၇ ဩဂုတ် ၂၀၁၉ - ၁၅:၂၀
ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား နှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမဲဆောက်မြို့မှ တာချီလိတ်မြို့သို့ သွားရောက် သော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့်ယာဉ်တိမ်း မှောက်ရာ မြန်မာလုပ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ် ရာရရှိခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်းနိုင်ငံမဲဆောက်မြို့မှ တာချီလိတ်မြို့သို့ သွားရောက် သော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့်ယာဉ်တိမ်းမှောက်ရာ မြန်မာလုပ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။


သြဂုတ် ၆ ရက် နံနက်အစောပိုင်းက မြန်မာနိုင်ငံသား ကိုးဦးလိုက်ပါလာသည့် မှန်လုံ(လုတု)ယာဉ်သည် ထိုင်းနိုင်ငံ ကိုကမြို့ရှိအဝေးပြေးလမ်းမတွင် ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားက အိပ်ငိုက်ပြီးလမ်းဘေးရှိ သစ်ပင် ကိုဝင်တိုက်မိခဲ့သည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အသက်(၄၄)နှစ်အ ရွယ် ဦးမျိုးနိုင်နှင့် (၄၉) နှစ်အရွယ်ဦးမင်းဝေတို့ နေရာတွင်ပွဲချင်းပြီးသေဆုံးကာ ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားလည်း ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီအတွင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ထွက်ခွာလာသော မြန်မာလုပ်သားများ လိုက်ပါလာသည့် မှန်လုံယာဉ် (လုတု) တိမ်းမှောက်ရာ ယာဉ်မောင်း ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးပြီး မြန်မာလုပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရာတွင် မိမိတို့စီးနင်း မည့်ယာဉ်ကြံ့ခိုင်မှု၊ ယာဉ်မောင်း၏ ကျန်းမာရေး အခြေအနေတို့ကို ဂရုပြုရန်နှင့် မည်သည့်ယာဉ်နှင့်မ ဆို လိုက်ပါပြီး ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ ယာဉ်မောင်းနှင်မှုပုံစံမူမမှန်ခြင်းဖြစ်ပေါ်ပါက ယာဉ်ကို ချက်ချင်း ရပ်တန့်ခိုင်းရန်လိုအပ် ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သတိပေးထုတ်ပြန်ထားသည်။

=======================

251 / End