၂၉ ဒီဇင်ဘာ ၂၀၂၅ - ၀၉:၂၆
ဂါဇာနှင့် လက်ဘနွန်ရှိ အရပ်သားများအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် အီရန်နှင့် ကာတာတို့ တောင်းဆို

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ကာတာဝန်ကြီးချုပ် နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ်ရဲဟ်မာန် အာလေ စာနီ တို့သည် ပါလက်စတိုင်း၊ လက်ဘနွန်နှင့် ယီမင်နိုင်ငံတို့တွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အရေးပါသော တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ကာတာဝန်ကြီးချုပ် နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ် ရဲဟ်မာန် အာလေ စာနီ တို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲများအတွင်း ဝန်ကြီးနှစ်ဦးသည် ပါလက်စတိုင်းနှင့် လက်ဘနွန်နိုင်ငံတို့တွင် ဖြစ်ပွားနေသော ဆိုးရွား သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ အစ္စရေးအစိုးရသည် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် များကို ဆက်လက်ချိုးဖောက်နေပြီး ဂါဇာနှင့် လက်ဘနွန်ရှိ အရပ်သားများ၊ ဆေးရုံများနှင့် လူနေရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်နေခြင်းအပေါ် ၎င်းတို့က ဝမ်းနည်းရ ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးသည် အစ္စရေးအနေဖြင့် ကတိများကို လိုက်နာရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ တရားမဝင် သိမ်းပိုက်မှုနှင့် နယ်ချဲ့လိုသော ရည်မှန်းချက်များမှ ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက အစ္စရေးကို ဖိအားပေး အကျပ်ကိုင် ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ်ရဲဟ်မာန် အာလေ စာနီ  တို့သည် ယီမင်နိုင်ငံ၏ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ ဝန်ကြီးနှစ်ဦးသည် ယီမင်၏ နယ်မြေတည်တံ့ခိုင်မြဲမှု၊ စည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး ဒေသတွင်းတည်ငြိမ်မှုသည် နိုင်ငံအားလုံးအကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက် မှုနှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုအပေါ် မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha