အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေတန်ယာဟု၏ ပြောကြားချက်အရ အီရန်၏ ယူရေနီယမ်သန့်စင်မှုနှင့် နျူကလီးယားဆိုင်ရာ လှုပ်ရှားမှုများကို တားဆီးရန် အစ္စရေးအနေဖြင့် သဘောတူညီချက်များမှတစ်ဆင့်ဖြစ်စေ၊ လိုအပ်ပါက အခြားနည်းလမ်းများဖြင့် ဖြစ်စေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်၊ အစ္စရေး နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများ အသိုင်းအဝိုင်းအတွင်း စိုးရိမ်မှုများ တိုးလာနေ သည့်အချိန်တွင် အစ္စရေး ဝန်ကြီးချုပ်၏ ယခုလို ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အကြမ်းဖက် အစ္စရေး သည် မိမိသာ နျူကလီးယားပိုင်ဆိုင်ရမည်ဖြစ်ပြီး မိမိ အား ကျွန်မခံသည့် အီရန်နိုင်ငံအား နျူကလီးယား မပိုင်ဖို့ စွပ်စွဲချက်မျိုးစုံ သုံး၍ တားရန် မအောင်မြင်သည့် ကြိုးပမ်းမှုပြုနေခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment