၁၁ မတ် ၂၀၂၅ - ၀၉:၃၀
ရှဟီးဒ်များ ၏ အမြင် ကို ကျွန်ုပ်တို့ လိုက်နာ ဖို့ လိုကြောင်း အီရန်သမ္မတ ပြောကြား

အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အခြေအနေ၏ လေးနက်မှုကို ထောက်ပြပြီး ယနေ့ခေတ် တွင် ကျွန်ုပ်တို့သည် ရှဟီးဒ်များ (ခ) အာဇာနည်များ၏ အမြင်နှင့် ယဉ်ကျေးမှုကို ယခင်ကထက် ပိုမို လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ယနေ့ ရာဟီယာန်းနေ နူးရ် ကောင်စီအဖွဲ့ဝင်များ နှင့် တွေ့ဆုံစဉ် အာဇာနည်များ (ခ) ရှဟီးဒ်များ ၏ အမြင်နှင့် ၎င်းတို့၏ ယဉ်ကျေးမှု ၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့ပါတယ်။

ယနေ့ခေတ်အခြေအနေသည် မြင့်မြတ်သောကာကွယ်ရေးခေတ် (အီရန်၊အီရတ်စစ်ပွဲခေတ်) ထက် များစွာ ပိုမိုရှုပ်ထွေးပြီး ရန်သူသည် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို အစွမ်းကုန်တိုက်ခိုက်နေကြောင်း ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပြောကြားခဲ့ပါတယ်။

ယခု လို ထိလွယ်ရှလွယ်ကာလတွင် အာဇာနည်များ ၏ အတွေးအမြင်နှင့် ယဉ်ကျေးမှုကို ယခင်ကထက် ပိုမိုလိုအပ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့၏ ရှဟီးဒ်တော်များ သည် ခိုင်မာသည့် အီမာန် နှင့် ယုံကြည်ချက်နှင့် အတူ မိမိတို့၏ အသက် အိုးအိမ် ၊ စည်းစိမ်ဥစ္စာများ ကို စတေး ခဲ့ပြီး ရန်သူ၏ ရည်ရွယ်ချက်များကို ပျက်ပြားစေ ခဲ့ကြောင်း အာဇာနည်များ၏ စိတ်ဓာတ် နှင့်  ယဉ်ကျေးမှုကို လက်ခံကျင့်သုံးခြင်းအားဖြင့် လက်ရှိပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ်လို့ ကျွန်ုပ် ယုံကြည်ကြောင်း ထပ်လောင်းပြီး အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha