အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အမေရိကန်စစ်တပ်က မိမိ ၏ tweet တစ်ခုတွင် "MT Davina" အမည်ရှိ ရေနံတင် သင်္ဘောတစ်စင်းကို အိန္ဒိယသမုဒ္ဒရာတွင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်က နောက်ထပ်အချက်အလက်များကို မပေးခဲ့ပါ။
ထရမ့်၏ ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် အမေရိကန်စစ်တပ်သည် မိမိ ၏ရေတပ်အား အီရန် နှင့်ဆက်စပ်နေသော ကုန်သွယ်ရေးသင်္ဘောများကို ကြားဖြတ်တားဆီးရန် အမိန့်ပေးထားကြောင်း သတိပြု သင့်ပါတယ်။
အခြားတစ်ဖက်တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ရေတပ်က DDG-103 နှင့် DDG-8 အမည်ရှိ အမေရိကန် ရေတပ်စစ်သင်္ဘောနှစ်စင်းကို သတိပေးပစ်ခတ်မှုများဖြင့် အိုမန်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပြေးရန် အတင်းအကျပ်ခိုင်းစေခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဤသတိပေးတိုက်ခိုက်မှုများကို Qadeer ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြု၍ ပြုလုပ်ခဲ့ပါတယ်။
ရေတပ်၏ အဆိုအရ ဤသင်္ဘောများသည် အိုမန်ပင်လယ်တွင် မကောင်းသောလုပ်ရပ်များ ကျူးလွန်ရာတွင် ပါဝင် ပတ်သက်ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment