အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့၏ ကျိုင်း တုံဆွေးနွေးပွဲရလဒ်အပေါ် မူ တည်ပြီး တပ်မတော်၏ အပစ် ရပ်ကြေညာမှု သက်တမ်းတိုး၊ မ တိုးဆောင်ရွက်မည့် အခြေအနေ ကြောင့် ဆွေးနွေးပွဲရလဒ်မ ကောင်းပါက စိုးရိမ်ရသည့်အ လားအလာရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်၌ ယမန်နေ့က ပြုလုပ်သည့် သမ္မတရုံးသတင်း စာရှင်းလင်းပွဲတွင် ကျိုင်းတုံငြိမ်း ချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက် ပြီး အထက်ပါအတိုင်း ပြောကြား ခဲ့သည်။ စက်တင်ဘာ ၁၇ ရက် တွင် ပြုလုပ်မည့်ကျိုင်းတုံ ဆွေး နွေးပွဲသို့ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) ဒုဥက္ကဋ္ဌပြည် ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦး ဦးဆောင်သည့် အစိုးရ၊ တပ် မတော်ကိုယ်စားလှယ်များ တက် ရောက်မည်ဟု ၎င်းကဆိုသည်။
‘‘ကျိုင်းတုံ ဆွေးနွေးပွဲကို ကျွန်တော်တို့ တော်တော်အလေး ထားတယ်။ ဒါအရေးကြီးပါတယ်။ ဒီရလဒ်အပေါ်မူတည်ပြီး တပ်မ တော်က တစ်ဖက်သတ်အပစ်ရပ် ကြေညာတဲ့ ၂၁ ရက်နေ့ အိတ်စ တန်းရှင်းဆိုတာ အဲဒီအပေါ်မှာ မူတည်နေတယ်။ အကယ်၍ ဒီ ဆွေးနွေးပွဲရလဒ် မကောင်းဘူး ဆိုရင် အလားအလာက နည်း နည်းလေးစိုးရိမ်ရတယ်’’ ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲတွင် ပြည် ထောင်စုလမ်းမကြီးကို တိုက်ခိုက် မှုများမလုပ်ရန်၊ အရပ်သားပစ် မှတ်များအား တိုက်ခိုက်ခြင်းမပြု ရန်နှင့် ဖြစ်နိုင်ပါက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဘက်က အပစ်ရပ်ကြေညာပေးရန် ပြော ကြားခဲ့ရာ မကြာသေးမီကမြောက် ပိုင်းသုံးဖွဲ့က တစ်လကြာအပစ်ရပ်ကြေညာချက်အပေါ် အပြုသဘောမြင်ကြောင်း၎င်းက ပြောသည်။
‘‘ဒီ ၁၇ ရက်နေ့ဆွေးနွေးပွဲ က အလားအလာအများကြီး ကောင်းဖို့ မျှော်လင့်ထားတယ်။ ဖြစ်နိုင်ရင် ပဏာမသဘောတူညီ ချက်ကို လေးဖွဲ့စလုံးနဲ့ရေးထိုးနိုင်တဲ့အနေအထား တစ်ခုရောက် အောင်သွားဖို့ အဲဒါကိုမျှော်လင့် ထားတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လည်း ‘‘ကျွန်တော်တို့ကတော့ အပြုသဘောဆောင်တဲ့ မျှော်လင့် ချက်တွေပဲရှိပါတယ်’’ ဟု မှတ် ချက်ပြုသည်။
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကတစ်လကြာ အပစ်ရပ် ကြေညာမှုသည်လည်း အပြုသ ဘောဆောင်သည့် လုပ်ရပ်ဖြစ် ကြောင်း၊ အပစ်အခတ်ရပ်စဲရေး အဆင့်အထိ ဆောင်ရွက်နိုင်ရန် နှစ်ဖက်စလုံးက ကြိုးစားနေသည် ဟု မြင်ကြောင်း ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြောသည်။
တပ်မတော်သည် မြောက် ပိုင်းလက်နက်ကိုင် အဖွဲ့များအပါ အ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များနှင့် ငြိမ်းချမ်းရေးနှင့် အပစ် အခတ်ရပ်စဲရေးဆွေးနွေးရန် ဟု ဆိုကာပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ကတည်းက အပစ်ရပ်ကြေညာခဲ့ ရာ စက်တင်ဘာ ၂၁ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။
====================================
END / 251
ကျိုင်းတုံဆွေးနွေးပွဲ ရလဒ်မကောင်းပါက စိုးရိမ်ရသည့်အလားအလာရှိဟု သမ္မတရုံးတာဝန်ရှိသူပြော တပ်မတော် အပစ်ရပ်ကြေညာမှု သက်တမ်းတိုး၊ မတိုး
၁၄ စက်တင်ဘာ ၂၀၁၉ - ၁၅:၄၇
News ID: 975354
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့၏ကျိုင်း တုံဆွေးနွေးပွဲရလဒ်အပေါ် မူ တည်ပြီး တပ်မတော်၏ အပစ်ရပ်ကြေညာမှု သက်တမ်းတိုး၊မ တိုးဆောင်ရွက် မည့် အခြေအနေ ကြောင့် ဆွေးနွေးပွဲရလဒ်မ ကောင်း ပါက စိုးရိမ်ရသည့်အ လားအလာရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။