၃ နိုဝင်ဘာ ၂၀၁၉ - ၁၈:၂၄
မီးမျပတ္ေအာင္ႀကိဳးပမ္းရန္ သမၼတတိုက္တြန္း

ျပည္သူမ်ားအတြက္ လွ်ပ္စစ္မီးလုံေလာက္စြာ ရရွိရန္ အေရး ႀကီးၿပီး လွ်ပ္စစ္မီးမွန္ေရး ႏွင့္ ျပတ္ေတာက္မႈမရွိေစေရး ဝန္ႀကီး ဌာန တာဝန္ရွိသူအား လုံးက ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ ႐ြက္ရန္ သမၼတဦးဝင္းျမင့္ကတိုက္ တြန္းသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ျပည္သူမ်ားအတြက္ လွ်ပ္စစ္မီးလုံေလာက္စြာ ရရွိရန္ အေရးႀကီးၿပီး လွ်ပ္စစ္မီးမွန္ေရး ႏွင့္ ျပတ္ေတာက္မႈမရွိေစေရး ဝန္ႀကီးဌာန တာဝန္ရွိသူအား လုံးက ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ ႐ြက္ရန္  သမၼတဦးဝင္းျမင့္ကတိုက္ တြန္းသည္။

ရန္ကုန္ၿမိဳ႕ရွိ သာေကတ လွ်ပ္စစ္ဓာတ္အားေပး႐ုံသို႔ ယမန္ ေန႔က သမၼတဦးဝင္းျမင့္ သြား ေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါအတိုင္း ေျပာၾကားခဲ့ ေၾကာင္း ႏိုင္ငံပိုင္မီဒီ ယာမ်ားက သတင္းထုတ္ျပန္သည္။ ယင္း ဓာတ္အားေပး႐ုံ၌ တပ္ဆင္ထား သည့္ လွ်ပ္စစ္ ၂၅ မဂၢါဝပ္ ထုတ္ လုပ္ႏိုင္ေသာ  ဓာတ္အားေပးစက္ ကို သမၼတသီးသန႔္ရန္ပုံေငြမွ ဝယ္ယူထားျခင္းျဖစ္သည္။

လွ်ပ္စစ္ဓာတ္အား ပိုမိုတိုး ျမႇင့္ထုတ္လုပ္ႏိုင္ေရး ႀကိဳတင္ျပင္ ဆင္ေဆာင္႐ြက္ရန္၊ ဓာတ္အား ယူနစ္မ်ား အမွန္တကယ္ သုံးစြဲ သည့္အတိုင္း မွန္ကန္စြာရရွိေရး  စီမံ ေဆာင္႐ြက္ရန္၊ ျပည္သူမ်ား အတြက္ လွ်ပ္စစ္မီးမွန္ေရးႏွင့္ ျပတ္ေတာက္မႈမရွိေစေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုအပ္ သည္ဟု သမၼတဦးဝင္းျမင့္က ေျပာသည္။

ထို႔အျပင္ ရန္ကုန္ၿမိဳ႕သည္ ႏိုင္ငံ၏ မ်က္ႏွာစာျဖစ္၍ လွ်ပ္စစ္ မီးဖူလုံရန္အေရးႀကီးၿပီး မီးမျပတ္ သည့္ အေျခအေနေရာက္ရွိ ေအာင္ ျပည္ေထာင္စုဝန္ႀကီး အပါအဝင္ အဆင့္ဆင့္ေသာတာဝန္ ရွိသူမ်ားက ႀကိဳးစားေဆာင္႐ြက္ ရန္ ႏိုင္ငံေတာ္ သမၼတကတိုက္ တြန္းေၾကာင္း ရန္ကုန္တိုင္းေဒသ ႀကီး အစိုးရအဖြဲ႕က သတင္းထုတ္ ျပန္သည္။

ျမန္မာႏိုင္ငံ၏ လက္ရွိအေျခ အေနအရ လွ်ပ္စစ္မီးလိုအပ္ခ်က္ ျဖည့္ဆည္းႏိုင္ေရးအတြက္ ကာ လတိုအတြင္း ေဆာင္႐ြက္ရန္ မျဖစ္ႏိုင္ဘဲ ငါးႏွစ္၊ ဆယ္ႏွစ္ခန႔္ ဆက္တိုက္ အခ်ိန္ယူႀကိဳးပမ္း ေဆာင္႐ြက္မွသာ ေျပလည္မည္ ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္  ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ယ ခုႏွစ္အတြင္း ျပည္သူ႔လႊတ္ေတာ္၌  ရွင္းလင္းထား သည္။

သမၼတဦးဝင္းျမင့္သည္ ယ မန္ေန႔ နံနက္ပိုင္းတြင္ ပဲခူးျမစ္ကူး တံတား (သန္လ်င္ အမွတ္ ၃)တံတားတည္ေဆာက္ေရး လုပ္ ငန္းခြင္သို႔လည္း သြားေရာက္ၾကည့္ ရႈစစ္ေဆး ခဲ့သည္။ ယင္းတံတား တည္ေဆာက္ေရးအတြက္ ကုန္ က်မည့္စရိတ္ႏွင့္ ညီမွ်ေသာ အ က်ိဳးအျမတ္ကို ႏိုင္ငံသားမ်ားရရွိ ရန္လိုေၾကာင္း သမၼတဦးဝင္းျမင့္  က ေျပာသည္။

တံတားတည္ေဆာက္ရာ တြင္ သတ္မွတ္စံခ်ိန္စံၫႊန္းႏွင့္  အညီ အခ်ိန္မီၿပီးစီးေရး ေဆာင္ ႐ြက္ၾကရန္လိုသည့္အျပင္  တည္ ေဆာက္ၾကမည့္ တာဝန္ရွိ ပုဂၢိဳလ္မ်ား၊ အင္ဂ်င္နီ ယာပညာ ရွင္မ်ား၏ အရည္အေသြးမ်ားကို ေဖာ္ထုတ္ျပသ၍ စံနမူနာေကာင္း တစ္ခုအျဖစ္ က်န္ခဲ့ေစလိုသည္ဟု  ၎ကဆိုသည္။

ပဲခူးျမစ္ကူးတံတား (သန္ လ်င္တံတား အမွတ္၃) ကို ဂ်ပန္ ႏိုင္ငံမွေခ်းေငြ အေမရိကန္ေဒၚ လာ ၂၈၂ သန္းႏွင့္ ျမန္မာႏိုင္ငံ  ထည့္ဝင္ေငြ အေမရိကန္ေဒၚလာ  သန္း ၄၀ေက်ာ္ စုစုေပါင္းကန္ေဒၚ လာ ၃၂၃ သန္းေက်ာ္ အကုန္အ က်ခံ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ၂၀၂၃ တြင္ ၿပီးစီးရန္ လ်ာထား သည္။

Unicode

မီးမပြတ်အောင်ကြိုးပမ်းရန် သမ္မတတိုက်တွန်း

ပြည်သူများအတွက် လျှပ်စစ်မီးလုံလောက်စွာ ရရှိရန် အရေးကြီးပြီး လျှပ်စစ်မီးမှန်ရေး နှင့် ပြတ်တောက်မှုမရှိစေရေး ဝန်ကြီးဌာန တာဝန်ရှိသူအား လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ရန်  သမ္မတဦးဝင်းမြင့်ကတိုက် တွန်းသည်။

