၉ ဧပြီ ၂၀၂၆ - ၀၀:၀၀

အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ညလုံးပေါက်မအိပ်ခြင်း နှင့် ဆာလောင်ခြင်း ၏ ရလဒ်များ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲအ်လာန်မွန်ဒ်ီဒီးန်ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الهادی علیه السلام:

السَّهَرُ اَلَذُّ لِلمَنامِ وَ الجُوعُ يَزيدُ في طيبِ الطَّعامِ.

အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  ညလုံးပေါက်မအိပ်ခြင်း   အိပ်ငိုက်မှု ကို အရသာ ရှိစေပြီး ဆာလောင် မှု သည် အစားအစာ ကို အရသာ ရှိစေပါသည်။ »

ကျမ်းကိုး ။ ။ အဲအ်လာန်မွန်ဒ်ီဒီးန်ကျမ်း ၊ စာမျက်နှာ ၃၁၁

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  ညလုံးပေါက်မအိပ် လျင် အိပ်ငိုက်လာပြီး  အရမ်းအိပ်ချင်လာပြီး အိပ်ဖို့ အရသာ ရှိလာမည်ဖြစ်ပါတယ်။ သို့သော် ညလုံးပေါက်မအိပ် ခြင်းသည် ဟရာမ် အတွက် မဖြစ်ဖို့ တရားတော် မှ တိုက်တွန်းထားသည့် ညများ ဥပမာ ကဒ်ရ် ည စသည်ဖြင့် ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဆာလောင် လာလျင် အစားအစာများသည်လည်း အရသာ ရှိလာမည်။ ပမာအားဖြင့် ဟင်းအရွေးများသူပင် ဆာလောင်လာသည့် အခါ မရွေးတော့ဘဲ ရှိသည့် ဟင်းဖြင့် မြိန်ရေရှက်ရေ စားမည်ဖြစ်ပါတယ်။ ဤနေရာတွင်လည်း ဟရာမ် အစားအစာများ မဖြစ်ဖို့ အထူး ဂရုပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha