၁ မတ် ၂၀၁၉ - ၁၉:၅၁
သောကြာနေ့တွင် ပြုလုပ်ရမည့် ကောင်းမှု ကုသိုလ်များ

သောကြာနေ့တွင် ပြုလုပ်ရမည့် ကောင်းမှု ကုသိုလ်များ ကို ABNA ပရိတ်သတ်များ အတွက် တင်ပြလိုက်ပါတယ် …

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

သောကြာနေ့တွင် ပြုလုပ်ရမည့် ကောင်းမှု ကုသိုလ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ။

 

 

မိသားစုကို ပျော်အောင်ထားခြင်း

 

သောကြာနေ့ တွင် မိသားစုဝင်များ အတွက် အသား နှင့် သစ်သီးဝလံများ တစ်နည်း အား ဖြင့်အစားကောင်းများ စီစဉ်ပေးခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ် ။ ဤကဲ့သို့ ပြုခြင်း ဖြင့် ၎င်းတို့၏ နှလုံးသားများပျော်ရွှင်မှု၊ပီတိ ကို ဖြစ် စေပါတယ်။

 

ကုသိုလ်ဖြစ်စေ ၊အကုသိုလ်ဖြစ်စေ နှစ်ဆဖြစ်ခြင်း

 

မောင်လာ အေမာမ် မိုဟမ္မဒ် ဘာကေရ် (အ.စ) မိန့်တော်မူသည်။

သောကြာနေ့သည် ဤကဲ့သို့ဖြစ်လေ၏ မည်သည့် ကောင်းမှု ကုသိုလ်မဆို ၂ဆ ဖြစ်သွားပါသည်။ထိုနည်းတူစွာမည်သည့်မကောင်းမှု အကုသိုလ် မဆို ၂ဆ ဖြစ်သွား ပါ သည်။

 

ဟဂျာမသ် အတွက် ဒိုအာတောင်းခြင်း

 

သောကြာနေ့ တွင် လက်သည်း (ခြေသည်း) ညှပ်ခြင်း ၊ နှာခေါင်းမွှေးကိုတိုခြင်း သည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။ ဟဂျာ မသ် ပြုချိန်တွင် အောက်ဖော်ပြပါ ဒိုအာ ကို ဖတ်ရွတ်ရပေမည်။

 

*بِسمِ اللّٰہِ عَلٰی سُنَّةِ مُحَمَّدٍ وَّآلِ مُحَمَّد*

 

 

သောကြာနေ့ စလ်ဝသ် ဖတ်ချိန်

 

မောင်လာ အေမာမ် ဂျအ်ဖရ်ဆွာ ဒစ် (အ.စ) မိန့်ကြားတော်မူသည်။

အကြင်မည်သူ မဆို ကြာသပတေးည နှင့် သောကြာနေ့ တွင် မိုဟမ္မဒ် (ဆွ) နှင့် အာလေ့ မိုဟမ္မဒ် (အ.စ) အပေါ် စလ်ဝသ် ပို့သမည် ဆိုလျှင် ကုသိုလ်ပေါင်း ၁ထောင် ၎င်းအပေါ်ချီးမြှင့် ပေးသနားတော်မူပေမည် ။၎င်း၏ ဂိုနာ ၁ထောင်ကို ချေပျက်ပေးမည် ဖြစ်ပါသည်။ ။ ၎င်း၏ အဆင့် ၁ထောင် မြှင့်တင်ပေးခြင်းခံရမည် ဖြစ် ပသည်။

 

အမှန်တကယ် မိုဟမ္မဒ် (ဆွ) နှင့် အာလေ့ မိုဟမ္မဒ် (အ.စ) အပေါ် ကြာသပတေးည ဒရူးဒ် ပို့သ ခြင်းသည် ကေယာမသ် တိုင် မိုးကောင်းကင် ပေါ်တွင် အလင်းရောင် ပေးမည်ဖြစ်ပါတယ်။ ကောင်းကင်ရှိ ကောင်းကင် တမန်များသည် ၎င်း (သရူးဒ် ပို့သသူ) အတွက် အက်္စသဂ်ဖါရ် ရွတ်ပေနေမည် ဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) ၏ ရောင်ဇာတော် အတွက် တာဝန်ကျနေသည့် တမန်များသည် လည်း ၎င်း (သရူးဒ် ပို့သသူ) အတွက် အက်္စသဂ်ဖါရ် ရွတ်ပေနေမည် ဖြစ်ပါတယ်။

 

လိုအင်ဆန္ဒပြည့်ဝရန် အတွက် …

 

အကယ်၍ တစ်ဦးတစ်ယောက်သည် အခက်အခဲ တစ်ခုခု (သို့မဟုတ်) စိုးရိမ် ပူပင်မှု တစ်ခုခု ကိုဖြေရှင်းဖို့ လမ်း မတွေ့ချိန် စူရဟ် အာလေအင်န်မရာန် ၏ အမဲလ်ကို ပြုသင့်ပါတယ်။ အမဲလ် ပြုလုပ်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ။

 

သန့်ရှင်းစင်ကြယ်သည့် အခန်း တစ်ခု ကိုရွေးရပါမယ် …

အမွှေးရနံ့ စီစဉ်ရပါမည်.. (အခန်းမွှေးရန်အတွက် ဖြစ်ပါတယ် )…

လူအချို့ နမားဇ် ၅ ကြိမ်မြဲသူနမာဇီ ၊အာနိသင်ရှိသူ များကို စုပေါင်း၍ ၄၁ ကြိမ် စူရဟ် အာလေ့ အင်န်မရာန် အား သေလာဝသ် ပြုရမည် ဖြစ်ပါတယ် …

အစ နှင့် အဆုံး တွင် ဒရူးဒ် ရှရီးဖ် ၁၁ ကြိမ် ဖတ်ရွတ်ရပါမည်…

သေလာဝသ် ပြုချိန် မည်သူနှင့်မျှ စကားမပြောရန် ၊ အပြင်မှ အခန်း အတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ မဝင်လာရန် (အရေးကြီးပါတယ် ) …

အချိုမုန့် အနည်းငယ် မောင်လာ မွရှ်ကေကိုရှာ အေမာမ် အလီ (အ.စ) အတွက် နစဲရ်ပြု ဖတ်ရွတပြီး ဖတ်ရွတ် နေသူများကို ကျွေးရပါမည် …

အင်န်ရှာအလ္လာဟ် … ဧကန်မုချ အောင်မြင်မည် ဖြစ်ပါတယ် ။

မှီငြမ်းကျမ်းများ

بحوالہ۔

بحارالانوار۔ جلد٨٩

انوارالنجف۔ جلد١٤

قرآن کُل شفا۔ جلد١

==========================

251 /End