အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန နှင့် အလ်ဂဒီးရ် သတင်းဌာနတို့ ၏ အစီရင်ခံစာအရ အီရတ်သမ္မတ အဗ်ဒိုလ်လသီးဖ် ရရှီးဒ် သည် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ကွတ်ဒ်စ် တပ် ၏ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆိုလိုင်း မါနီ နှင့် အဘူမဲဟ်ဒီ မိုဟန်ဒဟ် တို့၏ အာဇာနည်အဖြစ် ကျဆုံးခြင်း ခြောက်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားရာတွင် အာဇာနည်ဗိုလ်ကြီးများ သည် ဒေသတွင်းဒီမိုကရေစီအပြင် နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်ရေး ကို ခိုင်မာစေရန် ခိုင်မာသောခြေလှမ်းများ လှမ်းခဲ့ကြသည်ဟု ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရတ်နိုင်ငံနှင့်အတူ အာဇာနည် အဘူမဲဟ်ဒီ မိုဟန်ဒဟ် ၏ ရဲရင့်သော အခန်းကဏ္ဍနှင့် အာဇာနည် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆိုလိုင်း မါနီ ၏ ခိုင်မာတည်ကြည်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရတ်သမ္မတက ၎င်းတို့၏ ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများကို မမေ့ရန်နှင့် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန်မှာ ကျွန်ုပ်တို့အားလုံး၏ အမျိုးသားရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ကွတ်ဒ်စ် တပ် ၏ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ကာစင်မ် ဆိုလိုင်း မါနီ နှင့် အီရတ်ပြည်သူ့လှုပ်ရှားမှုတပ်ဖွဲ့ (PMF) ၏ သူလက်ထောက် အာဇာနည် အဘူမဲဟ်ဒီ မိုဟန်ဒဟ် တို့အား အောက်မေ့ ဖွယ်အခမ်း အနားကို တနင်္ဂနွေနေ့က ဘဂ္ဂဒက်တွင် ကျင်းပခဲ့ပြီး အီရတ်ထိပ်တန်းအရာရှိများ တက် ရောက်ခဲ့ ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment