အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကေရ်မာန် ခရိုင် စစ်ဦးစီးတပ်ဖွဲ့ ၏ ပြန်ကြားရေးဌာနမှ ယနေ့ မတ်လ ၄ ရက် ၂၀၂၆ ခုနှစ် နံနက် ၉:၁၅ တွင် ကေရ်မာန် မြို့အစွန်အဖျား၌ အမေရိကန်၊ ဇီယွန် ရန်သူပိုင် ဟဲမီးစ် ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အစ္စလာမ္မစ်သမ္မတနိုင်ငံအား ရည်ညွှန်း၍ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ကို လုပ်ကြံခဲ့သည့် အမေရိကန်နှင့် ဇီယွန် အစိုးရတို့၏ ပူးတွဲစစ်ရေးကျူးကျော်မှု သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ခင်းတွင် စတင်ခဲ့ပါတယ်။ ဤလုပ်ရပ်သည် ဒေသတွင်း နိုင်ငံအချို့၏ ကြားဝင်စေ့စပ်မှုဖြင့် အီရန်နှင့် အမေရိကန်တို့ကြား သွယ်ဝိုက်သော ဆွေးနွေးမှုများ ဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
သုံးသပ်သူများက ဤလုပ်ရပ်သည် အမေရိကန်သည် လက်တွေ့တွင် ဆွေးနွေးမှု၊ ယုံကြည်မှုတည်ဆောက်မှုနှင့် ငြိမ်းချမ်းစွာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ မူသဘောထားများကို လိုက်နာရန် လိုအပ်သည့် ကတိကဝတ် မရှိကြောင်းနှင့် နိုင်ငံရေးဖိအားပေးသည့် ကိရိယာအဖြစ် စစ်ရေးနည်းလမ်းကို ဆက်လက်အသုံးပြုနေကြောင်း ပြသနေသည်ဟု ယုံကြည်ကြပါတယ်။ တစ်နည်းအားဖြင့် အမေရိကန် နှင့် အစ္စရေး တို့သည့် ဆွေးနွေး မှုကို လိုလားကြသူများမဟုတ်ကြပဲ မိမိတို့ အကျိုး အမြတ် နှင့် ဗိုလ်ကျမှုကိုသာ လိုလားကြသည့် အကြမ်းဖက် အစိုးရ များ ဖြစ်ကြပါတယ်။
အကြမ်းဖက် အမေရိကန်နှင့် ဇီယွန် အစိုးရတို့၏ ပူးတွဲစစ်ရေးကျူးကျော်မှု စတင်ခဲ့သည့်နောက်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံမှ ပြတ်သားသော၊ ပစ်မှတ်ထားသော၊ နှင့် သင့်လျော်သော တုံ့ပြန်မှုကို လုပ်ဆောင် နေပြီး ဖြစ်ပါတယ်။ ဤတရားဝင် တုံ့ပြန်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း နိုင်ငံ အသီးသီးရှိ ဇီယွန်အစိုးရ၏ စစ်ရေးနှင့် လုံခြုံရေး နေရာများအပြင် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများနှင့် တပ်ဖွဲ့များ တပ်ချထားရာ နေရာများကို ဒုံးကျည်များ ၊ ဒရုန်းများ နှင့် လေကြောင်း တိုက်ခိုက်မှုများဖြင့် အတိအကျ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ တရားဝင်အာဏာပိုင်များက ဤဆောင်ရွက်မှုများသည် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း အခန်း ၅၁ အရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် (Right to Legitimate Defense) အတွင်းမှ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ရန်စမှုကို ဟန့်တားရန်၊ ကျူးကျော်မှု ဆက်လက်လုပ်ဆောင်ခြင်းကို တားဆီးရန်၊ နှင့် ကျူးကျော်သူများအပေါ် ကုန်ကျစရိတ်များ ရှိစေရန် ရည်ရွယ်ကြောင်း အလေးထားပြောကြားခဲ့ကြပါတယ်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ က မည်သည့် ကျူးကျော်မှု ဆက်လက်ပြုလုပ်ခြင်း သို့မဟုတ် ကျယ်ပြန့် လာပါက ပိုမိုပြင်းထန်သောနှင့် ကျယ်ပြန့်သော တုံ့ပြန်မှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment