အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုဂံမြို့သို့ရောက်ရှိလာပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများကို ကြည့်ရူ့စစ်ဆေးနေကြောင်း ပုဂံမြို့သို့ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
ပုဂံဒေသရှိစေတီပုထိုးများသည် တန်ဖိုးဖြတ်၍မရသောကြောင့် ငွေကြေးကုန်ကျမှုကိုမကြည့်ဘဲ အကောင်းဆုံးပြင်ဆင်မှုများပြုရန် မှာကြားခဲ့သည်။ အကယ်၍ နောက်ထပ်တစ်ကြိမ် ငလျင်ထပ်မံဖြစ်ပွားပါက ကယ်ဆယ်မှုများ အဆင်သင့်ပြုလုပ်ထားရန်လည်း ထပ်မံမှာကြားခဲ့သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များပူးပေါင်းပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ ပြုပြင်ရန်အတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော်ကို လှူဒါန်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
===================
251 / End