အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အမေရိကန်သမ္မတ၏ စော်ကားသော မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် အီရန်ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးညှိနှိုင်းရေးခန်းမမှ ထွက်ခွာပြီး မိမိတို့၏နေအိမ်သို့ ပြန်သွားခဲ့ကြောင်း သိရှိရပါတယ်။
ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်သည်နှင့် အမေရိကန်သမ္မတသည် ပို့စ်တစ်ခု ထုတ်ပြန်ပြီး အီရန်နှင့် အီရန်အရာရှိများအပေါ် မိမိ ၏စော်ကားမှုများနှင့် ခြိမ်းခြောက်မှုများကို ထပ်မံပြောဆိုခဲ့ကြောင်း မှတ်သား ထားသင့်ပါတယ်။
အီရန်နှင့် အမေရိကန်အကြား လက်မှတ်ရေးထိုးထားသော အစ္စလာမာဘတ် သဘောတူညီချက်အရ ခြိမ်းခြောက် မှုများ နှင့် ဟောပြောချက်များကို သဘောတူညီချက်ကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သတိပြု သင့်ပါတယ်။
စစ်ပွဲတွင် မအောင်မြင်ခြင်းနှင့် ဆွေးနွေးပွဲများ နှေးကွေးလာပြီးနောက် အမေရိကန်သမ္မတသည် ၎င်း၏ ယခင်ခြိမ်းခြောက်မှုများကို ထပ်မံပြောဆိုရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်ဟု လေ့လာသူများက ယုံကြည်ကြပါတယ်။နေတန်ယာဟု ၏ ဖိအားကြောင့် ဖြစ်နိုင်ခြေများပါတယ်။ အကြောင်း မှာ အစ္စရေး နဲ့ နေတန်ယာဟု ကို အထောက်ခံဆုံးနှင့် အထောက်အပံ့အပေးဆုံး အကူအညီဆုံး မှာ အမေရိကန် သမ္မတ များတွင် ထရမ့် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
အီရန်ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အကြီးအကဲ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်က ထရမ့်အား ၎င်း၏ဘာသာစကားကို ထိန်းချုပ်ရန် တောင်းဆို ခဲ့ပြီး အီရန်သည် နှုတ်ဖြင့်ပြောဆိုခြင်းမဟုတ်ဘဲ လက်တွေ့တွင် မိမိ ၏အင်အားကို ပြသကြောင်း သတိပေး ခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ကလည်း အီရန်သည် ဖိအားပေးမှုကို လိုက်လျောမည်မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း သတိပေးခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment