အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဆီယံဒေသတွင်း နိုင်ငံများအ ကြား ခရီးသွားကဏ္ဍတွင် ကျွမ်း ကျင်လုပ်သားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အာဆီယံ ခရီးသွားလုပ်ငန်း ကော်မတီအ စည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ် သည်။
အဆိုပါ အစည်းအဝေးကို မတ်လ ၃၁ ရက်မှ ဧပြီ ၅ ရက်အ ထိ အင်းလေးဒေသ၌ပြုလုပ်ခြင်း ဖြစ်သည်။
‘‘အဓိကကတော့ အာဆီယံ ၁၀ နိုင်ငံထဲမှာ၊ တစ်နိုင်ငံနဲ့ တစ် နိုင်ငံထဲမှာ ကိုယ့်နိုင်ငံက လူက သူတို့ဆီမှာ အလုပ်သွားလုပ်ရင် လက်ခံရမယ်ဆိုတာမျိုးရယ်၊ အာ ဆီယံ နိုင်ငံအကုန်လုံးကို ကိုယ် စားပြုပြီးတော့ ခရီးသွားမြှင့်တင် ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ဆွေးနွေးတာ ဖြစ်ပါတယ်’’ ဟု အာဆီယံခရီးသွားလုပ်ငန်း ကျွမ်း ကျင်ပညာရှင်များ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဒေါ်ခင်သန်းဝင်း က ပြောသည်။
ယင်းအစည်းအဝေးတွင် အာဆီယံခရီးသွား လုပ်ငန်းကျွမ်း ကျင်ပညာရှင်များ ကြီးကြပ်မှု ကော်မတီ၊ အာဆီယံခရီးသွား လုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့် တင်ရေးကော်မတီ၊ အာဆီယံခရီး သွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် အများပြည်သူပါဝင် ရေးကော်မတီ၊ အာဆီယံ ခရီး သွားလုပ်ငန်း အရင်းအမြစ်ရှာဖွေ ဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့် စစ်ဆေးအကဲဖြတ်ရေးကော်မတီ ဟူသည့်ကော်မတီလေးခုမှ သက် ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။
‘‘အာဆီယံမှာ ဈေးကွက်မြှင့် တင်ရေးတွေ ဘယ်လိုလုပ်ကြမ လဲ၊ ခရီးစဉ်ဒေသတွေ ဘယ်လို ဖော်ထုတ်မလဲ၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘာတွေလုပ် မလဲဆိုတာကို အဓိကထားပြီး ဆွေးနွေးခဲ့တယ်။ နောက်တစ်ခု က အာဆီယံ ခရီးသွားလုပ်ငန်းမှာ လူတိုင်းပါဝင်နိုင်ဖို့အတွက်ကို လည်း ဆွေးနွေးခဲ့ပါတယ်’’ဟု ဒေါ်ခင်သန်းဝင်းက ပြောကြား သည်။
မြန်မာနိုင်ငံအနေဖြင့် အာ ဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၁၈ နှင့် ၂၀၁၉ တွင် အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး နောက်လာမည့် အစည်းအ
ဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ၂၀၁၉ အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိBoracay မြို့တွင် လက်ခံကျင်း ပမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
=======================
251 / End
၁၂ ဧပြီ ၂၀၁၉ - ၁၇:၅၀
News ID: 936636
အာဆီယံဒေသတွင်း နိုင်ငံများအ ကြား ခရီးသွားကဏ္ဍတွင် ကျွမ်း ကျင်လုပ်သားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အာဆီယံ ခရီးသွားလုပ်ငန်း ကော်မတီအ စည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ် သည်။