
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တပ္မေတာ္ႏွင့္ ‘ဝ’လက္နက္ကိုင္အဖြဲ႕ (UWSA) တို႔အၾကား ရွမ္းျပည္နယ္အေရွ႕ ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလကုန္ပိုင္းကစ၍ စစ္ေရးတင္းမာေနေၾကာင္း ရွမ္း သတင္းဌာနတစ္ ခု၏ ႏိုဝင္ဘာ ၅ ရက္ သတင္းေဖာ္ျပမႈႏွင့္ပတ္ သက္ၿပီးမဟုတ္မွန္ေၾကာင္း တပ္ မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
‘‘ကြၽန္ေတာ္လည္းေတြ႕ၿပီး ပါၿပီ။ အဲဒီသတင္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာခ်င္တာကမဟုတ္ ဘူးလို႔ေျပာခ်င္ပါတယ္’’ ဟု ဗိုလ္ မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ သည္။
UWSA လားရႈိးဆက္ဆံေရး ႐ုံးတာဝန္ခံဦးညီရန္းကလည္း စစ္ ေရးတင္းမာသည္ဆိုျခင္းႏွင့္ ပတ္ သက္ၿပီး ေျမျပင္သတင္းအခ်က္ အလက္ မရေသးေၾကာင္းေျပာ သည္။
‘‘အၿမဲတမ္းအတူေနေနၾက တယ္၊ နီးကပ္ေနတယ္ဆိုေတာ့ ဒါကေတာ့ နားလည္မႈလြဲမွားတာ ရွိမွာေပါ့ေလ။ ဒါကႀကီးႀကီးက်ယ္ က်ယ္စိုးရိမ္ရမယ့္ ဟာေတာ့မ ဟုတ္ပါဘူး’’ ဟု ဦးညီရန္းကေျပာသည္။
မိုင္းလားအဖြဲ႕ (NDAA) ႏွင့္ UWSA အၾကားတင္းမာမႈရွိေနၿပီး ‘ဝ’ တပ္ဖြဲ႕ဝင္မ်ားမိုင္းလားေဒသ သို႔ဝင္ေရာက္မႈရွိသည္ဆိုျခင္းႏွင့္ ပတ္သက္ၿပီး ဦးညီရန္းကိုေမး ျမန္းရာ မိုင္းလားေဒသတြင္ ‘ဝ’ တပ္ဖြဲ႕မ်ားေရာက္ရွိေနျခင္းမွာ ကိုးကန႔္အေရးအခင္းျဖစ္ပြားက တည္းက ျဖစ္ေၾကာင္း၊ ထူးထူး ျခားျခားကိစၥရပ္မရွိေၾကာင္း၊ ‘ဝ’ ႏွင့္ မိုင္းလားေခါင္းေဆာင္မ်ားအ ၾကားအျပန္အလွန္လည္ပတ္မႈ၊ ေဆြးေႏြးမႈရွိေၾကာင္းေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၆ ႏွစ္ကုန္ ပိုင္းကလည္း UWSA တပ္အင္ အားအမ်ားအျပား မိုင္းလားေဒသ သို႔ ဝင္ေရာက္ေနရာယူျခင္း ေၾကာင့္ ႏွစ္ဖက္မေျပလည္မႈျဖစ္ ေပၚခဲ့သည္။ ထိုစဥ္ကအစိုးရႏွင့္ တပ္မေတာ္က ေစ့စပ္ညႇိႏႈိင္း၍ ႏွစ္ဖက္ ေျပလည္ခဲ့ေၾကာင္း၊ UWSA တပ္မ်ားျပန္လည္ဆုတ္ခြာ ခဲ့ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္း ထြန္းက ေျပာသည္။
‘‘ညႇိႏႈိင္းၿပီး သူတို႔ႏွစ္ဖြဲ႕ျပန္ လည္ေျပလည္မႈရရွိသြားတာကို ေတာ့သိရတယ္။ အခုေနာက္ပိုင္း ျဖစ္စဥ္ေတာ့ ကြၽန္ေတာ္မသိရ ေသးပါဘူး’’ ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္ မင္းထြန္းကေျပာသည္။
UWSA ႏွင့္ NDAA ႏွစ္ဖြဲ႕စ လုံးသည္အစိုးရႏွင့္ ျပည္ေထာင္စု အဆင့္၊ ျပည္နယ္အဆင့္အပစ္ ရပ္စဲေရး ေဆာင္႐ြက္ထားေသာ္ လည္း တစ္ႏိုင္ငံလုံးအပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ (NCA) တြင္ပါ ဝင္ လက္မွတ္ေရးထိုးျခင္းမရွိေသး ေပ။ ယင္းႏွစ္ဖြဲ႕အပါအဝင္ NCA မထိုးရေသးသည့္ အဖြဲ႕မ်ားပါဝင္ လာေရးအစိုးရႏွင့္ တပ္မေတာ္ ေခါင္းေဆာင္မ်ားက တိုက္တြန္း ထားသည္။
Unicode
UWSA နှင့် စစ်ရေးတင်းမာမှု မရှိကြောင်း တပ်မတော်ပြော
တပ်မတော်နှင့် ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) တို့အကြား ရှမ်းပြည်နယ်အရှေ့ ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း အောက်တိုဘာလကုန်ပိုင်းကစ၍ စစ်ရေးတင်းမာနေကြောင်း ရှမ်း သတင်း ဌာနတစ်ခု၏ နိုဝင်ဘာ ၅ ရက် သတင်းဖော်ပြမှုနှင့်ပတ် သက်ပြီးမဟုတ်မှန်ကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
‘‘ကျွန်တော်လည်းတွေ့ပြီး ပါပြီ။ အဲဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကမဟုတ် ဘူးလို့ပြောချင်ပါတယ်’’ ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။
UWSA လားရှိုးဆက်ဆံရေး ရုံးတာဝန်ခံဦးညီရန်းကလည်း စစ် ရေးတင်းမာသည်ဆိုခြင်းနှင့် ပတ် သက်ပြီး မြေပြင်သတင်းအချက် အလက် မရသေးကြောင်းပြော သည်။
‘‘အမြဲတမ်းအတူနေနေကြ တယ်၊ နီးကပ်နေတယ်ဆိုတော့ ဒါကတော့ နားလည်မှုလွဲမှားတာ ရှိမှာပေါ့လေ။ ဒါကကြီးကြီးကျယ် ကျယ်စိုးရိမ်ရမယ့် ဟာတော့မ ဟုတ်ပါဘူး’’ ဟု ဦးညီရန်းက ပြော သည်။
မိုင်းလားအဖွဲ့ (NDAA) နှင့် UWSA အကြားတင်းမာမှုရှိနေပြီး ‘ဝ’ တပ်ဖွဲ့ဝင်များမိုင်းလားဒေသ သို့ဝင်ရောက်မှုရှိသည်ဆိုခြင်းနှင့် ပတ်သက်ပြီး ဦးညီရန်းကိုမေး မြန်းရာ မိုင်းလား ဒေသတွင် ‘ဝ’ တပ်ဖွဲ့များရောက်ရှိနေခြင်းမှာ ကိုးကန့်အရေးအခင်းဖြစ်ပွားက တည်းက ဖြစ်ကြောင်း၊ ထူးထူး ခြားခြားကိစ္စရပ်မရှိကြောင်း၊ ‘ဝ’ နှင့် မိုင်းလားခေါင်းဆောင်များအ ကြားအပြန် အလှန်လည်ပတ်မှု၊ ဆွေးနွေးမှုရှိကြောင်းပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန် ပိုင်းကလည်း UWSA တပ်အင် အားအများအပြား မိုင်းလားဒေသ သို့ ဝင်ရောက်နေရာယူခြင်း ကြောင့် နှစ်ဖက်မပြေလည်မှုဖြစ် ပေါ်ခဲ့သည်။ ထိုစဉ်ကအစိုးရနှင့် တပ်မတော်က စေ့စပ်ညှိနှိုင်း၍ နှစ်ဖက် ပြေလည်ခဲ့ကြောင်း၊ UWSA တပ်များပြန်လည်ဆုတ်ခွာ ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
‘‘ညှိနှိုင်းပြီး သူတို့နှစ်ဖွဲ့ပြန် လည်ပြေလည်မှုရရှိသွားတာကို တော့သိရတယ်။ အခုနောက်ပိုင်း ဖြစ်စဉ်တော့ ကျွန်တော်မသိရ သေးပါဘူး’’ ဟု ဗိုလ်မှူးချုပ်ဇော် မင်းထွန်းကပြောသည်။
UWSA နှင့် NDAA နှစ်ဖွဲ့စ လုံးသည်အစိုးရနှင့် ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်အပစ် ရပ်စဲရေး ဆောင်ရွက်ထားသော် လည်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင်ပါ ဝင် လက်မှတ်ရေးထိုးခြင်းမရှိသေး ပေ။ ယင်းနှစ်ဖွဲ့အပါအဝင် NCA မထိုးရသေးသည့် အဖွဲ့များပါဝင် လာရေးအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များက တိုက်တွန်း ထား သည်။
====================================
END / 251