၂၁ ဒီဇင်ဘာ ၂၀၂၅ - ၀၁:၁၅
မီဒီယာ နှင့် အတွေးအခေါ်တပ်ဦး သည် ယနေ့ခေတ်၏ အကြီးမားဆုံးတိုက်ပွဲဖြစ် ကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် စအီဒီ မိန့်ကြား

ကွမ်းမြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ က လက်ရှိ ခေတ်တွင် ရန်သူကို တိုက်ခိုက်ရာတွင် အရေးကြီးဆုံးတပ်ဦးသည် မီဒီယာနှင့် ဉာဏ်ရည်ဉာဏ်သွေးစစ်ပွဲဖြစ်ပြီး စိတ်နှင့်နှလုံးသားများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဤနယ်ပယ်တွင် တိတ်ဆိတ်စွာကြည့်ရှုနေရန် ခွင့်မပြုကြောင်းမိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ရောင်ဇာတော် ၏ ဂေါပက လူကြီးလည်း ဖြစ် ကွမ်းမြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် လည်း ဖြစ်သည့် အာယာသွလ္လာဟ် ဆယက်ဒ်  မိုဟမ္မဒ် စအီဒီ က သောကြာနမာဇ် ခွသ်ဗဟ် တွင်  အစ္စလာမ်အတွေးအခေါ်၊ ဘာသာရေးတာဝန်ဝတ္တရားများနှင့် ကမ္ဘာ့အခြေအနေများနှင့် ဆက်စပ်သော အရေးကြီးသောအချက်များကို ဟောကြား တင်ပြရင်း ရန်သူ၏ ယနေ့ အဓိကကြိုးပမ်းမှုမှာ မှားယွင်းသော ဝါဒဖြန့်ချိရေး နှင့် မီဒီယာများ မှ တစ်ဆင့် အစ္စလာမ် တန်ဖိုးများ ၊ ဘာသာရေးအမှတ်အသား၊ သီလစင်ကြယ်မှု၊ ဣန္ဒြေနှင့် ယုံကြည်မှုစိတ်ဓာတ်ကို အားနည်းစေရန်ဖြစ်သည် ဖြစ်ကြောင်း ထို့ကြောင့် ဤနယ်ပယ်တွင် ကာကွယ်ရေးဗျူဟာတစ်ခုတည်းဖြင့် မလုံလောက်သော်လည်း စနစ်တကျ၊ သတိရှိပြီး တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

မီဒီယာစစ်ပွဲဟာ အတိုင်းအတာတစ်ခုအထိ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတဲ့ ပြင်းထန်တဲ့စစ်ပွဲ တစ်ခုဖြစ်ကြောင်း ဆက်လက်  ရှင်းလင်းမိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ်  မိုဟမ္မဒ် စအီဒီ ၏ အဆိုအရ ဤနယ်ပယ်တွင် တိတ်ဆိတ်နေပါက သူသည် အရေးကြီးသော ဘာသာရေးတာဝန်မှ အမှန်တကယ် ဆုတ်ခွာနေခြင်း ဖြစ်ကြောင်း ရန်သူသည် အယူဝါဒများကို တိုက်ခိုက်ရုံသာမက အစ္စလာမ်လူ့အဖွဲ့အစည်း၊ မိသားစုစနစ်နှင့် ကိုယ်ကျင့်တရားတန်ဖိုးများကိုလည်း ပစ်မှတ် ထား တိုက်ခိုက် နေကြောင်း မိန့်ကြား ခဲ့ပါတယ်။

ကွမ်းမြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် က တမန်တော်မြတ် (ဆွ) ၏ အအေမဟ် အဲဟ်လေ့ဘိုက်(သ) (အ.စ) များ၏  ရုန်းကန်မှုကို သမိုင်းကြောင်းအရ ဖော်ပြခဲ့ပြီး အေမာမ်များ (အ.စ) ၏ ဘဝများကို အဓိက အဆင့်သုံးဆင့် ခွဲခြားနိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပထမအဆင့်မှာ အစ္စလာမ်ဘာသာကို သွေဖည်မှုမှ ကာကွယ်ရန်ဖြစ်ပြီး တမန်တော်မိုဟမ္မဒ် (ဆွ)  ပြီးနောက် စတင်ခဲ့ပါတယ်။

ဒုတိယအဆင့်မှာ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) လက်ထက်တွင် စတင်ခဲ့ပြီး ရှီအဟ် အတွေးအခေါ်အတွက် ရှင်းလင်းသော ဉာဏပညာနှင့် ပညာရှင်ဆိုင်ရာဖွဲ့စည်းပုံကို တည်ထောင်ရန်ဖြစ်ပြီး စစ်မှန်သော အစ္စလာမ်ဘာသာ ကို မျိုးဆက်တစ်ခုမှတစ်ခုအထိ ထိန်းသိမ်းနိုင်ရန် ပြုခဲ့ခြင်း ဖြစ်ပါတယ်။

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ အကြီးမားဆုံးအောင်မြင်မှုကတော့ ပညာရေး၊ သွန်သင်မှု နှင့် တပည့် ပျိုးထောင် ပေးခြင်းတွေကတစ်ဆင့် ဘာသာရေးကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖြန့်ဝေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အာယာသွလ္လာဟ် မှ မိန့်ကြားခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ်ကို အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင် (ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ) ကလည်း အလေးပေးပြောကြားနေသည့် ယနေ့ခေတ်မှာ “ဂျေဟာဒ်ဒေ သဗ်ယီးန် ” လို့ ခေါ်ဆိုကြောင်း ဆက်လက် မိန့်ကြားခဲ့ပါတယ်။

အေမာမ် အလီ နကီ (အ.စ) ၏ အတ္ထုပ္ပတ္တိကို ရည်ညွှန်း၍ အာယာသွလ္လာဟ် ဆယက်ဒ်  မိုဟမ္မဒ် စအီဒီ က တင်းကျပ်သော စောင့်ကြည့်မှုနှင့် ဖိနှိပ်မှုပတ်ဝန်းကျင်တွင်ပင် အေမာမ် အလီ နကီ (အ.စ) သည် စနစ်တကျ စည်းရုံးလှုံ့ ဆော်ရေး ကွန်ရက်မှတစ်ဆင့် ရှီအဟ် များနှင့် အဆက်အသွယ်ရှိနေခဲ့ပြီး နောင်လာမည့် ခက်ခဲသော အခြေအနေများအတွက် ဉာဏ်ရည်ဉာဏ်သွေးကို ပြင်ဆင်ပေးခဲ့ ကြောင်း ဒါဟာ ဘာသာ ရေးခေါင်းဆောင်များ ၏  အခြေအနေများ ၏ ဖိအားကို ဘယ်တော့မှ အလျှော့မပေးဘူးဆိုတာသည့် လက္ခဏာတစ်ရပ် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ရဂျဗ်လ ရောက်ရှိလာတော့မည် ဖြစ်၍  ဤလသည် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဆောင်ရန်၊ ဆုတောင်းရန် ၊ ဝတ်ပြုရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ရှအ်ဗာန် လနှင့် ရမ်ဒွါန် လမြတ် အတွက် ပြင်ဆင်ရန် လမ်းစဖြစ်ကြောင်း ကွမ်းမြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် မှ ထပ်လောင်း ဟောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟဇရသ် အီစာ (ခ) သခင် ယေရှု (အ.စ) မွေးဖွားခြင်းအကြောင်း တရားဒေသနာများတွင် ဖော်ပြစဉ် သခင် ယေရှု (အ.စ) သည် မိမိ ၏ ဘဝတစ်လျှောက်လုံး ဖိနှိပ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဆိုင်ခဲ့ရပြီး ယနေ့ တိုင် ကမ္ဘာကြီးသည် ဖိနှိပ်သူနှင့် ရန်လိုသောအင်အားစုများ၏ ဖိနှိပ်မှုကို ခံစားနေရကြောင်း ဟောကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် မှ ခရစ်ယာန် ဘာသာဝင် များအား  မတရား ရက်စက် ဖိနှိပ်သူများ၏ လမ်းကြောင်း နှင့် မိမိ တို့၏ လမ်းကြောင်း ကို ခွဲထားရန် တိုက်တွန်းဟောကြား ခဲ့ပါတယ်။

နောက်ဆုံးတွင် ကွမ်းမြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် က တမန်တော်မြတ် (ဆွ) ၏ တာဝန်များကို စူရာဖသ်ဟ် ၏ အာယသ်တော် များအရ ရှင်းပြဟောကြားတော်မူရင်း တမန်တော်မြတ် (ဆွ) ၏ အလုပ်မှာ သတင်းကောင်း ပေးရုံသာမက အန္တရာယ်များကို သတိပေးရန်လည်းဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့ အစည်းသည် မကြာခဏ သတိပေးချက်များ ပိုမိုလိုအပ်သောကြောင့်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha