အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်ရှိ အစ်ခ်ဝါန်နိုလ်မွတ်စလမီးန် မှ အစ္စလာမ်တော်လှန်ရေးကို ထောက်ခံပြီး အမေရိကန်နှင့် ဇီယွန်ကို ဂျေဟာဒ် ပြုရန် ဖိတ်ခေါ် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်
အစ္စလာမ်၏ ကြီးမားသည့် နောက်လိုက်အပေါင်းတို့
စလာမ်မွန်းန်အလိုင်းကွမ်းဝရဟ်နသွလ္လာဟ်ဟေဝဗရကသိုဟ်
ယခုအခါ အစ္စလာမ်ဘာသာဝင်များ သည် မိမိတို့၏ သမိုင်းတွင် အရေးပါသော အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး၊ ဖျက်ဆီးတတ်သော အမေရိကန်နှင့် ကျူးကျော်သိမ်းပိုက်ထားသော ဇီယွန်ဝါဒီစနစ်တို့၏ ရက်စက် ယုတ်မာစွာ ပူးတွဲ တိုက်ခိုက်မှု ရာဇဝတ်မှု ကြောင့် ဖြစ်ပါသည်။ ၎င်းတို့သည် အလအအက်ဆွာ (မုန်တိုင်းစစ်ဆင်ရေး ) တိုက်ပွဲအတွင်း ဤလူမဆန်သော စနစ်နှစ်ခု၏ အဆိုးရွားဆုံး အရှက်ရမှုနှင့် မျက်နှာပျက်မှုကို မြင်တွေ့ခဲ့ ရသော်လည်း သင်ခန်းစာ မယူခဲ့ကြပေ။ ဤတစ်ကြိမ်တွင်လည်း ၎င်းတို့သည် အလ္လာဟ်ဟို အရှင်၏ ခွင့်ပြုချက်ဖြင့် မကြာမီ အရှက်ရဖွယ်ကောင်းပြီး အရှက်တရားကြီးမားသော ရှုံးနိမ့်မှုနှင့် အားနည်းသည့် အရသာ ကို ခါးသီးစွာ မြည်းစံရလိမ့်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အစ်ခ်ဝါန်နိုလ်မွတ်စလမီးန် သားများ ဖြစ်ပြီး ဤမြင့်မြတ်သော ဂျေဟာဒ် တွင် အစ္စလာမ် ဘာသာဝင်များ နှင့် အီရန်၏ ရဲရင့်သော သားများနှင့်အတူ ရပ်တည်သွားမည် ဖြစ်ပါသည်။ အစ္စလာမ် သမိုင်း တစ်လျှောက် အစ္စလာမ်အတွက် ကြီးမားသော ပညာရှင်များနှင့် အတွေးအခေါ်ပညာရှင်များကို ပေးအပ်ခဲ့သော ဖာစ် (အီရန်) မြေနှင့်၊ ဤမြေတွင် အေမာမ် ဘူခါရီ ၊ အေမာမ် မွတ်စလင်၊ နှင့် အေမာမ် အဘူဟနီဖာ (သူတို့အပေါ် အရှင်မြတ် ၏ ကရုဏာသက်ရောက်ပါစေ) နှင့် အခြားသော ပညာရှင်၊ အတွေး အခေါ်ပညာရှင်၊ အာဗါဒ်များ ၊မိုဂျာဟစ်ဒ်များ ထောင်ပေါင်းများစွာ ထွန်းကားခဲ့ပါသည်။ ဤမြေမှ စတင်ခဲ့သော မြင့်မြတ်သော ဂျေဟာဒ် ဖြင့် ဤဖောက်ပြန်သော ဇီယွန်ဝါဒီစနစ် ပြိုလဲကျခြင်းကို ကျွန်ုပ်တို့ မြင်တွေ့ရမည့်အချိန် ကျရောက်ပြီဖြစ်ပြီး၊ ဤသည်မှာ အလ္လာဟ်အရှင်၏ ကတိတော် ဖြစ်ပါသည်။
အစ္စလာမ် ဘာသာဝင်များတို့၏ ရည်မှန်းချက်နှင့် အယ်လ်ကွတ်ဒ်စ်ရှရီးဖ် ၏ လွတ်လပ်ရေးကို ကာကွယ်ရာတွင် နောက်ဆုံးအချိန်အထိ မိမိတို့၏ မှန်ကန်သော ရပ်တည်ချက်မှ တစ်လက်မမျှ မပြောင်းလဲခဲ့သော အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ ခေါင်းဆောင် ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနာအီ ၏ သူရဲကောင်းဘဝနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသော ရှဟာဒသ် အတွက် ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်။ ထို့အပြင်၊ ရာဇ၀တ်ကောင် ထရမ့်၏ မတရားသော တောင်းဆိုချက်များကို ငြင်းပယ်ခဲ့ ခြင်း အတွက် ကျွန်ုပ်တို့က ပါလက်စတိုင်း ရည်မှန်းချက်ကို ကာကွယ်ရာတွင် ရှဟီးဒ် အာယာသွလ္လာဟ် ၏ အဖိုးတန် သော ဝန်ဆောင်မှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။ ကျွန်ုပ်တို့သည် ရှဟီးဒ် အေမာမ် ဆယက်ဒ် ကိုသွ်ဗ် မိန့်ကြားခဲ့သကဲ့သို့ အနာဂတ်သည် အစ္စလာမ်၏ လက်အောက်တွင် ရှိနေသည်ဟု ယုံကြည်ကြောင်း ကြေညာအပ်ပါသည်။ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနာအီ သည် တော်လှန်ရေးမတိုင်မီ နှစ်များအတွင်း تفسیر فی ظلال القران الکریم စာအုပ်ကို ပါရှားန် ဘာသာသို့ ဘာသာပြန် ဆိုပေးခဲ့သူ နှင့် အစ်ခ်ဝါန်နိုလ်မွတ်စလမီးန် ၏ အတွေးအခေါ်များကို ပါရှားန် ဘာသာစကား ပြောသူများ သိရှိနားလည်စေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်ပါသည်။
အောင်ပွဲသည် အစ္စလာမ်ဘာသာဝင်များ၏ လက်ဝယ်တွင် ရှိနေပြီး၊ မွတ်စလင်မ် နိုင်ငံများ၏ ရာဇ၀တ်သား နှင့် သစ္စာဖောက် အစိုးရများအပေါ် ထာဝစဉ် အရှက်တရား၏ အစွန်းအထင်း ကျန်ရစ်ခဲ့မည်ဖြစ်ပါသည်။
တစ်ဖန် ကျွန်ုပ်တို့သည် အီရန်ရှိ ပညာရှင်များ၊ ထိပ်တန်းပုဂ္ဂိုလ်များ၊ အတွေးအခေါ်ပညာရှင်များ၊ နှင့် အစ္စလာမ်ဘာသာဝင် ဆွန်နီ အသိုက် အဝန်းတစ်ခုလုံးအား အမေရိကန်နှင့် ဇီယွန်ဝါဒီစနစ်၏ အကျိုး စီးပွားများ ပျက်စီးစေမည့် ကြီးကျယ် မြင့်မြတ် သည့် ဂျေဟာဒ်တွင် ပါဝင်ရန် သင့်အား တောင်းဆို အပ်ပါတယ်။ ဤအတွက် အောင်ပွဲ သို့မဟုတ် သူရဲကောင်းတစ်ဦးအဖြစ် ကျဆုံးခြင်းဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ်သည် အကြီးမြတ်ဆုံး ဖြစ်ပြီး ချီးမွမ်းထောပနာသမှု အားလုံးသည် အလ္လာဟ်ဟို အရှင်မြတ်အတွက် သာလျင် ဖြစ်ပါ တယ်။
အီရန်ရှိအစ်ခ်ဝါန်နိုလ်မွတ်စလမီးန်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment