အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Dunyanews ၏ အစီရင်ခံစာအရ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွား ရာနေရာသို့ ချက်ချင်းရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် ရုပ်အလောင်းများကို DA ဆေးရုံ ကိုဟာဒ် သို့ ပို့ဆောင် ပေးခဲ့ပါတယ်။
ကယ်ဆယ်ရေးအရာရှိများ၏ အဆိုအရ သေဆုံးသူများတွင် ဟစန်၊ ဇာဟေရ် ဂဖူရ် နှင့် မာမူရ် တို့ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဆိုထားပါတယ်။
ရဲတပ်ဖွဲ့၏ အဆိုအရ ယင်းဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေးရန်ငြိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပုံရကြောင်း နှင့် ထိုဒေသတွင် တင်းမာမှုများရှိနေသောကြောင့် ရဲတပ်ဖွဲ့ဝင်များစွာကို ဖြန့်ကျက်ထားပြီး ပစ်ခတ်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရန် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment