အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဲဟ်မဒ် ဝဟီဒီက ဇီယွန်ဝါဒီအစိုးရသည် ၁၂ ရက်ကြာစစ်ပွဲတွင် ရှုံးနိမ့်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ အထီးကျန်မှုကို ဖုံးကွယ်ရန်အတွက် ခြိမ်းခြောက်မှုများ၊ မီဒီယာဝါဒဖြန့်ချိရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများ ကို အားကိုးနေကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ခရီးစဉ်အတွင်း အမေရိကန်နှင့် အီရန်အပေါ် လက်ရှိ ခြိမ်းခြောက်မှု များနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး အဲဟ်မဒ် ဝဟီဒီက အာရပ်ထုတ်လွှင့်ရေးကုမ္ပဏီနှင့် စကားပြောဆိုရာတွင် ဇိုင်ယွန်ဝါဒီအစိုးရသည် လက်တွေ့အခြေအနေများကို ပျက်ပြယ်စေရန် စိတ်ဓာတ်စစ်ပွဲကို အားကိုးနေကြောင်း အစ္စရေးသည် အခြေအနေမှန်နှင့် မကိုက်ညီသော အထင်အမြင်တစ်ခုကို ဖန်တီးရန် ကြိုးစားနေကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ် အဲဟ်မဒ် ဝဟီဒီ ကအစ္စရေးသည် အီရန်နှင့် ရင်ဆိုင်ရာတွင် ရည်မှန်းချက်များ မအောင်မြင်ပြီးနောက် ပြည်တွင်းရေးနှင့် မဟာဗျူဟာဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရကြောင်း ပြောကြား ခဲ့ပါတယ်။
အစ္စရေးသည် ပိုမိုအထီးကျန်လာပြီး ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရကြောင်း အီရန်သည် ဒေသတွင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေသည် ဖြစ်၍ ဇီယွန်ဝါဒီများ၏ ကြေညာချက်များနှင့် ဝါဒ ဖြန့်ချိရေးလှုပ်ရှားမှုများသည် အကျိုးဖြစ်ထွန်းမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး အဲဟ်မဒ် ဝဟီဒီက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment