အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရကို အီရန်ဒုံးကျည်များ တိုက်ခိုက်မှု အကြိမ်အသစ်တွင် အီရန်၏ တိကျသေချာသော ဒုံးကျည် အမြောက်အမြားသည် ဇီယွန်အစိုးရ၏ အရေးပါသော ပါဝါအဆောက်အအုံများကို ထိမှန်ခဲ့ပါတယ်။
ဤတိုက်ခိုက်မှုများသည် သိမ်းပိုက်ခံနယ်မြေများ၏ အလယ်ပိုင်းဒေသများရှိ ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်စေပြီး အစ္စရေး အစိုးရ၏ အရေးပါသော အခြေခံ အဆောက်အအုံ၏ အစိတ်အပိုင်းကို ပိတ်ထားခဲ့ရပါတယ်။
ဒီအစီရင်ခံစာအရ "စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၃ " ကို ဆက်လက်အကောင်အထည်ဖော်ရာမှာ၊ သိမ်းပိုက် ထားတဲ့ နယ်မြေတွေကို အီရန်က ဒုံးကျည်ပစ်လွှတ်မှု အကြိမ်သစ်ကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က စတင်ခဲ့ပါတယ်။
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနမှလည်း ဇီယွန်နစ်အစိုးရ၏ ရန်စမှုများကို တုံ့ပြန်သည့်အနေဖြင့် "စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၃ " ကို ဒုံးကျည်-ဒရုန်း စစ်ဆင်ရေး လှိုင်းသစ် တစ်ခုကို IRGC Aerospace Force မှ စတင်လိုက်ပြီဖြစ်ပါတယ်။
သိမ်းပိုက်ထားသော နယ်မြေများတွင် အီရန် ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုံးကျည်တိုက်ခိုက်မှုသည် ကြိုတင် သတ်မှတ် ထားသော အမှတ်များကို ထိမှန်စေရန် ရည်ရွယ်ချက်ဖြင့် စတင်နေပြီဖြစ်ပါတယ်။
ဒရုန်းဒုံးပျံများ အများအပြားဖြင့် ပေါင်းစပ်ထိုးစစ်ဆင်မှုလှိုင်းသစ်သည် ယာအလီ အစ်ဗ်နေအဘီသွာလစ်ဗ် (အ.စ) ဟူသော ကုဒ်အမည်ဖြင့် စတင်နေပြီဖြစ်ပါတယ်။
ဇွန်လ ၁၃ ရက်နေ့ နံနက်ခင်းတွင် ဇီယွန်ဝါဒီအစိုးရသည် အီရန် နိုင်ငံရှိ နယ်မြေများကို တိုက်ခိုက်ခဲ့ရာ လက်နက် ကိုင်တပ်ဖွဲ့၏ အကြီးတန်းတပ်မှူးများ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် ပြည်သူအများအပြား ကျဆုံးခဲ့ပါတယ်။
အကြမ်းဖက် အစ္စရေး ၏ ဤတိုက်ခိုက်မှုအပြီးတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က မိမိ ၏ အီရန် ပြည်သူများအား အီရန် လက်နက်ကိုင် တပ်ဖွဲ့များ သည် အားအင်(အပြည့်နှင့် ) လူဆိုး ဇီယွန်ဝါဒီအစိုးရကို ဘာမှ မတတ်နိုင်သည့် အခြေအနေဖြစ်အောင် ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း ဇီယွန်ဝါဒီအစိုးရသည် ဤရာဇ၀တ်မှုမှ လွတ်မြောက်မည်မဟုတ်ကြောင်း၊ အီရန် ပြည်သူများ သည် ယင်းကိစ္စကို ကျွန်ုပ်တို့ လျစ်လျူရှုထား မည်မဟုတ်ကြောင်း ကို အာမခံ ကြောင်း မိန့်ကြားခဲ့ ပါတယ်။
.......................................................
END / 251
Your Comment