၁ အောက်တိုဘာ ၂၀၂၅ - ၀၉:၂၁
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ  ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ပေးပို့

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ဇနီး အလ္လာဟ်အမိန့်တော် ခံယူသွားသည့် အတွက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ဝမ်းနည်းကြောင်းသဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ ဖော်ပြချက်အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ဇနီး အလ္လာဟ်အမိန့်တော် ခံယူသွား မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ပါတယ်။  ဝမ်းနည်းကြောင်း သဝဏ်လွှာ ၏စာသားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မာန်နေရ်ရဟီးမ်

ဟဇရသ် အာယာသွလ္လာဟ် အာဂါယေ အလ်ဟာဂျ် ဆယက်ဒ် အလီ စစ်သာနီ ( ဒါမသ်ဗရ်ကာသိုဟ် )

လူကြီးမင်း၏ ဇနီးဖြစ်သူ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် ကွယ်လွန်သူအတွက် အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော် နှင့်  မဂ်ဖေရသ် (ခွင့်လွှတ်ခြင်း ) များ ရရှိရန် ဆုတောင်းပေး ကြောင်း ပြော ကြား အပ်ပါသည်။

ဆယက်ဒ်အလီ ခါမေနာအီ

စက်တင်ဘာလ ၂၉ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha