၁၇ ဇန်နဝါရီ ၂၀၂၆ - ၁၅:၀၁
အာရပ်နိုင်ငံများ အီရန်ပြည်တွင်းရေး ကိစ္စ ကို ဝင်ရောက် စွက်ဖက်ခြင်း မရှိသည့်အပေါ်  အစ္စရေး ဒေါသဖြစ်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ဤကဲ့သို့ ဖြစ်အောင် အဓိက လုပ်ဆောင်ခဲ့သူများမှာ အမေရိကန် သမ္မတ ၊ အစ္စရေး နှင့် အီရန် ပြည်ပြေး ဂျဝစ်ဒ်ရှားဟ်တို့ကြောင့် ဖြစ်ပါတယ်။ အာရပ်နိုင်ငံများ အနေဖြင့် ဤ ဆူပူအကြမ်းဖက်မှုများ တွင်ပါဝင် လှုပ်ရှားမှု မပြုခဲ့သည့် အပေါ် အစ္စရေး မှ ဒေါသထွက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အစ္စရေး သတင်းရင်းမြစ် များ မှ အာရပ်နိုင်ငံများအားလုံး အနေဖြင့် အီရန်နိုင်ငံ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများ တွင်ပါဝင် လှုပ်ရှားမှု မပြုခဲ့ကြောင်း ဆိုထားပါတယ်။ ပါဝင်လှုပ်ရှားခြင်း မပြုကြသည့် အပြင် အာရပ်နိုင်ငံပေါင်း ၂၂ နိုင်ငံ မှ  နိုင်ငံခြားရေး ဝန်ကြီး ဌာနများ မှ အီရန်နိုင်ငံ ၏ ပြည်တွင်း‌ရေး ကိစ္စ သည်  ၎င်းနှင့် ဆိုင်ပြီး မည်သည့်နိုင်ငံ မှ ကြားဝင် စွက်ဖက် ပိုင်ခွင့် မရှိကြောင်း ကြေညာချက် ကို ထုတ်ပြန်ခဲ့ကြပါတယ်။

သတင်းအရင်းအမြစ်များ အရ အစ္စရေး အနေဖြင့် မိမိ လက်သတ်မွေးထားသည့် သူလျှို များ ၏  အကူအညီ ဖြင့် အီရန် နိုင်ငံ အတွင်း သာမန် ဆန္ဒပြမှုမှ ဆူပူအကြမ်းဖက်မှုများ အဖြစ် ရောက်အောင် အစွမ်းကုန် ကြိုးပမ်း ခဲ့ပါတယ်။ အစ္စရေး အနေဖြင့် ယုတ်စွ ဆူပူအကြမ်းဖက်မှုများ ဖြစ်ခဲ့သည့်နေရာများတွင် မိမိတို့ မော့ဆက် သူလျှိုများ ရှိနေခဲ့ ကြောင်း  ပွင့်လင်း ထင်ရှားစွာ ကြေညာခဲ့ပါတယ်။

အစ္စရေး သတင်းရင်းမြစ် များ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  လက်ဘနွန် နိုင်ငံသို့ လာရောက်ခဲ့မှုအပေါ်လည်း  အစ္စရေး ဒေါသ ဖြစ်ခဲ့ ကြောင်း သိရှိရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha