၆ ဇန်နဝါရီ ၂၀၁၉ - ၁၇:၄၁
ပူးပေါင်းဆောင်ရွက်ရေး UNA နှင့် AAPP တွေ့ဆုံဆွေးနွေး

လူ့အခွင့်အရေးကာ ကွယ်မြှင့်တင်ရေးအပါအ၀င် လူ ထုအခြေပြုလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရေးစည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မ ဟာမိတ်အဖွဲ့ (UNA) နှင့် နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) တို့ ဇန်န၀ါရီ ၃ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိ သူများကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လူ့အခွင့်အရေးကာ ကွယ်မြှင့်တင်ရေးအပါအ၀င် လူ ထုအခြေပြုလုပ်ငန်းများပူးပေါင်း  ဆောင်ရွက်ရေးစည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မ ဟာမိတ်အဖွဲ့ (UNA) နှင့် နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) တို့ ဇန်န၀ါရီ ၃ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိ  သူများကပြောသည်။

AAPP အနေဖြင့် ရန်ကုန်မြို့ ရှိ UNA အဖွဲ့ထံ ပထမအကြိမ် သွားရောက် တွေ့ဆုံခြင်းဖြစ် ကြောင်း AAPP ရန်ကုန်ရုံးတာဝန် ခံဦးအောင်မျိုးကျော်က ပြော သည်။ ‘‘အဓိကကတော့ AAPP ကလုပ်ဆောင်နေတဲ့ကိစ္စတွေကို UNA အဖွဲ့ဝင်တွေကို ရှင်းပြ တယ်။ နောက်ပိုင်းမှာ နှစ်ဖွဲ့အနေ နဲ့ ဘယ်လိုလုပ်ငန်းတွေမှာတွဲလုပ် လို့ရနိုင်မလဲ။ UNA ကလည်းသူ တို့လုပ်နေတဲ့အလုပ်တွေ၊ လုပ် ချင်တဲ့ကိစ္စတွေကို ကျွန်တော်တို့ ကို ပြောပြတယ်။ ဆွေးနွေးချိန်နှစ် နာရီကျော်ရှိခဲ့ပါတယ်’’ ဟု ၎င်း ကပြောသည်။

AAPP သည် နိုင်ငံရေးအ ကျဉ်းသားအရေးသာမက အ ကျဉ်းထောင်စနစ်ပြုပြင်ပြောင်း လဲရေးအစဉ်တစိုက်ဆောင်ရွက်  နေသည့် သက်တမ်း ၁၀ နှစ်ကျော်  ရှိသော အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည်။

အဖွဲ့အစည်းနှစ်ခု တွေ့ဆုံ ဆွေးနွေးမှုမှသည် ကောင်းမွန် သည့် လုပ်ဆောင်ချက်များရှိလာ မည်ဖြစ်ကြောင်း UNAအတွင်းရေး မှူးအဖွဲ့ဝင်များက ပြောသည်။ ယမန်နေ့ ဆွေးနွေးမှုများတွင် AAPP က လက်ရှိဆောင်ရွက်နေ သည့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး၊ အကျဉ်းထောင် ဥပဒေပြုပြင်ပြောင်းလဲရေးကဲ့သို့ ဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတို့ ပါဝင်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများကပြောသည်။

UNA အဖွဲ့ဝင် တိုင်းရင်း  သားပါတီအချို့နှင့် AAPP တို့ပူး ပေါင်း၍ တိုင်းရင်းသားဒေသတွင်  မကြာမီ သင်တန်းများပို့ချရန်အစီ အစဉ်ရှိကြောင်း ဦးအောင်မျိုး ကျော်ကပြောသည်။

UNA တွင်အဖွဲ့ဝင်တိုင်းရင်း   သားနိုင်ငံရေးပါတီ ၁၅ ခုရှိသည်။   လက်ရှိတွင် ယင်း၏မိတ်ဖက်အဖွဲ့ အစည်းများတွင်မူ နိုင်ငံရေးပါတီ  များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်အရပ်ဘက်လူမှု  အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များစသည်ဖြင့် အဖွဲ့အ စည်း ၂၀ ထက်မနည်းရှိကာအ မျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ဆင်ရေးဆိုင်ရာများအပါ အ၀င်ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု ထူထောင်နိုင်ရေးရံဖန်ရံ ခါဆွေးနွေးမှုများရှိသည်။ UNA အနေဖြင့် မိတ်ဖက်အဖွဲ့အစည်း အသစ်များထပ်မံဖိတ်ခေါ်မည် ဖြစ်ကြောင်း ၂၀၁၈ နှစ်ကုန်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

=======================
251 / End