင်လို့ရှိရင် AA အဖွဲ့ကိုလည်း ဖိတ်ခေါ်၊ အားလုံးကို ဖိတ်ခေါ်ပြီးတော့မှ တစ်ဖွဲ့ချင်းပဲ ဆွေးနွေး၊ ဆွေးနွေး အားလုံးပေါင်းစည်းပြီးတော့ ဆွေးနွေးသည်ဖြစ်စေ ငြိမ်းချမ်းရေးကို ကွက်မချန်ထားဘဲနဲ့ တစ်ပြည်လုံးငြိမ်းချမ်းရေးကို ဦးစားပေးလုပ်စေချင်တဲ့ဟာလေးတော့ ပြောချင်ပါတယ်။
မထုဆမ် (ကချင်ဒေသခံ)
တပ်မတော်ရဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာချက် က လေးလလောက်ပဲဆိုပေမယ့် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အ ပြောင်းအလဲတစ်ခုဖြစ်တယ်။ အရေးကြီးတယ်လို့မြင်ပါတယ်။ ဒါပေမဲ့ တပ်မတော်အနေနဲ့၊ သူတို့လမ်းစဉ်အနေနဲ့ဘာတွေကိုတော့ လိုက်နာရ မယ်ဆိုတာဒီလိုမျိုးအပစ်အခတ်ရပ်စဲရေးကြေညာတာက ဆွေးနွေးပွဲ တွေကောင်းကောင်းဆက်လုပ်နိုင်အောင် ပြောတယ်။ ဒါပေမဲ့ သူတို့အ နေနဲ့ ဒါတွေကိုတော့ မဖြစ်မနေလိုက်နာရမယ်ဆိုတာလည်း ရေးထည့် ထားတယ်။ ပြီးတော့ ရခိုင်ဒေသမပါတာက စဉ်းစားစရာဖြစ်နေတယ်။ အခုက AA နဲ့ဖြစ်နေတယ်။ သူတို့က ARSA အဖွဲ့ကိုဦးတည်ပေမယ့် အခုက AA နဲ့ဆက်ဖြစ်နေတယ်။ ရခိုင်ဒေသမှာ AA နဲ့တိုက်ပွဲပိုပြင်းထန်လာ မလားပေါ့။ ပြီးတော့ ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေပိုများလာမလားပေါ့။ ဒါကြောင့် တစ်နိုင်ငံလုံးအဆင့် ကြေညာတာဖြစ်လို့ ရခိုင်ဒေသကိုရော ဘာအကြောင်းပြချက်နဲ့မှ ချန်လှပ်ထားတာမလုပ်သင့်ဘူးလို့မြင်ပါ တယ်။
မစိုးရတနာထွန်း(ရခိုင်ဒေသခံ)
လူငယ်တစ်ယောက်အနေနဲ့ပြောရရင် စစ်ဖြစ်တာက မကောင်းဘူး ပေါ့နော်။ ဆုံးရှုံးမှုတွေအများကြီးရှိတယ်။ ကျွန်မတို့ စစ်တွေမှာနေတာ ပေါ့။ ဒါပေမဲ့ ကျွန်မတို့ဆီကို တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် သွယ် ၀ိုက်ပြီးသက်ရောက်မှုရှိတယ်။ စီးပွားရေးကအစပေါ့။ နောက်ပြီးတော့ အခုဆိုရင် စစ်ဘေးဒုက္ခသည်တွေကလည်း ၈၀၀ လောက်ရှိနေပြီဆိုရင် စစ်ပွဲဆက်ဖြစ်လာမယ်ဆိုရင် ဒီထက်ဆိုးလာမှာပေါ့။ ခိုးကိုးရာမဲ့ဒုက္ခ သည်တွေ။ သူတို့က စစ်ပွဲတွေလေးလလောက်ရပ်ထားမယ်လို့ ပြော ထားပေမယ့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကမပါဘူး။ ရခိုင်က မပါဘူး။ အဲဒီလိုဆိုတော့ သူတို့က ဆက်ပြီး လုပ်မယ့်သဘောလား။ ဒါမှမဟုတ် သူတို့မှာ တခြားဘယ်လို အစီအစဉ်တွေရှိသေးလဲဆိုတာကိုတော့ မပြော တတ်ဘူးပေါ့နော်။ ကျွန်မတို့အနေနဲ့ပြောရရင်တော့ ဒီလိုစစ်ပွဲတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ဖြစ်ဖို့လည်း မလိုအပ်တဲ့အကြောင်းအရာတွေလို့လည်း မြင်ပါတယ်။ ထပ်ပြီး စစ်ပွဲတွေဖြစ်လာမလားလို့ စိုးရိမ်မှုရှိပါ တယ်။ ထပ်ဖြစ်လာရင် ဒီထက်အထိနာမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် အခုဖြစ်နေတာက ပြည်တွင်းစစ်၊ အခုဆိုလို့ရှိရင် စစ်ပွဲကမြို့နားအထိကိုရောက်လာပြီ၊ လူတွေအများကြီးနေတဲ့နေရာတွေအထိ ရောက်လာပြီ၊ သူတို့တွေ၊ သူတို့နှစ်ဖွဲ့က ဒီလိုဖြစ်နေတဲ့ကြားထဲမှာ ဒေသခံတွေက နေစရာမရှိ၊ စားသောက်ဖို့အတွက်အခက် အခဲဖြစ်တာပေါ့နော်။
=======================
251 / End
၂၃ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၂၆
News ID: 921812
တိုင်းစစ်ဌာနချုပ်ငါးခုရှိ စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက်၌သတင်းထုတ်ပြန် သည်။