၄ ဇန်နဝါရီ ၂၀၂၆ - ၁၀:၄၇
အမေရိကန်၏ ဗင်နီဇွဲလားအပေါ် စစ်ရေးကျူး ကျော်မှု ကို အီရန် နိုင်ငံခြားရေးဝန်ကြီး က ပြင်းထန်စွာ ရှုတ်ချ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်စစ်တပ်က ကျူးကျော်ဝင်ရောက်မှုနှင့် တရားဝင်သမ္မတအား ပြန်ပေးဆွဲမှုတို့ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ၎င်း၏ ဗင်နီဇွဲလားသမ္မတနိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးတို့သည် တယ်လီဖုန်းဖြင့် အမေရိကန်၏ စစ်ရေးကျူးကျော်မှုအပြီး နောက်ဆုံးအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ ဗင်နီဇွဲလားအပေါ် စစ်ရေးအရ ကျူးကျော်မှုနှင့် နိုင်ငံ၏ တရားဝင် သမ္မတ နှင့် ၎င်း၏ဇနီးကို ပြန်ပေးဆွဲမှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်သည် နိုင်ငံတော်အကြမ်းဖက်မှု၏ ရှင်းလင်းသော ဥပမာတစ်ခုဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားဆန္ဒကို ပွင့်လင်းစွာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံသည် ဗင်နီဇွဲလားပြည်သူများနှင့် ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရအပေါ် ထောက်ခံမှုကို အလေးပေးပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက ဗင်နီဇွဲလားနိုင်ငံနှင့် စည်းလုံးညီညွတ်မှုကို ဖော်ပြရာတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ မူအရရပ်တည်ချက်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဗင်နီဇွဲလားပြည်သူများနှင့် အစိုးရသည် အမေရိကန်၏ အနိုင်ကျင့်မှုနှင့် တရားမဝင်မူဝါဒများကို ဆန့်ကျင်၍ အမျိုးသားအချုပ်အခြာအာဏာနှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha