အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA အစီရင်ခံစာ အရ လူဝင်မှုကြီးကြပ်ရေး အရာရှိများက ၎င်း၏ နိုင်ငံကူးလက်မှတ်ကို ထွက်ပေါက် တံဆိပ် တုံးဖြင့် ရိုက်နှိပ်ပြီးနောက် ဆီးရီးယားအာဏာပိုင်များနှင့် ဆက်စပ်နေသည့် လုံခြုံရေးအဖွဲ့တစ်ဖွဲ့က ရှိက်ခ် အဲဟ်မဒ် ဗဒရိုဒ်ဒီးန် ဟစူန် ကို ဖမ်းဆီးကာ ထုတ်ဖော်မပြသော နေရာသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဆီးရီးယား သတင်း ရင်းမြစ်များက ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ဆီးရီးယားရဲ့ မုဖ်သီအအ်ဇန်းမ် ဟောင်း ရှိက်ခ် အဲဟ်မဒ် ဗဒရိုဒ်ဒီးန် ဟစူန် အား ဖမ်းချုပ်ပြီးနောက် မျက်စိများ ကို ပတ်တီး စီးထားကြောင်း တွေ့ရပါတယ်။
ရှိက်ခ် အဲဟ်မဒ် ဗဒရိုဒ်ဒီးန် ဟစူန် သည် မိမိ ၏ရောဂါကို ခွဲစိတ်ကုသရန် ဂျော်ဒန်သို့ သွားရန် အတွက် ခရီး ထွက် ခဲ့ခြင်း ဖြစ်ပါတယ်။
al-Mayadeen သတင်းချန်နယ်၏ အဆိုအရ ဆီးရီးယား သိမ်းပိုက်ရေး တပ်ဖွဲ့များသည် ယခင်က ဆီးရီးယားမှ မုဖ်သီ ချုပ်အား နိုင်ငံမှ ထွက်ခွာခြင်းကို ကန့်သတ်ခြင်း မရှိဟု ယခင်က ကြေညာခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များသည် အလက်ပိုရှိ ရှိက်ခ် အဲဟ်မဒ် ဗဒရိုဒ်ဒီးန် ဟစူန် ၏နေအိမ်သို့ အတင်း အကြပ်ဝင်ရောက်ခဲ့ပြီး ၎င်းမိသားစု ၏ ကိုယ်ပိုင်ပစ္စည်းများကို ယူဆောင်ခွင့်မပြုခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်တစ်ခု က Al-Mayadeen သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment