အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ အရ ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန်များ ၏ တင့်ကားဖျက်ဒုံးပျံဖြင့် ဇီယွန်ဝါဒီ အရာရှိတစ်ဦး သေဆုံးပြီး စစ်သားငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဟီဘရူးမီဒီယာကို ကိုးကား၍ အလ် အာလန်မ် သတင်း ဌာန က ဖော်ပြခဲ့ကြောင်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် ဤခုခံစစ်ဆင်ရေးအပြီးတွင် အစ္စရေးစစ်ရဟတ်ယာဉ်များသည် ဧရိယာအတွင်း နိမ့်သောနေရာများ ၌ ပျံသန်းနေသည်ကို မြင်တွေ့ခဲ့ရပါတယ်။
ဇီယွန်ဝါဒီ ထောက်ပံ့ရေးယူနစ်က ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့နဲ့ ဒဏ်ရာရသူတွေကို လွှဲပြောင်းပေးဖို့ ဧရိယာကို ဇီယွန်ဝါဒီ ထောက်ပံ့ရေးတပ်ဖွဲ့က ရောက်ရှိချိန်မှာ ပါလက်စတိုင်းလူငယ်များက မိမိတို့အား ပစ်မှတ်ထားခဲ့တယ်လို့ ဆိုကြောင်း သတင်းတွေရှိပါတယ်။
တိုက်ခိုက်မှုအတွင်း ဇီယွန်ဝါဒီများ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းနှင့် ပတ်သက်၍ ဇီယွန်များ မှ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။ ဂါဇာတွင် လှုပ်ရှားနေသည့် ဟားမတ်စ်အဖွဲ့မှ ဇီယွန်ဝါဒီများအား စစ်အင်အား သုံးပြီး ဇီယွန် အကျဉ်းသားများကို လွှတ်ပေးရန် ကြိုးစားပါက ကျိန်းသေပေါက် ကျရှုံးလိမ့်မည်ဖြစ်ကြောင်း သတိပြု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment