၁၀ စက်တင်ဘာ ၂၀၂၅ - ၀၉:၀၅
H.I ဆယက်ဒ် အမါရ်  ဟကီးမ် မှ အီရန်သည် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် အစ္စလာမ်ကမ္ဘာ၏ ရှေ့တန်း ခံတပ်ဖြစ် ကြောင်း ပြောကြား

အီရတ်အမျိုးသား ဉာဏ်ပညာလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် H.I ဆယက်ဒ် အမါရ် ဟကီးမ် သည် တီဟီရန်တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ မြေးတော် H.I ဆယက်ဒ် ဟစန် ခိုမေနီ နှင့် တွေ့ဆုံမှုတွင် အစ္စလာမ် ကမ္ဘာ၏ အဓိက အစောင့်တပ် အဖြစ် အီရန်အား မိတ်ဆက်ပေးခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအား ထောက်ခံရာတွင် မွတ်စလင်မ် များ၏ စည်းလုံးညီညွတ်မှုကို အလေးပေး ပြောကြားခဲ့ပြီး အီရန်၏ ဒုံးကျည်စွမ်းအားနှင့် ဒေသတွင်း ညီမျှခြင်းများအပေါ် ၎င်း၏ သက်ရောက်မှု များကို ထောက်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်အမျိုးသား ဉာဏ်ပညာလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် H.I ဆယက်ဒ် အမါရ်  ဟကီးမ် သည် အီရန် အရာရှိများ နှင့် တွေ့ဆုံဆွေးနွေးရန် သောကြာနေ့ညနေပိုင်းတွင် တီဟီရန်မြို့သို့ရောက်ရှိခဲ့ပါတယ်။ ရောက်ရောက်ချင်း သူ H.I ဆယက်ဒ် အမါရ်  ဟကီးမ် သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအား တည်ထောင်သူအား အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဂူဗိမာန် သို့ သွားရောက် ဇေယာရသ် ပြု ဂါရဝ ပြုခဲ့ပါတယ်။တစ်ချိန်တည်း တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဂူဗိမာန် ၏ ဂေါပက လူကြီး H.I ဆယက်ဒ် ဟစန် ခိုမေနီ   နှင့်လည်း  တွေ့ဆုံခဲ့ပါတယ်။

ဆက်လက်ပြီး H.I ဆယက်ဒ် အမါရ်  ဟကီးမ် မကြာသေးမီက အစ္စရေး နှင့် အီရန် ၁၂ ရက်ကြာစစ်ပွဲအတွင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ရှီအဟ် နှင့် စွန်နီမွတ်စလင်အားလုံး ၏ စည်းလုံးညီညွတ်မှုအပေါ် ထောက်ပြခဲ့ပြီး ဇီယွန်ဝါဒီအစိုးရကို မုန်းတီးသော မွတ်စလင်မ်များသည် ဤအစိုးရကို ခုခံကာကွယ်ပြီး ဆန့်ကျင်တိုက်ခိုက်သည့်နိုင်ငံကို ထောက်ခံအားပေးခဲ့ကြကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန်ကို ဇီယွန်နစ်အစိုးရ၏  အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော  ပျက်စီး ဆုံးရှုံးမှုများ အား အီရန်သည် လျင်မြန်စွာ ပြန်လည်ထမြောက်လာနိုင်ခဲ့သည့် အတွက် အံ့အား စရာဖြစ်ကြောင်း  အီရတ်အမျိုးသား ဉာဏ် ပညာလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် H.I ဆယက်ဒ် အမါရ်  ဟကီးမ်  က ပြောကြားခဲ့ပါတယ်။

ထို့ပြင် အီရန်၏ မိုင်းဆက်စွမ်းအားကြောင့် ဆိုဇီယွန် အစိုးရ၏ လေကြောင်းကာကွယ်ရေးစနစ်သည် ထိခိုက်ခဲ့ကြောင်းဇီယွန်  အစိုးရသည် မိမိ ၏ တိုက်ခိုက်မှုများ မအောင်မြင်တော့သောကြောင့် အီရန်အတွင်း ပြင်းထန်သော မတည်ငြိမ်မှုများ ဖြစ်ပွားစေရန် ကြိုးပမ်းနေ ကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

နိဂုံးချုပ်အားဖြင့် H.I ဆယက်ဒ် အမါရ်  ဟကီးမ် မှ အီရန်အား အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် အစ္စလာမ် ကမ္ဘာ၏ ရှေ့တန်းခံတပ်ဖြစ်ကြောင်း ဇီယွန်ဝါဒီအစိုးရ နှင့် တိုက်ပွဲတွင် အီရန်အား အားနည်းသွားပါက ဒေသတစ်ခုလုံး ဒုက္ခရောက်မည်ကို ယနေ့ ဒေသတွင်း နိုင်ငံများက ခံစားနေကြပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha