၁၁ ဇူလိုင် ၂၀၂၆ - ၂၃:၅၈
ထရမ့်သည် အီရန်၏ ပြင်းထန်သော “ပါးရိုက်ချက်များ” ကို စောင့်မျှော်ရတော့မည်ဟု အာရပ် သုံးသပ်သူ အဗ်ဒိုလ်ဘာရီ အသွ်ဝမ် ပြောကြား

အာရပ်သုံးသပ်သူများက “အာဇာနည် ခေါင်းဆောင်” ၏ နောက်ဆုံး ဈာပနအခမ်းအနားများ ပြီးဆုံးပြီးနောက်တွင် ထရမ့်အနေဖြင့် အီရန်၏ ပြင်းထန်သော “ပါးရိုက်ချက်များ” ကို စောင့်မျှော်ရတော့မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နာမည်ကျော် အာရပ်သုံးသပ်သူ အဗ်ဒိုလ်ဘာရီ အသွ်ဝမ် က သဘောတူညီချက် လက်မှတ်ရေးထိုးပြီး တစ်လမပြည့်မီကာလအတွင်း ထရမ့်သည် အီရန်အပေါ် ရန်လိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၁၄ ဦး အာဇာနည်ကျဆုံးပြီး ၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ထိုကာလအတွင်း ထရမ့်သည် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများနှင့် တန်ဖိုးများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်းလည်း ဆိုထားပါတယ်။

ပထမဦးစွာ အီရန်ခေါင်းဆောင်ပိုင်းကို မသင့်လျော်သော စကားလုံးများဖြင့် စော်ကားပြောဆိုခဲ့ပြီး ထို့နောက် အီရန်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မီးရထားတံတားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ထို့အပြင် ဘူရှဲဟ် အဏုမြူလျှပ်စစ်ဓာတ်အားပေးစက်ရုံ အနီးတဝိုက်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ အဏုမြူရောင်ခြည် ယိုစိမ့်ပျံ့နှံ့နိုင်ပြီး လူသောင်းပေါင်းများစွာ အာဇာနည်ကျဆုံးနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

အဗ်ဒိုလ်ဘာရီ အသွ်ဝမ် က လက်ရှိအချိန်တွင် အီရန်၏ ခွင့်ပြုချက်မရှိဘဲ ဟော်မုဇ်ရေလက်ကြားကို သင်္ဘော တစ်စင်း ပင် ဖြတ်သန်းနိုင်မည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ ထရမ့်အတွက် နောက်ထပ် “ပါးရိုက်ချက်” သည် ဗါဗိုလ်မန်ဒဗ် ရေလက်ကြားတွင် ဖြစ်လာ မည်ဖြစ်ပြီး ယခင်ထက် ပိုမိုပြင်းထန်မည်ဟု ဆိုပါတယ်။ ထို့ပြင် တတိယ “ပါးရိုက်ချက်” သည် အစ္စရေးအပေါ် အီရန်၏ ကြီးမားသော လက်တုံ့ပြန်မှု ဖြစ်လိမ့်မည်ဟုလည်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha