၂၆ ဇူလိုင် ၂၀၂၅ - ၁၀:၀၅
ဟဇရသ်အာယာသွလ္လာဟ် ဆယက်ဒ် စစ်သာနီ မှ တနင်္ဂနွေနေ့ကို ဆဖရ်လ ပထမရက် အဖြစ် ကြေညာ

ကမ္ဘာ့အကျော် အမော် ရှီအဟ် မရ်ဂျအ်များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ မှ တနင်္ဂနွေနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ၂၀၂၅ ခုနှစ် အား ဆဖရ်လ ၏ ပထမရက် ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့အကျော် အမော် ရှီအဟ် မရ်ဂျအ်များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ရုံး မှ တနင်္ဂနွေနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ၂၀၂၅ ခုနှစ် အား ဆဖရ်လ ၏ ပထမရက် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၄၇ ခုနှစ် ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

တရားဝင် အီရတ်သတင်းအေဂျင်စီ (INA) ၏ အဆိုအရ စနေနေ့၊ ဇူလိုင်လ ၂၆ ရက်သည် မုဟရမ် ၏ နောက်ဆုံးနေ့ဖြစ်ပြီးတနင်္ဂနွေနေ့  ဇူလိုင် ၂၇ရက်နေ့  ၂၀၂၅ ခုနှစ် သည် ဆဖရ်လ ၏ ပထမ နေ့ ဖြစ်ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ရုံး၏ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံ တွင် စနေနေ့ ၊ ဇူလိုင်လ ၂၆ ရက်နေ့ ၂၀၂၅ ခုနှစ် သည် ဆဖရ်လ ၏ ပထမရက် ဖြစ်ပါတယ်။  ဤအတွက်ကြောင့် အီရန်တွင်ယနေ့ ဆဖရ်လ ၁ ရက်ဖြစ်ပြီး အီရတ် တွင် မနက်ဖန် ဆဖရ်လ တစ်ရက် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha