အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
စစ္ကိုင္းတိုင္းကတိုင္းရင္းသားေဒသတခ်ိဳ႕မွာ ႏိုင္ငံသားစိစစ္ေရးကတ္မရွိသူ ၂၁ ရာခိုင္ႏႈန္းအထိရွိတယ္လို႔ခ်င္းတြင္းအင္စတီက်ဴ႕အဖြဲ႕က ေကာက္ယူတဲ့စစ္တမ္းတခုအရ သိရ ပါတယ္။
စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕အေျခစိုက္ခ်င္းတြင္းအင္စတီက်ဴ႕အဖြဲ႕ကေနဌာေနတိုင္းရင္းသားလူမ်ိဳးမ်ား ႏိုင္ငံသားအခြင့္အေရးအေျဖရွာ ေခါင္းစဥ္နဲ႔လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္ အားဆိုင္ရာဦးစီးဌာနရဲ႕လုပ္ငန္းစဥ္အေပၚ ေဒသခံတိုင္းရင္းသားေတြရဲ႕သိရွိနားလည္မႈဆိုင္ရာအခ်က္အလက္ေကာက္ယူတဲ့စစ္တမ္းတခုကို ၂၀၁၉ ခုႏွစ္စက္တင္ဘာ လကေန ဒီဇင္ဘာလထိ ၄ လၾကာတဲ့ ေကာက္ယူခဲ့တာပါ။
ဒီစစ္တမ္းကို ရွမ္း၊ ခ်င္း၊ နာဂ၊ ကတူး၊ ကနန္း တိုင္းရင္းသားေတြ အမ်ားဆုံး ေနထိုင္ၾကတဲ့ စစ္ကိုင္းတိုင္းအတြင္းက နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ လဟယ္ၿမိဳ႕အပါအဝင္ ခႏၲီး၊ ဟုမၼလင္း၊ ေဖာင္းျပင္၊ တမူး၊ ကေလး၊ ဗန္းေမာက္၊ ပင္လည္ဘူး၊ ဝန္းသို စတဲ့ၿမိဳ႕နယ္ေတြက လူဦးေရ ၁၂၈၆ ဦးကို က်ပန္း ေကာက္ယူခဲ့တာ ျဖစ္ပါတယ္။
အခုလို ေကာက္ယူရတာကတန္းတူညီမွ်မႈႏွင့္တိုင္းရင္းသားလူနည္းစုအခြင့္အေရးအတြက္လည္း ျဖစ္သလိုလ.ဝ.ကလုပ္ငန္းစဥ္ေတြမွာ ေဒသခံ တိုင္းရင္းသားေတြ ႀကဳံေတြ႕ေန ရတဲ့ အခက္အခဲေတြ၊ ျပႆနာေတြကို သိရွိၿပီး သက္ဆိုင္ရာက ေျဖရွင္းေဆာင္႐ြက္ႏိုင္ေစဖို႔ ရည္႐ြယ္ကာ Pataners Asia ရဲ႕ ပံ့ပိုးမႈနဲ႔ ေကာက္ယူခဲ့တာလို႔ ခ်င္းတြင္းအင္စ တီက်ဴ႕ဒါ႐ိုက္တာ ဦးေက်ာ္မိုးလႈိင္က ေျပာပါတယ္။
“တခ်ိဳ႕တိုင္းရင္းသားေဒသေတြမွာ ႏိုင္ငံသားစိစစ္ေရးကတ္ဆိုတာမသိဘူး။ မွတ္ပုံတင္ဆိုမွ သိတယ္။ အေခၚအေဝၚေတြကအစေပါ့။ နားမလည္တာေတြ ရွိတယ္။ အိမ္ေထာင္စု ဇယားမရွိတာေတြလည္း ေတြ႕ရတယ္။တခ်ိဳ႕ဆိုတိုင္းရင္းသားနာမည္အစားဗမာနာမည္ေတြ ေျပာင္းေပးထားတာေတြေတြ႕ရတယ္။မွတ္ပုံတင္ျဖစ္ျဖစ္၊ ေမြးစာရင္းျဖစ္ျဖစ္၊အိမ္ ေထာင္စုဇယားျဖစ္ျဖစ္ ေႏွာင့္ေႏွးၾကန္႔ၾကာတာေတြလည္း ေတြ႕ရတယ္။လူမ်ိဳးစုမွားယြင္းတာေတြလည္းရွိတယ္။စစ္တမ္းအရဆိုမွတ္ပုံတင္မရွိတဲ့သူက၂၁ရာခိုင္ႏႈန္းအထိရွိေန တယ္။ ဒါက အခ်ိန္မီမလုပ္ေဆာင္ႏိုင္ရင္ လာမယ့္ ေ႐ြးေကာက္ပြဲမွာ မဲေပးသူ ဦးေရ နည္းလာႏိုင္တဲ့ကိစၥေတြ ျဖစ္တယ္။ မဲေပးသူ နည္းလာရင္ ေနာက္ဆက္တြဲ ဘာျဖစ္လာ မလဲ စသျဖင့္ေပါ့။ လုပ္စရာေတြ အမ်ားႀကီးရွိတယ္။ ဒီစစ္တမ္းကိုလည္း အစိုးရအဖြဲ႕ကို ေပးအပ္ခဲ့ၿပီး ျဖစ္ပါတယ္။ ဆက္လက္သုံးသပ္ေဆာင္႐ြက္ဖို႔ကေတာ့ အစိုးရအလုပ္ေပါ့။ က်ေနာ္တို႔ဆီမွာ သက္ေသေတြလည္း ရွိပါတယ္။”
စစ္တမ္းကို အသက္ ၁၆ ႏွစ္ျပည့္ၿပီးသူ က်ား ၅၁ ရာခိုင္ႏႈန္းနဲ႔ မ ၄၉ ရာခိုင္ႏႈန္းတို႔က ေျဖဆိုခဲ့ၾကၿပီး လူႀကီး လူငယ္ ထက္ဝက္ အခ်ိဳးတူပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။
ေမးခြန္းေပါင္း ၁၈ ခုပါဝင္ၿပီးမွတ္ပုံတင္၊ အိမ္ေထာင္စု၊ ေမြးစာရင္း စတာေတြကို အေျခခံေမးျမန္းခဲ့တာပါ။ ဒါ့အျပင္ အႀကံျပဳခ်က္အေနနဲ႔ လဝကလုပ္ငန္းစဥ္ေတြကို ျပည္သူေတြ က်ယ္က်ယ္ျပန္႔ျပန္႔သိရွိဖို႔ အသိပညာေပးတာေတြ မ်ားမ်ားလုပ္ဖို႔ လိုအပ္ေနသလို လဝက ဝန္ထမ္းအင္အားပိုမိုျဖည့္တင္းေပးဖို႔ လိုအပ္ေနတဲ့အေၾကာင္းကိုလည္း အႀကံျပဳခ်က္ မွာ ေဖာ္ျပထားပါတယ္။
တိုင္းလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ဦးစီးဌာနကရရွိတဲ့ စာရင္းေတြအရ စစ္ကိုင္းတိုင္းမွာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ႏိုဝင္ဘာလကုန္ထိ ႏိုင္ငံသားအရည္အခ်င္းကိုက္ညီတဲ့ အသက္ ၁၀ ႏွစ္ျပည့္ၿပီးသူ ၇၃၇၈၃ ဦး၊ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူ ၄၉၃၆၇ ဦး၊ အသစ္လဲလွယ္ ၄၃၃၁၄ ဦးနဲ႔ ေပ်ာက္ဆုံး ပ်က္စီးလို႔ မိတၱဴေလွ်ာက္သူ ၅၀၇၁၅ ဦး စုစုေပါင္း ၂၁၇၁၇၈ ဦးကို ႏိုင္ငံသားစိစစ္ေရးကတ္ေတြ ထုတ္ေပးထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။
Unicode
စစ်ကိုင်းတိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၁ ရာခိုင်နှုန်းရှိ
စစ်ကိုင်းတိုင်းကတိုင်းရင်းသားဒေသတချို့မှာနိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၁ ရာခိုင်နှုန်းအထိရှိတယ်လို့ ချင်းတွင်းအင်စတီကျူ့အဖွဲ့က ကောက်ယူတဲ့ စစ်တမ်းတခု အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက်ချင်းတွင်းအင်စတီကျူ့အဖွဲ့ကနေဌာနေတိုင်းရင်းသားလူမျိုးများနိုင်ငံသားအခွင့်အရေးအဖြေရှာခေါင်းစဉ်နဲ့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနရဲ့လုပ်ငန်းစဉ်အပေါ်ဒေသခံတိုင်းရင်းသားတွေရဲ့သိရှိနားလည်မှုဆိုင်ရာအချက်အလက်ကောက်ယူတဲ့ စစ်တမ်းတခုကို ၂၀၁၉ ခုနှစ် စက်တင် ဘာလကနေ ဒီဇင်ဘာလထိ ၄ လကြာတဲ့ ကောက်ယူခဲ့တာပါ။
ဒီစစ်တမ်းကို ရှမ်း၊ ချင်း၊ နာဂ၊ ကတူး၊ ကနန်း တိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့အ ပါအဝင်ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ တမူး၊ ကလေး၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ဝန်းသို စတဲ့မြို့နယ်တွေက လူဦးရေ ၁၂၈၆ ဦးကို ကျပန်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အခုလို ကောက်ယူရတာက တန်းတူညီမျှမှုနှင့် တိုင်းရင်းသား လူနည်းစုအခွင့်အရေးအတွက်လည်း ဖြစ်သလို လ.ဝ.က လုပ်ငန်းစဉ်တွေမှာ ဒေသခံ တိုင်းရင်းသား တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို သိရှိပြီး သက်ဆိုင်ရာက ဖြေရှင်းဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကာ Pataners Asia ရဲ့ ပံ့ပိုးမှုနဲ့ ကောက်ယူခဲ့တာ လို့ ချင်းတွင်းအင်စတီကျူ့ဒါရိုက်တာ ဦးကျော်မိုးလှိုင်က ပြောပါတယ်။
“တချို့တိုင်းရင်းသားဒေသတွေမှာနိုင်ငံသားစိစစ်ရေးကတ်ဆိုတာမသိဘူး။မှတ်ပုံတင်ဆိုမှသိတယ်။အခေါ်အဝေါ်တွေကအစပေါ့။နားမလည်တာတွေရှိတယ်။အိမ်ထောင် စုဇယားမရှိတာတွေလည်းတွေ့ရတယ်။တချို့ဆိုတိုင်းရင်းသားနာမည်အစား ဗမာနာမည်တွေ ပြောင်းပေးထားတာတွေ တွေ့ရတယ်။ မှတ်ပုံတင်ဖြစ်ဖြစ်၊ မွေးစာရင်းဖြစ်ဖြစ်၊ အိမ်ထောင်စုဇယားဖြစ်ဖြစ် နှောင့်နှေးကြန့်ကြာတာတွေလည်း တွေ့ရတယ်။ လူမျိုးစု မှားယွင်းတာတွေလည်း ရှိတယ်။ စစ်တမ်းအရဆို မှတ်ပုံတင်မရှိတဲ့သူက ၂၁ ရာခိုင်နှုန်းအထိရှိနေတယ်။ ဒါက အချိန်မီမလုပ်ဆောင်နိုင်ရင် လာမယ့် ရွေးကောက်ပွဲမှာ မဲပေးသူ ဦးရေ နည်းလာနိုင်တဲ့ကိစ္စတွေ ဖြစ်တယ်။ မဲပေးသူ နည်းလာရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲ စသဖြင့်ပေါ့။ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီစစ်တမ်းကိုလည်း အစိုးရအဖွဲ့ကို ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်သုံးသပ်ဆောင် ရွက်ဖို့ကတော့ အစိုးရအလုပ်ပေါ့။ ကျနော်တို့ဆီမှာ သက်သေတွေလည်း ရှိပါတယ်။”
စစ်တမ်းကို အသက် ၁၆ နှစ်ပြည့်ပြီးသူ ကျား ၅၁ ရာခိုင်နှုန်းနဲ့ မ ၄၉ ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ကြပြီး လူကြီး လူငယ် ထက်ဝက် အချိုးတူပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မေးခွန်းပေါင်း ၁၈ ခုပါဝင်ပြီးမှတ်ပုံတင်၊အိမ်ထောင်စု၊မွေးစာရင်းစတာတွေကိုအခြေခံမေးမြန်းခဲ့တာပါ။ဒါ့အပြင်အကြံပြုချက်အနေနဲ့လဝကလုပ်ငန်းစဉ်တွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ အသိပညာပေးတာတွေ များများလုပ်ဖို့ လိုအပ်နေသလို လဝက ဝန်ထမ်းအင်အားပိုမိုဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့အကြောင်းကိုလည်း အကြံပြု ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနကရရှိတဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလကုန် ထိ နိုင်ငံသားအရည်အချင်းကိုက်ညီတဲ့ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၇၃၇၈၃ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၉၃၆၇ ဦး၊ အသစ်လဲလှယ် ၄၃၃၁၄ ဦးနဲ့ ပျောက်ဆုံး ပျက်စီးလို့ မိတ္တူလျှောက်သူ ၅၀၇၁၅ ဦး စုစုပေါင်း ၂၁၇၁၇၈ ဦးကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
====================================
END / 251
၁၂ ဇန်နဝါရီ ၂၀၂၀ - ၁၆:၃၆
News ID: 1001731
စစ္ကိုင္းတိုင္းကတိုင္းရင္းသားေဒသတခ်ိဳ႕မွာ ႏိုင္ငံသားစိစစ္ ေရးကတ္မရွိသူ ၂၁ ရာခိုင္ႏႈန္းအထိရွိတယ္လို႔ခ်င္းတြင္းအင္ စတီက်ဴ႕အဖြဲ႕က ေကာက္ယူတဲ့စစ္တမ္းတခုအရ သိရ ပါ တယ္။