၂၀ ဧပြီ ၂၀၂၅ - ၀၈:၂၆
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)  ၏ ဆိုဆုံးမမှု

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆိုဆုံးမမှု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

لا يَرْجُوَنَّ اَحَدٌ مِنْكُمْ اِلاّ رَبَّهُ وَ لا يَخافَنَّ اِلاّ ذَنْبَهُ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အသင်တို့အနက်မှ မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ်မှ တစ်ပါး မည်သူကိုမျှ မမျှော်လင့် (အားမကိုး) ပါနှင့် ။ မိမိအပြစ် (ဂိုနာဟ် ) မှတစ်ပါး မည်သည့်အရာကိုမျှ မကြောက်ရွံ့ကြပါနှင့်။ »

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၈၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် တစ်ပါးတည်း အပေါ် သာလျင် မျှော်လင့် ၊အားကိုး ရမည် ဖြစ်ပါတယ်။ ဤကဲ့သို့ အီမာန် ကျွန်ုပ်တို့ အတွင်း ကိန်း အောင်း လာမည် ဆိုလျင် မည်သူကိုမျှ မျှော်လင့် အားကိုးတော့မည် မဟုတ်ချေ။ မည်သည့် အရာကို မဆို အလ္လာဟ် ဟို အရှင်မြတ် ဘက်တော် မှ အကြောင်း ခံ အဖြစ် သိမြင်လာမည်ဖြစ်ပါတယ်။ ပြီးနောက် မိမိကျူးလွန်ထားသည့် ဂိုနာဟ် (အပြစ်) ကိုသာ ကြောက်ရမည် ဖြစ်ပါတယ်။ အကြောင်း မှာ မိမိ ဂိုနာဟ် (အပြစ်)လောက်မည်သူမျှ မိမိအား ပျက်စီးစေနိုင် ဆုံးရုံးစေနိုင်အောင် ပြုနိုင် စွမ်း မရှိသည့် အတွက်ကြောင့် ဖြစ်ပါ တယ်။ အချို့သည် မိမိ အပြစ်များ ဆက်တိုက်ကျူးလွန်နေလျက် မည်သည့် အရေးယူမှူ မှ မခံရသည့် အခါ မိမိကိုယ် ကို ဟုတ်လာပြီး ဟု မှတ်နေကြပါတယ်။ အမှန်တကယ် အလ္လာဟ် မှ အချိန်တစ်ခု ပေးထား သည် ကိုမေ့နေကြပါနှင့်။ ပြီးနောက် အလ္လာဟ် အရေးယူလျင် မည်သူမျှ တားနိုင်မည်မဟုတ်ကြောင်းမေ့နေကြခြင်း ဖြစ်ပါ တယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha