အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၆ အောက်တိုဘာ ၂၀၂၁

၂၀:၂၆:၃၉
1186404

အရ်ဗအီးန် ဇေယာရသ် ပြုသူများ ၏ လုံခြုံရေး မြင့်မား ခြင်းသည် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ကာစင်မ် ဆိုလိုင်မန်နီ ၏ ကြိုးပမ်းမှုများ ကြောင့် ဖြစ်ပါတယ် /အိုင်ဗရီကို့စ် နိုင်ငံသား ဇေယာရသ်ပြုသူ

အိုင်ဗရီကို့စ် နိုင်ငံသား ဇေယာရသ်ပြုသူမှ ((အရ်ဗအီးန်မှပေးသည့် သတင်းစကား)) အတွက် ပြောကြားသည်မှာ - အမှန်တရား၊ အရှိကို အရှိအတိုင်းမြင်ရ ကြောင်း အေမာမ်ဟိုစိန် (အ.စ) နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရန်သူများ သည် ရှဟီးဒ်ပြုလုပ်ခဲ့ကြကြောင်း သို့သော် ယနေ့ ဤ ကြီးမားသည့် ရောင်ဇာတော်မြတ် ထံ သန်းပေါင်းများစွာ သော ဇေယာရသ် ပြုသူများ လာရောက်သည် ကို တွေ့မြင် ရကြောင်း ဘာကြောင့်လဲဆိုရင် ဤသည် အမှန်တရား ၊ အရှိတရား ဖြစ်သည့် အတွက်ကြောင့် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။


အရ်ဗအီးန် ခြေလျင် ဇေယာရသ် ပြုသူများ တွင် ပါဝင်သည့် အိုင်ဗရီကို့စ် နိုင်ငံသား ဇေယာရသ်ပြု သူ မှပြောကြားပါတယ်။ ကျနော် အနေဖြင့် ကြီးမားသည့် ဖြစ်ရပ်မှန် အေမာမ် ဟိုစိန် (အ.စ) ၏ ရှဟာဒသ် နှင့် အာ ရှုရာ ၏ဖြစ်ရပ်မှန်ကို အောက်မေ့ သတိရရန် နှင့် အရ်ဗအီးန်ဇေယာရသ် ပြုရန် ရောက်လာခြင်း ဖြစ်ပါတယ်။

သာဂ်ျဂျိုဒ်ဒီးန် မိုဟမ္မဒ် အမည် ရှိ ၃၁ နှစ်အရွယ် လက်ဘနွန် နိုင်ငံပွား မှ အဗ်နာ သတင်းထောက်နှင့် စကားပြောကြားရင် ပြောကြားသည်မှာ - အရ်ဗအီးန် ခြေလျင် ဇေယာရသ်ပြုဖို့ ရောက်လာ ကြောင်း ၊ အကြောင်းမှာ အဗါ အဗ်ဒိုလ္လာဟ် ဟေလ်ဟိုစိန် (အ.စ) သည် ကျွန်ုပ်တို့အား ဖြောင့်မတ် မှန်ကန်သည့် လမ်း နှင့် ဂျန္နသ် အမတသုခဘုံအား လမ်းညွှန် ပေးရန်အတွက် ဖြစ်ကြောင်း ခြေလျင်ဇေယာရသ် အတွက်လာရ သည်မှာ ကျွန်ုပ်တို့ သေဆုံးသည့် အချိန် အေမာမ် (အ.စ) ကျွန်ုပ်တို့နား ကြွမြန်းလာပြီး ကျွန်ုပ်တို့အား ဂျန္နသ် အမတသုခဘုံအား ညွှန်ပြရန် အတွက် ဖြစ်ကြောင်း ခြေလျင်ဇေယာရသ် အတွက်လာရ သည်မှာ ကျွန်ုပ်တို့အား အေမာမ် (အ.စ) အနေဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏လမ်းစဉ် သို့ ပို့ဆောင် ပေးတော်မူရန် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ခြေလျင်ဇေယာရသ် နှင့်ပတ်သက်ပြီး မိမိ ခံစားချက်ကို ပြောကြားပါတယ် ။ ကျနော်ခံစားချက် မတင်ပြနိုင် ကြောင်း အကြောင်းမှာ ခံစားချက်မှန်သမျှ ကို အမှန်တကယ် မယုံကြည်စရာ ဖြစ်နေပြီး ပုံမှန် မဟုတ်ကြောင်း တစ်ဦးတစ်ယောက်အနေဖြင့် ကရ်ဗလာ နှင့် ဇေယာရသ် အရ်ဗအီးန် ကို ကိုယ်တိုင် မလာလျှင် ဤကဲ့သို့သော် ခံစားချက်ကို ခံစားနိုင်မည် မဟုတ်ကြောင်း ဤကိစ္စသည် မှော်ဆန်နေကြောင်း ပြောကြားခဲ့ပါတယ်။

သာဂ်ျဂျိုဒ်ဒီးန် မိုဟမ္မဒ် သည် အိုင်ဗရီကို့စ် နိုင်ငံ ၏မြို့တော် အဗီးဂျန် တွင်နေထိုင်သူဖြစ်ပါတယ်။ ၎င်းမှ ဆက်လက်ပြီးပြောပါတယ်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ထံ မှ ဘဝတည်ဆောက်နည်း ၊ ကောင်းမြတ်သည့် ဆက်ဆံရေး ၊ လူပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် နေထိုင်နည်း ၊ လူများ နှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်း ရက်ရောခြင်း ၊ဤလောကတွင် အခြားသူများ နှင့် ကောင်းမွန်စွာဆက်ဆံနည်း တို့ကို သင်ယူ ဆည်းပူး နိုင် ကြောင်း ဤသည် အလ္လာဟ်ဟိုအရှင်မြတ် ၏ ဂျန္နသ် တော် ကို ရရှိရန် နှင့် မဟာတမန်တော်မြတ် ကြီး (ဆွ) နှင့် ကိုယ်တော် မြတ် (ဆွ) ၏ အိမ်တော်သူအိမ်တော်သားများ (ခ) အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အနီးသို့ရောက်ရှိမည့် အမှီသဟဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိုင်ဗရီကို့စ် နိုင်ငံသား ဇေယာရသ်ပြုသူမှ ((အရ်ဗအီးန်မှပေးသည့် သတင်းစကား)) အတွက် ပြောကြားသည်မှာ - အမှန်တရား၊ အရှိကို အရှိအတိုင်းမြင်ရ ကြောင်း အေမာမ်ဟိုစိန် (အ.စ) နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရန်သူများ သည် ရှဟီးဒ်ပြုလုပ်ခဲ့ကြကြောင်း သို့သော် ယနေ့ ဤ ကြီးမားသည့် ရောင်ဇာတော်မြတ် ထံ သန်းပေါင်းများစွာ သော ဇေယာရသ် ပြုသူများ လာရောက်သည် ကို တွေ့မြင် ရကြောင်း ဘာကြောင့်လဲဆိုရင် ဤသည် အမှန်တရား ၊ အရှိတရား ဖြစ်သည့် အတွက်ကြောင့် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ဤလမ်းစဉ် သည် တမန်တော်မြတ် (ဆွ) လိုလားသည့် လမ်းစဉ်ဖြစ်ပြီး ကျနော်တို့ လည်း ၎င်း လမ်းစဉ်နောက်သို့ လိုက်နေခြင်း ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

သာဂ်ျဂျိုဒ်ဒီးန် မိုဟမ္မဒ် မှ ဆက်လက်ပြီး ခြေလျင်ဇေယာရသ် ပြုသူများ ၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ပြောကြားသည်မှာ - မွတ်စလင်မ်များ အားလုံး ကရ်ဗလာ ၊ နဂျဖ် ယေဘုယျ အား ဖြင့်အီရတ်သို့ လာရသည့် ရည်ရွယ်ချက်မှ တစ်ခု တည်း ဖြစ်ကြောင်း ၎င်းရည်ရွယ်ချက်မှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အရို အသေအလေး အမြတ် ပြု သည် ဖြစ်ကြောင်း အီရတ် လူမျိုးများ သည် အရာအားလုံး အား ရက်ရောစွာဖြင့် လမ်းတွင် စားစရာ နှင့် သောက်စရာ အအေးများ ခြေလျင်လျှောက်လှမ်းနေသူများ ကို ဧည့်ခံ သည့် လူမျိုးများ ဖြစ်ကြောင်း ဇေယာရသ် ပြုသူများ မှာ လူမျိုးစုံမှ ဖြစ်ပေမဲ့စည်းလုံး ညီညွတ်စွာဖြင့် ကရ်ဗလာ တစ်ခု တည်း ကိုသာ ပြောကြောင်း ဖြစ် ပါတယ်။

၎င်းမှဆက်က်ပြီး လက်ရှိမွတ်စလင်မ်များ ၏ တာဝန်ဝတ္တရား နှင့်ပတ်သက်ပြီး ပြောကြားသည်မှာ - မွတ်စလင်မ်များ ၏ တာဝန် ဝတ္တရား မှာ မွတ်စလင်မ်လောကအား (ခ) မွတ်စလင်မ်ကမ္ဘာကြီးအား အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ စတေးမှု သည် ကျွန်ုပ်တို့ အား ၎င်းတို့၏ လမ်းစဉ် နှင့် စွန္နသ် နှင့်ဘဝ အပေါ် လျှောက်လှမ်းပြီး ကံကောင်း ပျော်ရွှင် မှု နှင့် ဂျန္နသ် အမတသုခဘုံ ရရှိ အောင် ဖြစ်ကြောင်း ကို သိရှိအောင်လုပ်ဆောင်ရန် ဖြစ်ကြောင်း ၊ ယနေ့ သန်း ၂၀ကျော် ရှီအာ မွတ်စလင်မ်များ ဤနေရာတွင် စုစည်းနေကြ ကြောင်း ပြီးနောက် အားလုံး ၏ ရည်ရွယ်ချက်မှာ တစ်ခု တည်းသာ ဖြစ်ကြောင်း ၊ ထိုရည်ရွယ်ချက်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ အေဗါဒသ် ပြု ရန်နှင့် ၎င်းထံ နီးကပ်မှု ကို ရရန် အတွက် ဖြစ်ကြောင်း ၊ ထိုမှသာ အင်န်ရှာအလ္လာဟ် အေမာမ် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ကျွန်ုပ်တို့ အတွက် အသနားခံ လျှောက်ထားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး အိုင်ဗရီကို့စ်နိုင်ငံ ၊ ပြင်သစ် ၊ အလ်ဂျီးရီးယား ၊ မော်ရစ်ကျွန်းဆွယ် ၊ အိန္ဒိယ၊ လက်ဘနွန် နှင့်အီရန်နိုင်ငံသားများသည် အရ်ဗအီးန် ခြေလျင် ဇေယာရသ် အတွက် ပါဝင်ခဲ့ကြ ကြောင်း မိမိတို့၏ စတုဒိသာ အမည်မှာ ပြင်သစ်အစ္စလာမ်မီ အဗီးဂျန် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး အီရတ် လုံခြုံရေးကို ပြုလုပ်ပေးကြသည့် အလ်ဟရှ်ဒွတ်ရှ်ရှအ်ဘီ တပ် ၊ ကြံကြံခံ ခုခံရေးတပ်များ ၏ ရှဟီးဒ်များ ပမာအားဖြင့် ဗိုလ်ချုပ်ကြီး ဆိုလိုင်န်နီ ၊ အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် တို့နှင်ပတ်သက်ပြီး ကျွန်ုပ်တို့အီရတ် ကိုရောက်လာသည့်အခါ လုံခြုံရေး ကို အလွန်တရာ အလေးအနက် စီစဉ်ထားသည်ကို တွေ့ကြောင်း ၊ အမှန်တကယ် လုံခြုံကြောင်း အရာရာတိုင်းကို ထိန်းချုပ် ထိန်းကွပ် ထား နိုင်ပြီး မြို့များ တွင် လုံခြုံငြိပ်ဝပ်ပိပြား ကြောင်း ၊ လုံခြုံရေး မြင့်မား ခြင်းသည် ဗိုလ်ချုပ်ကြီးရှဟီးဒ် ကာစင်မ် ဆိုလိုင်မန်နီ ၏ ကြိုးပမ်းမှုများ ကြောင့် ဖြစ်ကြောင်း လုံခြုံရေး မြင့်မား သည့်အတွက် လူဦးရေ သန်းပေါင်းများစွာ ဤနေရာတွေ ရှိနေ ကြကြောင်း ပြောကြားခဲ့ ပါတယ်။

သာဂ်ျဂျိုဒ်ဒီးန် မိုဟမ္မဒ် အဆုံးတွင် ပြေကြားသည်မှာ - အိုင်ဗရီကို့စ်နိုင်ငံ ရှိ ရှီအာများ အားလုံးသည် အရ်ဗအီးန် နေ့ကို အလေးအမြတ် ပြုအောက်မေ့သည့် အနေဖြင့် အေမာမ်ဘာရာများသို့ သွား ရောက်ကြကြောင်း မာတမ် (ခ) ရင်ထု မှုကို ပြုလုပ်ကြကြောင်း အေမာမ် ဟိုစိန် (အ.စ) အတွက် ငို ကြွေး ကြကြောင်း ထိုမှသာ အာရှုရာ တော်လှန်ရေး မှ လမ်းမှန် တရားကို ရရှိ နိုင်ရန်အတွက် ဖြစ်ကြောင်း ၊ အေမာမ် ဟိုစိန် (အ.စ) နှင့် ၎င်း၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အရိုအသေ အလေးအမြတ် ပြုကြရန် ဖြစ်ကြောင်း အိုင်ဗရီကို့စ်နိုင်ငံ တွင် ရှီအာ လူဦးရေ အများ အပြား ရှိပြီး အနည်းဆုံး ရှီအာ မွတ်စလင်မ် ၁သိန်းကျော် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251