၂၇ ဇူလိုင် ၂၀၁၉ - ၁၆:၀၄
တပ်ချုပ်၏ တစ်ပတ်ကြာအိန္ဒိယခရီးစဉ်စတင်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် တစ်ပတ်ခန့် ကြာမြင့်မည့် အိန္ဒိယခရီး စဉ်ကို ဇူလိုင် ၂၅ ရက်တွင် စတင်ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် တစ်ပတ်ခန့် ကြာမြင့်မည့် အိန္ဒိယခရီးစဉ်ကို ဇူလိုင် ၂၅ ရက်တွင် စတင်ခဲ့ သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီး ချုပ်ဘီရန်ဒါဆင်း(ဂ်)ဒါနိုအာ၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ သွားရောက်ခြင်းဖြစ်ကြောင်းတပ် မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

‘‘အိန္ဒိယမှာ ၀န်ကြီးချုပ်အ ပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ရှိမယ်။ နောက်ပြီး အိန္ဒိယ အကြီးအကဲတွေနဲ့လည်း တွေ့ဖို့ ရှိပါမယ်’’ ဟု တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အတွင်းရေး မှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင်ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ၂၀၁၇ ဇူလိုင်က အိန္ဒိယသို့ သွားရောက်ခဲ့ပြီး ယခု ခရီးစဉ်သည် လက်ရှိအစိုးရလက် ထက်ဒုတိယအကြိမ်သွားရောက် ခြင်းဖြစ်သည်။

အထက်ပါခရီးစဉ်တွင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အ တူ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိ ယဗိုလ်ချုပ်ကြီးမိုးအောင်၊ စစ်ဦး စီးအရာရှိချုပ်(လေ)ဒုတိယဗိုလ် ချုပ်ကြီးထွန်းအောင်နှင့်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အ ရာရှိများလိုက်ပါသွားသည်ဟု တပ်မတော်  ထုတ်ပြန်ချက်၌ ဖော်ပြသည်။

=======================

251 / End