ရန်ကုန်မြို့ရှိ သာကေတ လျှပ်စစ်ဓာတ်အားပေးရုံသို့ ယမန် နေ့က သမ္မတဦးဝင်းမြင့် သွား ရောက်ကြည့်ရှုစစ်ဆေးစဉ် အ ထက်ပါအတိုင်း ပြောကြားခဲ့ ကြောင်း နိုင်ငံ ပိုင်မီဒီယာများက သတင်းထုတ်ပြန်သည်။ ယင်း ဓာတ်အားပေးရုံ၌ တပ်ဆင်ထား သည့် လျှပ်စစ် ၂၅ မဂ္ဂါဝပ် ထုတ် လုပ်နိုင်သော  ဓာတ်အားပေးစက် ကို သမ္မတ သီးသန့်ရန်ပုံငွေမှ ဝယ်ယူထားခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပိုမိုတိုး မြှင့်ထုတ်လုပ်နိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်ရန်၊ ဓာတ်အား ယူနစ်များ အမှန်တကယ် သုံးစွဲ သည့်အတိုင်း မှန်ကန်စွာရရှိရေး  စီမံဆောင်ရွက်ရန်၊ ပြည်သူများ အတွက် လျှပ်စစ်မီးမှန်ရေးနှင့် ပြတ်တောက်မှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် သည်ဟု သမ္မတဦးဝင်းမြင့်က ပြော သည်။

ထို့အပြင် ရန်ကုန်မြို့သည် နိုင်ငံ၏ မျက်နှာစာဖြစ်၍ လျှပ်စစ် မီးဖူလုံရန်အရေးကြီးပြီး မီးမပြတ် သည့် အခြေအနေရောက်ရှိ အောင် ပြည်ထောင်စုဝန်ကြီး အ ပါအဝင်အ ဆင့်ဆင့်သောတာဝန် ရှိသူများက ကြိုးစားဆောင်ရွက် ရန် နိုင်ငံတော် သမ္မတကတိုက် တွန်းကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က သတင်းထုတ် ပြန်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေအရ လျှပ်စစ်မီးလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ကာ လတိုအတွင်း ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ငါးနှစ်၊ ဆယ်နှစ်ခန့် ဆက်တိုက် အချိန်ယူကြိုးပမ်း ဆောင်ရွက်မှသာ ပြေလည်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်  ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယ ခုနှစ်အတွင်း ပြည်သူ့လွှတ် တော်၌  ရှင်းလင်းထားသည်။

သမ္မတဦးဝင်းမြင့်သည် ယ မန်နေ့ နံနက်ပိုင်းတွင် ပဲခူးမြစ်ကူး တံတား (သန်လျင် အမှတ် ၃)တံတားတည်ဆောက်ရေး လုပ် ငန်းခွင်သို့လည်း သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်။ ယင်းတံတား တည်ဆောက်ရေးအတွက် ကုန် ကျမည့်စရိတ်နှင့် ညီမျှသော အ ကျိုးအမြတ်ကို နိုင်ငံသားများရရှိ ရန်လိုကြောင်း သမ္မတဦးဝင်းမြင့်  က ပြောသည်။

တံတားတည်ဆောက်ရာ တွင် သတ်မှတ်စံချိန်စံညွှန်းနှင့်  အညီ အချိန်မီပြီးစီးရေး ဆောင် ရွက်ကြရန်လိုသည့်အပြင်  တည် ဆောက်ကြမည့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အင်ဂျင်နီယာပညာ ရှင်များ၏ အရည်အသွေးများကို ဖော်ထုတ်ပြသ၍ စံနမူနာကောင်း တစ်ခုအဖြစ် ကျန်ခဲ့စေလိုသည်ဟု  ၎င်းကဆိုသည်။

ပဲခူးမြစ်ကူးတံတား (သန် လျင်တံတား အမှတ်၃) ကို ဂျပန် နိုင်ငံမှချေးငွေ အမေရိကန်ဒေါ် လာ ၂၈၂ သန်းနှင့် မြန်မာနိုင်ငံ  ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ  သန်း ၄၀ကျော် စုစုပေါင်းကန်ဒေါ် လာ ၃၂၃ သန်းကျော် အကုန်အ ကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၃ တွင် ပြီးစီးရန် လျာထား သည်။

====================================

END / 251