၃၁ ဒီဇင်ဘာ ၂၀၂၅ - ၂၀:၀၈
အစ္စရေးသည်အီရန်လက်ချက်ဖြင့်အကြီးအကျယ်ဆုံးရှုံးမှုများခံစားခဲ့ရပြီးတကယ့်ကိန်းဂဏန်းများကိုဖုံးကွယ်ထားဆဲဖြစ်ကြောင်းဗိုလ်ချုပ်ကြီးအဗ်ဒိုလ္လာဟ်ဟီကပြောကြား

ခါသန်မ်မိုလ်အန်ဗီယာ (ဆွ) ဗဟိုဌာနချုပ် ဗိုလ်ချုပ်ကြီး အလီ အဗ်ဒိုလ္လာဟ်ဟီ က ၁၂ ရက်ကြာစစ်ပွဲအတွင်း ဇီယွန် (ခ)အစ္စရေး အစိုးရသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြင်းထန်သောထိုးနှက်မှုကို ခံစားခဲ့ရသော်လည်း ဆင်ဆာ ဖြတ်တောက်မှုများမှတစ်ဆင့် မိမိ တို့၏ အမှန်တကယ်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို ဖုံးကွယ် ထား ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဗိုလ်ချုပ်ကြီး အလီ အဗ်ဒိုလ္လာဟ်ဟီက   ဇိုင်ယွန်ဝါဒီအစိုးရသည် ဤစစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ပြင်းထန်ပြီး ထိရောက် သော ထိုးနှက်ချက်များကို ခံစားခဲ့ရသော်လည်း အစ္စရေး အာဏာပိုင်များသည် မိမိ တို့၏ ဆုံးရှုံးမှုများနှင့် အီရန်၏ လက်စားချေမှု၏ အကျိုးသက်ရောက်မှုများကို လူထု မသိအောင် ဖုံးကွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဤပြင်းထန်သောဆုံးရှုံးမှုများကြောင့် ဇီယွန်ဝါဒီအစိုးရသည် တစ်ဖက် သတ်အပစ် အခတ် ရပ်စဲရေးကို တောင်းဆို ခဲ့ ရကြောင်း  အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည်လည်း စစ်ပွဲ သို့မဟုတ် စစ်ရေးပဋိပက္ခအတွက် မည်သည့် အခါမျှ ဆန္ဒမပြုခဲ့ကြောင်း  ပြောကြားခဲ့ပါတယ်။

ထပ်လောင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးသည် အီရန်အပေါ် ပွင့်လင်းမြင်သာပြီး မတရားသော ရန်လိုမှုတစ်ခု စတင်ခဲ့ကြောင်း၊ ထိုအချိန်က တီဟီရန်နှင့် ဝါရှင်တန်တို့အကြား နျူကလီးယားဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေချိန်တွင်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အလီ အဗ်ဒိုလ္လာဟ်ဟီ  က ပြန်ပြောင်းပြောပြခဲ့ပြီး ။ ဤရန်လိုမှုကြောင့် အနည်းဆုံး လူ ၁၀၆၄ ဦး ရှဟီးဒ် ဖြစ်ခဲ့ရ သည့် ၁၂ ရက်ကြာ စစ်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် အီရန်နျူကလီးယားစက်ရုံသုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက်ခဲ့ကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် သိမ်းပိုက်ထားသောနယ်မြေများနှင့် အနောက်အာရှတွင် အကြီးဆုံးအမေရိကန်စစ်စခန်းဖြစ်သော ကာတာနိုင်ငံရှိ အယ်လ်အူဒိုက်ဒ် လေတပ်စခန်းရှိ မဟာဗျူဟာမြောက်ပစ်မှတ်များကို ပစ်မှတ်ထားတုံ့ပြန်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၄ ရက်နေ့တွင် အီရန်သည် ဇီယွန်ဝါဒီအစိုးရနှင့် အမေရိကန်ပြည်ထောင်စု နှစ်ခုစလုံးအား အောင်မြင်သော တန်ပြန်တိုက်ခိုက်မှုများမှတစ်ဆင့် ၎င်းတို့၏ ရန်လိုမှုကို ရပ်တန့်ရန် ဖိအားပေးခဲ့ပြီး အီရန်၏ ကာကွယ်ရေး အင်အား နှင့် မဟာဗျူဟာမြောက် သာလွန်မှု၏ ရှင်းလင်းသော သက်သေဖြစ်ပြသခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အီရန် နှင့် အစ္စရေး တို့အကြား မိုးနဲ့မြေ ကွာခြားချက် တစ်ခု မှာ အီရန် သည် မိမိ ၏ ဗိုလ်ဖြစ်စေ ၊ ပညာရှင်ဖြစ်စေ ၊ အရပ်သား ဖြစ်စေ ရှဟီးဒ် ဖြစ်သူများ ၏  ဗိုလ်များ နှင့် ပညာရှင်များဆို လျင် အမည် နှင့် တစ်ကွ အရပ်သားများဆိုလျင် အရေအတွက် အတိအကျ ဖော်ပြ ဂုဏ်ယူပြီး အစ္စရေးကတော့ ဖုံးကွယ်ခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha